သင်္ကြန်လည်လို့ ဆိုပြီး ဖခင်က ရိုက်နှက်ဆုံးမရာမှ (၁၅) နှစ် သမီးလေး သေဆုံး

သင်္ကြန်မှာ ပျော်ချင်လို့ လည်တာ အစ်ကို အစ်မတွေ အတူထည့်လိုက်ပြီး လည်ပါစေလားဗျာ. . ခုတော့ ကလေးလည်း အသက်ဆုံးရှုံးရ၊ ဖခင်လည်းထောင်ကျ၊ မိခင်က ဘယ်လိုရင်ဘတ်နဲ့ ခံစားနိုင်တော့မှာလဲ?

ယမန်နေ့ သင်္ကြန်အကျနေ့က အုတ်တွင်းမြို့ နယ် သရက်ချဉ်ကျေးရွာမှ မအေးအေးခိုင် အသက်(၁၅ ) နှစ်အား ဖခင်ဖြစ်သူမှ သင်္ကြန်ရေကစားခြင်းကြောင့် ရိုက်နှက်ဆုံးမရာမှ နောက်စေ့အား ရိုက်မိသဖြင့် သတိလစ်မေ့မျော သွားခဲ့၍ အုတ်တွင်းဆေးရုံ မှ တောင်ငူဆေးရုံကြီးသို့ ရင်ခုန်သံ ရှင်/ကူ ယာဉ်ဖြင့် အရေးပေါ် ကူညီပို့ဆောင်ပေးခဲ့သော်လည်း သမီးဖြစ်သူမှာ သေဆုံးသွားခဲ့ပါသည်။

အအေးခန်းအခေါင်း ဆင်ပေးထားခဲ့ပြီးသော်လည်းလုပ်ထုံးလုပ်နည်းအရ အအေးခန်းအခေါင်း ဆင်ပေးထားသော မအိအိခိုင် အသက်(၁၅ ) နှစ်၏ နာရေးဖြစ်စဉ်မှာ ဖခင်မှ သင်္ကြန်ရေကစားခြင်းကို ရိုက်နှက်ဆုံးမရာမှ သေဆုံးခဲ့ရတာ ဖြစ်ခြင်းကြောင့် အလောင်းအား အုတ်တွင်းဆေးရုံရင်ခွဲရုံသို့ ရင်ခုန်သံ ရှင်/ကူ အသင်းမှ အခမဲ့ ထပ်မံပို့ဆောင်ကူညီပေးထားကြောင်း သိရပါသည်။ .

သတင်းဓါတ်ပုံ – အရှင်တေဇ(နာယကဆရာတော်)

ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း

ဈေးကျောင်းတိုက်၊အုတ်တွင်းမြို့ 

error: Content is protected !!