“ကျမ -ာခံမစားနိုင်ဘူး” လို့ ပြောလို့ အနှိပ်ခန်းက ၀ိုင်းရိုက်လို့ ထွက်ပြေးလာတဲ့ အမျိုးသမီး(ရုပ်သံ)

ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက် ၂၀၁၉.၄.၁၅ရက်နေ့၁၂နာရီအတွင်းဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်..။

သနားပါတယ်ဗျာ.. ဝိုင်းရှယ်ပေးကြပါဦးနော်…

နာမည်က မနီလာအောင် ပါတဲ့ အသက်က ၃၉ နှစ်ပါ နေရပ်လိပ်စာက မြောက်ဥက္ကလာ ဝေဘာဂီကလို့ ပြောပါတယ်။ ကျမကိုခေါ်လာတာ ဗျူတီကာလာ ခေါင်းလျှော်ဆိုင် အနှိပ်ခန်းဆိုပြီး ရန်ကုန်ကနေပြီး ပွဲစားအဒေါ်ကြီးက ခေါ်လာတာပါလို့ ပြောပါတယ်။ ဆိုင်ရောက်တော့ အနှိပ်ခန်းကို ဗန်းပြပြီးတော့ ဖာခံစားကြတာ..။

ကျမက ကောင်းရောင်းကောင်းဝယ်လုပ်ဖို့လာတာ ကျမ ဖာခံစားတဲ့ အလုပ်ကို မလုပ်နိုင်ဘူးပြောတော့ ကျမကို ဝိုင်းရိုက်ကြတယ် ပါးတွေ နားတွေလည်း ရိုက်တယ်. တံမြက်စည်းတွေနဲ့လည်း ရိုက်တယ်။ ဆံပင်တွေလည်း အထွေးလိုက်ကျွတ်ကျကုန်တဲ့ အထိရရိုက်ကြတယ်။

Video 1

အခုဆိုရင် ကျမဆီးအုံတွေရော ရင်ဘတ်တွေရော တအားအောင့်နေတယ်တဲ့..။ ကျမရဲတိုင်မယ်လို့ ပြောတော့ ပိုပြီး ဝိုင်းရိုက်ကြတယ်။ ပိုက်ဆံတွေလည်း ရှိတာလေး တစ်သိန်းကျော်လည်း ပျောက်သွားခဲ့တယ်လို့ ပြောပါတယ်။

Video 2

အမျိုးသမီးက သင်္ကြန်ရက်မှာ ဘုန်းကြီးကျောင်းမှာ အချိုရည်ကပ်မယ်လုပ်တော့ အပြင်ထွက်ခွင့် မရှိဘူး ကပ်ခွင့်မရှိဘူးဆိုပြီး တားဆီးကြောင်း၊ ဘေးကပ်လျှက်အခန်းမှာ ဖာခန်းလုပ်ကိုင်နေကြောင်း ၊ ဖာသည်မလို့ ဆဲဆိုကြီမ်းမောင်းပြီး ဝိုင်းဝန်းရိုက်နှက်လွှတ်လိုက်ကြောင်း ပြောပြနေတာကိုတွေ့ရပါတယ်။

Video 3

လောလောဆယ်တော့ အမျိုးသမီး အချိုရည်ကပ်ဖို့ ဘုန်းကြီးကျောင်းတစ်ကြောင်းမှာ ကပ်နိုင်အောင် ဘေးနားက လူတွေက ၀ိုင်းပြီး စီစဉ်ပေးနေကြတာ ကိုတွေ့ရပါတယ်..။

တာဝန်ရှိသူများ ဒီအမျိုးသမီးကို ဝိုင်းဝန်းရိုက်နှက်လွှတ်လိုက်တဲ့ ဆိုင်းနှင့် ဆိုင်ပိုင်ရှင်များကို စစ်ဆေး အရေးယူသင့်ပါကြောင်း လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

Crd: 24 နာရီသတင်း

error: Content is protected !!