Facebook မှာ နာမည်ကြီးနေတဲ့ အပန်းဖြေ Resort လေးကို အပန်းဖြေခရီးသွားတဲ့ မိသားစု ကျားဆွဲခံရ

အွန်​လိုင်းမှာနံမည်​ကြီး​နေတဲ့ ​​Resortကို အပမ်း​ဖြေခရီးသွားတဲ့ မိသားစု မ​နေ့ညကကျားဆွဲခံရတယ်​ ။

ထီ​ပေါက်​ထားတဲ့ ဦ​လေးနဲ့အ​ဒေါ်က ဆယ်​တန်း​ဖြေထားတဲ့တူမ​လေးပူဆာလို့ လိုက်​ပို့​ပေးတာလို့သိရတယ်​ ။

ကံ​ကောင်းတယ်​​ပြောရမယ်​ အနားမှာလူ​​တွေလဲ​ရှိ​နေ​တော့ကားဟွန်း​တွေဝိုင်း​တီး ကားမီး​တွေဝိုင်း​​ထိုး​ကြ​တာနဲ့ကျားလန့်​ပြီး​ပြေးသွားတယ်​ ။

ပုံပါ ​မောင်​နှမနှစ်​ဦးက ​ကောင်​မ​လေးရဲ့ အ​ဒေါ်နဲ့ဦး​လေးပါ ။ဘယ်​သူမှ ထိခိုက်​ဒဏ်​ရာ ရမသွားကြတာဝမ်းသာစရာပါ ။

ကောင်​မ​လေးကို​တော့ မဟုတ်​တဲ့​နေရာ​တွေသွားချင်​အုန်းနင်​စပ်​​ဆော့လို့ဖြစ်​ရတာဆိုပြီး အတူပါလာတဲ့အကိုကဆွဲထိုးလို့ နှာနုရိုးကျိုးသွားပါတယ်​ ။

တစ်နိုင်ငံလုံး ပတ်နေတဲ့ ကျားက ခုတော့ ကမ်းခြေထိ ရောက်လာတယ်ဗျာ.. .

ပျော်​တာ​ပျော်​ကြပါ ညနက်​တဲ့အထိ​တော့မ​နေကြနဲ့

******************************

တကယ်တော့ အပေါ်က သတင်းက Facebook ပေါ်က ဂျင်းသတင်းတွေကို စုပြီး ဟာသရေးထားတာပါနော်. ..

ဒီပုံတွေကတော့ Facebook မှာ ခုရက်ပိုင်း ပျံ့နှံ့နေတဲ့ ပုံတွေ ဖြစ်ပါတယ်. . .ဒီကမ်းခြေလေးကို မြန်မာတစ်နိုင်ငံလုံးမှာ နေရာတော်တော်များများမှာ ရှိတယ် ဆိုပြီး လမ်းညွှန်တွေနဲ့ (တကယ်မရှိဘဲ) အပျော်တင်နေကြတာဖြစ်ပါတယ်

သူတို့ နှစ်ယောက်ကတော့ လတိုင်းထီပေါက်တယ်. . .ဖုန်းဘေ မဲဖောက်ပေးမယ်ဆိုပြီး . . .ထီပေါက်စဉ်ထွက်တဲ့ အချိန်တိုင်း Post တင်ခံနေတဲ့ မောင်နှမရဲ့ ပုံဖြစ်ပါတယ်

ဒီကျားကတော့ မြန်မာတစ်နိုင်ငံလုံးမှာ ဟိုမြို့မှာ တွေ့တယ် ပြောလိုက် ဒီမြို့မှာ တွေ့တယ်ပြောလိုက်နဲ့ တစ်နိုင်ငံလုံး ပတ်နေတဲ့ ကျားပါပဲ. . .တကယ်တော့ အဲဒီကျားကလည်း မြန်မာနိုင်ငံက မဟုတ်ပါဘူး

ဒီညီမလေးရဲ့ ပုံက တော့ သူ့ဟာသူ နေမကောင်းလို့ တင်ထားတဲ့ ပုံဖြစ်ပါတယ်. . .ဒါကို ဆယ်တန်းကျလို့ သူ့အစ်ကိုက လက်သီးနဲ့ ထိုးတာခံရတယ်ဆိုပြီး နှစ်တိုင်း Post တင်ခံနေရတဲ့ ညီမလေးရဲ့ပုံ ဖြစ်ပါတယ်

ကဲ ခုရက်ပိုင်း ဟော့နေတဲ့ ဒီအပန်းဖြေစခန်းလေးကတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ အပန်းဖြေစခန်းလေးပါနော်

ထိုင်းနိုင်​ငံ နခွန်​ န​ယော့(nakhon nayok)စီရင်​စုမှာရှိတဲ့ အပန်း​ဖြေ​စခန်းတစ်​​နေရာပါ..Uncle blessing garden လို့လည်း​ခေါ်ကြတယ်​။

ဘယ်လိုလဲ အရမ်းလှလို့ သွားချင်နေပြီမဟုတ်လား. . . .မြန်မာနိုင်ငံမှာ ရှိတယ်လို့ထင်ပြီး တစ်နေရာပြီး တစ်နေရာပြောင်းနေလို့ အထုပ်တွေပြင်ပြီး ဘယ်သွားလို့ သွားရမှန်း မသိ ဖြစ်နေပြီလား

မိုး​တွင်းကာလ၊မိုး​နှောင်းကာလ​တွေ၌ ​ရေအတက်​အကျရှိပြီး ပူပြင်းတဲ့ ​နွေအခါ၌ ​ရေခမ်း​ခြောက်​​တဲ့​နေရာ​တွေလည်းရှိပါတယ်​။

နာမည်ကြီးနေတဲ့ အပန်းဖြေစခန်းနေရာလေးကို အမှန်အကန် ဖော်ပြပေးလိုက်ပါပြီနော်. .

နွေရာသီအားလပ်ရက်၊ သင်္ကြန်ပိတ်ရက်လေးမှာ အသည်းလေးကိုခေါ်ပြီး နှစ်ယောက်ထဲကမ္ဘာမှာ အပြတ်ကဲဖို့ ဒိုး လို့ ရပါပြီဗျာ. . .

Photo : Credit

Htwar

မဟာခေတ်သစ်မီဒီယာ

error: Content is protected !!