မြန်မာ့လက်ရွေးစင်ဘောလုံးသမား အောင်သူနဲ့ သရုပ်ဆောင် ပိုးအိအိခန့် တို့ရဲ့ မင်္ဂလာ ညစာစားပွဲပုံရိပ်များ

မြန်မာ့လက်ရွေးစင်ဘောလုံးသမား အောင်သူနဲ့ သရုပ်ဆောင် ပိုးအိအိခန့် တို့ရဲ့ မင်္ဂလာပွဲကို ဒီနေ့ (၂၀၁၉ မတ်လ ၂၆ ရက်) ညမှာ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ Western Park မှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။

သူတို့ နှစ်ယောက်ကတော့ အရမ်းကို လိုက်ဖက်ညီတဲ့ စုံတွဲလေးပါနော်. . .အရင်ကထဲက လက်ထပ်ပြီးပြီလို့ သတင်းတွေထွက်နေခဲ့တော့ ပရိတ်သတ်တွေစိတ်ထဲ သို့လော သို့လော နဲ့ စိတ်ဝင်စားကြသလို “အမြန်လက်ထပ်စေချင်တယ်” “တကယ်ဖြစ်ပါစေ” ဆိုပြီး သူတို့နှစ်ယောက်ကို သဘောတူကြတဲ့ ပရိတ်သတ်တွေ အများကြီး ရှိပါတယ်နော်

ပြီးခဲ့တဲ့ ရက်တွေကပဲ သူတို့နှစ်ယောက်ရဲ့ ဖိတ်စာတွေ Online မှာ ပျံ့နှံ့နေခဲ့ပါတယ်. . .ဖိတ်စာထဲမှာလည်း ဒီနေ့ 26.3.2019 မှာ မင်္ဂလာ ညစာစားပွဲကျင်းပမယ်လို့ ပါခဲ့တာဖြစ်ပါတယ်

ခုတော့ မင်္ဂလာညစာစားပွဲမှာ အားလုံး ပျော်လို့ ပြုံးလို့. . .အားကျမိပါတယ် အစ်ကို အောင်သူရေ. . .လေးစားအားကျရတဲ့ မြန်မာ့ဘောလုံး သူရဲကောင်းတစ်ယောက် ခုလို ချစ်စရာကောင်းလှတဲ့ ချစ်ဇနီးတစ်ယောက်ကို ပိုင်ဆိုင်သွားတာကို မြင်တော့ ဂုဏ်ယူမိ အားကျမိ..ပါတယ်

ဒီလင်ဒီမယား ရာသက်ပန် ပျော်ရွှင်တဲ့ မိသားစု ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

မဟာခေတ်သစ်မီဒီယာ

Photo Credit to Cele Yatwat

class="clearfix ">
error: Content is protected !!