လက်ဝတ်လက်စားတွေ ရောင်းရငွေနှင့် အနုပညာကြေးတွေပေါင်းပြီး သိန်း(၂၃၀)တန် ကျောင်ဆောင် ဆောက်လုပ်လှူဒါန်းလိုက်တဲ့ မနောတို့မိသားစု

အဆိုတော် မနောက သူတို့မိသားစု ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်အကြောင်း ခုလို မျှဝေပေးထားပါတယ်

“မင်္ဂလာပါ

ကျနော့်မေမေ ဇီးကန်ကျွန်းဦးကျောင်းမှာ ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်လှူဒါန်းဖြစ်တယ် မေမေဆွဲထားသော ရွှေဆွဲကြိုး လက်ကောက် အားလုံးရောင်းပြီးစတင်စီစဉ်ပါလေရော သိန်း(၈၀) ဖိုးလောက်ရတယ်ပေါ့

ထိုကျောင်းဆောင်ရဲ့ ကုန်ကျစရိတ်ကတော့ သိန်း (၂၃၀) ကျော်မယ် သားသမီးတွေကိုလည်းလှူစေချင်တယ်လေ ဒါနဲ့မေမေလိုအပ်မည့်ငွေကိုကျနော်တို့ သားသမီးများက ဝိုင်းဝန်းအင်းအားဖြည့်ပြီးအမြန်ဆောက်လုပ်လှူဒါန်းနေပြီဗျို့

?မိဘ မရှိတော့မှ နာမည်တပ်ပြီးလှူတာ မသေချာဘူးလေ ဒါကြောင့်ဒီနှစ် သင်္ကြန် Sky net မဏ္ဍပ်မှာဆိုဖြစ်တယ်

ဆိုလို့ရတဲ့အနုပညာကြေးရယ် ယခင်ပွဲတွေဆိုထားတဲ့ အနုပညာဖြင့်ဖြူစင်စွာရသော ငွေများဖြင့်သာ မေမေ့ကျောင်းဆောင်ကိုလှူဒါန်းခဲ့ပါတယ်

အားလုံးသော သူများကို အကြံလေးပေးပါရစေ မိဘကို ကန်တော့ပြီဆိုလျှင် ခြေဖျားကို မိမိဦးခေါင်းဖြင့်ထိ၍ မာန်ချကာ ကန်တော့စေချင်သည် ရှက်စရာ မဟုတ် ရွံစရာမဟုတ်ပါ ကျေးဇူးတွေကဆပ်မကုန်အောင်များပြားလွန်း၍ဖြစ်ပါသည်

အားလုံးသော တေးချစ်သူများနှင့် (၇)ရက်သားသမီးများ ဤကုသိုလ်တွေ ကျနော်တို့နှင့်အတူ ထပ်တူရပါစေ” ဆိုပြီး မျှဝေထားတာ ဖြစ်ပါတယ်

အဆိုတော် မနောရဲ့ မိခင်ဖြစ်သူကို ကန်တော့ နေတဲ့ ပုံလေးကလည်း မြင်ရသူရင်ကို ကြည်းနူးပီတိဖြစ်စေပါတယ်နော်. . .

မိဘကျေးဇူးကိုလည်း သိတတ်ပြီး ကုသိုလ်ကောင်းမှုတွေ ပြုနေတဲ့ အစ်ကိုမနော အောင်မြင်မှုတွေနဲ့ ဘ၀ကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

မဟာ ခေတ်သစ်မီဒီယာ

error: Content is protected !!