“ဒီပို့စ်ဖတ်ပြီးရင် မိန်းကလေးတွေ ဆော့ပင်သာ ပြေးဝယ်ထားကြပေတော့”

နိဒါန်း……

အမည်…………….. ကိုသန်းဝင်း

အိမ်ထောင်သက်…………… ၂၅ နှစ်ခန့်

အိမ်ထောင်ကျပီး နာမည် …. စိုင်းသန်းဝင်း…

ကိုသန်းဝင်းအိမ်ထောင်ကျတော့ အသက်ကငယ်သေးသည်…ရုပ်ကချောသည်..အလုပ်ကလည်း တနေကုန် စကော့ဈေးမှာ နေရသောကျောက်ပွဲစား….
တနေကုန်အပြင်ထွက်သည့်အပြင် ပွဲဖြစ်လျင် ညဘက်ပါ ညစာစားပီးမှ အိမ်ပြန်သည် … ဒါတောင်အားလုံးပြန်ပီးမှ .. အတင်းပြန်လွှတ်ရသည်..

ညတိုင်းလည်းထွက်လျှင်ရသည်…မိန်းမက ဘယ်တော့မှဖုန်းမဆက်..လိုက်မရှာ..

သူ့လိုဖြစ်ချင်ကြသည်.. ကျော်တို့တော့ အချိန်အကန့်အသတ်ဖြင့်ထွက်ရသည်..နေ့တိုင်းသူ့လိုထွက်မရ…..ကိုသန်းဝင်းကိုအားကျကြသည်…

ဒီတော့တနေ့အရက်ဝိုင်းမှာမေးကြသည်..ခင်ဗျားပိုင်လှချည်လားပေါ့…

သူကပြောသည်…အားမကျ ကြပါနဲ့ဗျာ…ဒါဘဲပြောသည်….အတင်းမေးလည်း.. ဒါဘဲပြောသည်….. အရက်တပုလင်း ကုန်ခါနီးမှ…စပြောလေသည်….

သူ့မိန်းမသည် အိမ်မှာနေသည်..သူကစီးပွားရှာ…

နေ့စဉ်သူအိမ်မှထွက်ခါနီးတွင် သူ့ငယ်ပါအား ဆော့ပင်ဖြင့် မိန်းမမှ ဆိုင်းထိုးပေးလိုက်သည်။ အိမ်ပြန်ရောက်လို့ဆိုင်းပျက်လျင် အကြီးအကျယ်ရန်ဖြစ်ရသည်……

ထို့ကြောင့် ကိုသန်းဝင်းခမျာမိန်းမထိုးပေးလိုက်သော ဆိုင်းကို အထူးဂရုစိုက်ရသည်…အထိမခံရဲ…..ကျော်တို့ အနှိပ်ခံလျင်တောင် ဘောင်းဘီမလဲရဲပေ.. ပွတ်တိုက်ပီးအလိုလိုပျက်သွားမည်စိုးသည်…..

တခါကအိမ်သာတက်ပီးရေဖြင့် အီးကုန်းရာရေအနည်းငယ်စိုပီး ပျက်သွားသောကြောင့် သူ့မိန်းမ စကော့ဈေးလိုက်လာသည်…မနေ့ကဘယ်သွားတယ်..ဘယ်လာတယ် စသဖြင့်စုံစမ်းသည်…

ကိုသန်းဝင်းရှက်သည်…နောက်မဖြစ်အောင်ဂရုစိုက်ရှာသည်…ရေဖြင့်မဆေးတော့ စက္ကူဖြင့်ဖြေရှင်းရသည်….ဖင်ပွန်းသည် သို့သော်ဂရုမစိုက် မိန်းမအထင်မှားမှာစိုးသည်….

သူ့ကပြောသေးသည်… မှင်လုံးကြီး မာကာ ဖြစ်သဖြင့် တခါတလေဆိုင်းရာများထပ်နေတတ်သည်…..

တခါက သူ့မိန်းမက ပါမင့်နင့် မာကာဖြင့်ထိုးပေးလိုက်သဖြင့်မနဲဖျက်ရသည်….အရက်ပျံဖြင့်တိုက်ရသဖြင့်စပ်လှသည်ဆိုသည်…..

သူ့တွင် အော်ရီဂျင်နယ် အရောင်မရှိတော့ဘဲပြာနှမ်းနေကြောင်းပြောရှာသည်…

အပြင်ထွက်တိုင်းမိန်းမထံ ဆိုင်းသွားထိုးရသည်…….

ကျော်တို့လည်း ထိုအခါမှ အိမ်ကမိန်းမ များကိုကျေးဇူးတင်ကြရသည်…အပြင်ထွက်တာကြာလို့ဖုန်းဆက်လည်းဆက်ပေ့စေ…ရစ်လဲခံမယ်…ဆိုင်းတော့အထိုးမခံနိုင်……

ထိုနေ့မှစ၍ ကိုသန်းဝင်းကို ..ချစ်စနိုး ” စိုင်းသန်းဝင်း ” ဟုခေါ်ကြသည်….

ကျော့်သယ်ချင်းများတွင်လည်း ရှမ်းအမျိုးသား စိုင်းများစွာရှိသည်..ထိုသူများနာမည်ခေါ်လျင် စိုင်းသန်းဝင်းကိုသတိရမိသည်…

ကိုသန်းဝင်းလို “စိုင်း” များ ဘယ်နှစ်ယောက်ရှိနေမလဲဆိုတာ……..

စိုင်းခိုင်….

credit : စိုင်းခိုင်ဝင်း

error: Content is protected !!