ကမ္ဘာ့အကြီးဆုံး ကျွဲညီနောင် နှစ်စီးတွဲ လေယာဉ်ကြီး ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်း(Video)

အမေရိကန်နိုင်ငံက ကမ္ဘာအကြီးဆုံး ကျွဲညီနောင် လေယာဉ်ကြီး ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်း

အမေရိကန်အာကာသပို့ဆောင်ရေးကုမ္ပဏီ Stratolaunch ကထုတ်တဲ့ ကမ္ဘာ့အကြီးဆုံးလေယာဉ်ဟာ အခုလ(၁၃) ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်မှာ ပထမဆုံးအကြိမ်စမ်းသပ်ပျံသန်း ခဲ့တယ်လို့ သိရပါတယ်။

ဒီလေယာဉ်ဟာ ဂြိုဟ်တုတွေကို တင်ပြီး လွှတ်တင်လို့ရအောင် တည်ဆောက်ထားတာဖြစ်ပါတယ်။ ဂြိုဟ်တုတွေကို ဂြိုဟ်ပတ်လမ်းထဲ မလွှတ်တင်ခင်မှာ (၁၀)ကီလီုမီတာလောက်အထိ ပျံသန်းလို့ရအောင် လုပ်ထားတယ်လို့သိရပါတယ်။ လေယာဉ် တောင်ပံတွေရဲ့အရှည်ဟာ (၁၃၈)ပေအထိရှိတာဖြစ်လို့ အမေရိကန်ဘောလုံးကွင်း တစ်ကွင်းစာလောက်ရှိပါတယ်။

လေယာဉ် ကိုယ်ထည်(၂)ခုနဲ့အင်ဂျင်(၆)လုံးပါဝင်တာကြောင့် အမြင့်ပေ(၁)သောင်းခွဲအထိ ပျံသန်းနိုင်ပြီး၊ တစ်နာရီကို မိုင်(၁၇၀) အထိ ရောက်တယ်လို့ သိရပါတယ်။

အခုစမ်းသံပျံသန်းမှုအောင်မြင်သွားရင်တော့ ဒီစီမံကိန်းဟာ အရာဝတ္တု တွေကို အာကာသထဲလွှတ်တင်တဲ့အခါ မြေမြင်ကနေဒုံးပျံတွေနဲ့ လွှတ်တင်ရတာထက် ပိုပြီးတော့ အကုန်အကျ သက်သာစေမှာ ဖြစ်ပါတယ်။ Stratolaunch ကုမ္ပဏီကို Microsoftရဲ့ တွဲဖက်တည်ထောင်သူ၊ ကွယ်လွန်သွားပြီဖြစ်တဲ့ Paul Allen က (၂၀၁၁)ခုနှစ်မှာ တည်ထောင်ခဲ့တယ်လို့ AFP သတင်းမှာဖော်ပြ ထားပါတယ်။

Video ကြည့်ရန်

ဘာသာပြန် – စုစံစိုး

Video by Wise Man Media

error: Content is protected !!