အင်းလျားကန်ဘောင်မှ ဖြုတ်ယူခြင်းခံရတဲ့ ပုသိမ်ထီးတွေကို စည်ပင်က ညတွင်းချင်း ပြန်လည်ပြင်ဆင်

အင်းလျားကန်ဘောင်မှဖြုတ်ယူခြင်းခံရတဲ့ ပုသိမ်ထီးတွေကို ရဲတပ်ဖွဲ့က ပြန်လည်သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။ အကုန်တော့ ပြန်မရပါ။ ဖြုတ်တဲ့သူတွေကိုလဲ အရေးမယူပဲ ပါးစပ်နဲ့ပဲ ဆုံးမပီး ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။

အင်္ကျီအသစ်၊ ဘွတ်ဖိနပ်၊ အရက်ပုလင်းတွေ၊ ဘီယာဘူးတွေဝယ်နိုင်သောက်နိုင်ပြီး ပုသိမ်ထီးကိုကျ ခိုးပါတယ်။ သူတို့ကို မဖြုတ်ဖို့တားတဲ့သူတွေကတော့ အင်းလျားကန်ပေါင်ပေါ်မှာ မရှိရှာလို့ သူများလို မလည်နိုင်ပဲ သင်္ကြန်အတွင်း ဈေးရောင်းရတဲ့ ဈေးသည်တွေဖြစ်ပါသတဲ့။

ဒါကိုတောင် လာတားသူတွေကို ရန်ပြုပါသေးသတဲ့။ စိတ်ဓာတ်နဲ့အဆင့်အတန်းဆိုတာ တခါတလေ ငွေရှိခြင်းနှင့်လဲ တိုက်ရိုက်အချိုးမကျကြောင်း ဒီနေ့ သက်သေထင်ရှား မြင်တွေ့လိုက်ရပါတယ်။ညနေပိုင်းမှာတော့ ကန်ပေါင်ပေါ်မှာ ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးထားတယ်လို့လဲ သိရပါတယ်။

ဖြုတ်ယူသွားတဲ့ ထီးတွေကိုညတွင်းချင်း ပြန်လည်ပြု ပြင်နေကြတဲ့ စည်ပင်ဝန်ထမ်းများအား တွေ့ရစဉ်။

စိတ်ဓာတ်မ​ကောင်းတဲ့ လူတစ်​ချို့​ကြောင့်​ သူတို့​တွေ နှစ်​ခါ ပင်​ပန်းရပြီ။😢😢😢

Credit. Nay Thway

error: Content is protected !!