ဖရဲကားများအခြေအနေစုံစမ်းပြီးမှတက်ပါ ယနေ့နံနက်ပိုင်းမှစတင်၍၁၀၅မိုင်ကွင်းထဲကိုတရုတ်ဘက်ကလာရောက်ဝယ်ယူတဲ့ဖရဲကုန်သည်နည်းနေပြီးလာကြည့်သူတွေထဲကလည်းဖရဲအဝယ်မရှိသလောက်နည်းနေတယ်လို့ဆိုပါတယ်။ အချို့ဖရဲသီးတင်ကားတွေကတော့ကျင်စန်းကျော့ဘက်ဆင်းသွားပြီးရောင်းဖို့ထွက်ခွာသွားကြပေမဲ့ဖရဲကားတွေအများစုကတော့ ကွင်းထဲမှာဘဲအခြေအနေစောင့်ကြည့်နေပြီးမနက်ဖြန်များဆက်ရောင်းရမလားဆိုတဲ့မျှော်လင့်ချက်ထားနေကြရတာလို့ဆိုပါတယ်။ လောလောဆယ်၁၀၅မိုင်ကွင်းထဲမှာဖရဲကား ၁၀၀ခန့်သောင်တင်နေပြီး အရောင်းအဝယ်ရပ်တန့်လုနီးဖြစ်နေတယ်လို့ ကွင်းထဲမှာရှိတဲ့အေးဂျင့်တစ်ဦးကပြောပါတယ်။ ဖရဲကုန်သည်တွေ ဖရဲတင်ကားတွေအနေနဲ့အခြေအနေတွေကို စုံစမ်းလေ့လာပြီးမှတက်လာကြဖို့ သတင်းတွေအဆက်မပြတ် နားစွင့်နေဖို့လိုပါတယ်။တရုတ်နိုင်ငံထဲသို့၎င်း’နယ်စပ်နားသို့၎င်းမဖြစ်မနေသွားလာကြမည့်ယာဉ်မောင်းများ ‘ယာဉ်နောက်လိုက်များနှင့်ပြည်သူများအနေဖြင့်လိုအပ်သည့်အကာအကွယ်များရယူသွားကြပါရန် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မခံရစေရေးအထူးသတိပြုကြပါရန်တိုက်တွန်းလိုက်ပါတယ်။ 27.1.2020 7am Konay Konay
Read more