သင့်ချစ်သူက သင့်ကို အရမ်းလွမ်းနေမှန်း သိနိုင်မယ့် ထူးထူးခြားခြား လက္ခဏာ (၃) မျိုး…

အချစ်မှာ ထူးဆန်းတဲ့ မှော်စွမ်းအင်ရှိတယ်လို့ လူတစ်ချို့ကပြောကြပါတယ်။ ချစ်တဲ့စိတ်နဲ့ တစ်စုံတစ်ယောက်က ကိုယ့်ကိုလွမ်းတဲ့အခါ သူတို့ကိုယ်တိုင်က ဖွင့်မပြောရင်တောင် သဘာဝတရားကြီးက သူတို့အစား ပြောပေးတတ်ပါတယ် လူတစ်ယောက်က သင့်ကို ဖွင့်မပြောပဲ တိတ်တိတ်လေးအရမ်းလွမ်းနေတယ်ဆိုတာကို သိနိုင်မယ့်လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်

(၁)… အိပ်မက်မက်တယ်

အိပ်မက်ဆိုတာ စိတ်ဝိညာဉ်မှာဖြစ်နေတဲ့ အရာတစ်ခုပါ တစ်စုံတစ်ယောက်ရဲ့အကြောင်းကို မပြောမိ၊ မတွေးမိပေမယ့် အိပ်မက်ထဲမှာ သူ့ကို တွေ့တယ်ဆိုရင်တော့ သင့်ကို သူအရမ်းလွမ်းပြီး သတိရနေလို့ပါ သင့်အကြောင်းကို ထပ်ခါထပ်ခါတွေးလွန်းပြီး သူ့ရဲ့စိတ်က သင့်အနားမှာပဲ တဝဲလည်လည်ဖြစ်နေလို့ပဲဖြစ်ပါတယ်

(၂)… မထင်မှတ်ပဲတွေ့တယ်

သင့်ကို တစ်စုံတစ်ယောက်က အရမ်းလွမ်းတဲ့အခါ မမျှော်လင့်ပဲ သူနဲ့ဆုံတာမျိုး၊ မချိန်းထားပဲနဲ့ တစ်နေရာတည်းကို အတူတူရောက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ် သင့်ဖက်ကတိုက်ဆိုင်မှုလို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တော့ သင့်က ဒါမှမဟုတ် တစ်ဖက်လူက သင့်ကို အရမ်းသတိရနေလို့ပဲဖြစ်ပါတယ်။

(၃)… စိတ်တွေစုစည်းမရဖြစ်နေလိမ်မယ်

တစ်ခါတလေ ဘာကို လွမ်းလို့လွမ်းမှန်းမသိပဲ ဆွေးနေတယ်၊ ငိုချင်သလိုလို ဖြစ်နေတယ်ဆိုရင်တော့ ဒါဟာ သင့်ကို တစ်ယောက်ယောက်က အရမ်းလွမ်းနေလို့ပါတဲ့ သင့်ကိုလွမ်းလွန်းလို့ ခံစားနေရတဲ့ သူ့ရဲ့ခံစားချက်တွေက သင့်ဆီမှာ ရောင်ပြန်ဟပ်နေတဲ့ သဘောပေါ့။မူရင်းရေးသားသူအား လေးစားစွာဖြင့် ခွက်ဒစ်ပေးပါသည်။

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!