ချစ်သူနဲ့ စကားများပြီး ရေကန်ထဲ ခုန်ချသွားတဲ့ လူငယ်တစ်ဦး
မုံရွာ၊ မတ်-၂၃
အသက် ၂၀ကျော် အရွယ် လူငယ်တစ်ဦးသည် ရည်းစားနှင့် ချိန်းတွေ့ရင်း စကားများပြီး မုံရွာ ကန်သာယာရေကန်အတွင်း ခုန်ချမှု ယနေ့ ညနေ ၅နာရီခွဲ က ဖြစ်ပွားခဲ့သည်။
၎င်း လူငယ်သည် ရေထဲ ခုန်ချ ပြီး ရေလယ်သို့သွားစဉ် ရဲတပ်ဖွဲ့နှင့် ရှာဖွေ ကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့မှ သတင်းရရှိပြီး ကယ်တင်ရန်ကြိုပမ်းခဲ့ ကြကြောင်း မျက်မြင်တွေ့လိုက်ရသူများကပြောသည်။
ကယ်ဆယ်ရေး လုပ်ဆောင်သူ မုံရွာခရိုင်မီးသတ်ဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးညီညီဇော်က “ကန်ထဲမှာက ဘက်ဟိုးနဲ့ကုပ်ထားလို့ ရေနက်တဲ့နေရာတွေရှိတယ်၊ သူက သူ့ကောင်မလေးစိတ်ဆိုးပြီး တဖြေးဖြေးဆင်သွားရာကနေ ကမ်းဘက်ပြန်လာဖို့ ခက်သွားတာ၊ ခေါ်တာ မလာလို့ ရဲတပ်ဖွဲ့က လက်ထိပ်ခတ်ခေါ် မှာလို့ ပြောပြီးဖျောင်းဖျ ခေါ်လာရတာ” ဟု ပြောသည်။
အဆိုပါ လူငယ်ကို ရေလယ်မှ ခေါ်ဆောင်ရန် နာရီဝက်ကြာ စည်းရုးံခဲ့ရသည် ဟု ရဲတပ်ဖွဲ့ ကဆိုသည်။
၎င်းလူငယ်မှာ ဆားလင်းကြီးမြို့နယ်ဖြစ်ကြောင်း ကနဦးသတင်းရပြီး စစ်ဆေးရန် မြို့မရဲစခန်းသို့ခေါ်ဆောင်သွားသည်။
မုံရွာဂေဇက်