“ကျန်းမာရေးမကောင်းတဲ့ မိခင်ကြီးကို ပြုစုဖို့ အနုပညာအလုပ်တွေကို စွန့်လွှတ်ခဲ့တာ” ဆိုတဲ့ မိုးဟေကို (ရုပ်သံ)

ယဉ်​စစမျက်​နှာ​လေးနဲ့ ​ကျော့ရှင်းပြီး မဟာဆန်​တဲ့ အလှတရားကိုပိုင်​ဆိုင်​ထားတဲ့ မင်းသမီး​ချော​လေး မိုး​ဟေကိုက​တော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့်ရော၊ ပြည့်ဝတဲ့ သူမရဲ့စိတ်ထားလေးကြောင့်ပါ ပရိသတ်တွေရဲ့အချစ်ကို တိုးတိုးပြီးရလာသူလေးတာပါ။ မိုးဟေကိုကတော့ သူမရဲ့ အနုပညာအရှိန်ကောင်းနေဆဲအချိန်မှာပဲ မိခင်ဖြစ်သူက နေမကောင်းဖြစ်လာတာကြောင့် အနုပညာအလုပ်တွေ နားလိုက်ပြီး မိခင်ရဲ့ဝေယျာဝစ္စတွေပြုလုပ်ရင်း သူမရဲ့ဘဝကို ရှေ့ဆက်နေတာပဲ ဖြစ်ပါတယ်။ သူမချစ်ရတဲ့ အနုပညာကို မလုပ်ရပေမယ့်လည်း မိခင်ကို ပြုစုခွင့်ရတဲ့အတွက်ကြောင့် မိုးတစ်ယောက် အရမ်းကို ပျော်ရွှင်နေတာပါ။

ချစ်ပရိသတ်တွေအတွက် နေမကောင်းတာ ၅ နှစ် ၆နှစ်နီးပါးရှိပြီဖြစ်တဲ့ မိခင်ကြီးကို ပြုစုဖို့ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့တဲ့ မိုးဟေကိုရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိုးဟေကိုကတော့ နေမကောင်းဖြစ်နေတဲ့ မိခင်ကြီးကို ပြုစုဖို့အတွက် သူမကိုယ်တိုင် မင်းသမီးဆိုတာကိုမေ့ပြီး သူနာပြုတစ်ယောက်လို ဖြစ်သွားခဲ့ရတဲ့ အကြောင်းနဲ့ သူမရဲ့မိခင်လည်း သူမကိုကြည့်ပြီး ဂုဏ်ယူပျော်ရွှင်နေလိမ့်မယ်လို့ထင်ကြောင်းလည်း ပြောထားပါသေးတယ်။

သူမရဲ့မိခင်အကြောင်း ပြောပြရင်း မျက်ရည်ကျခဲ့တဲ့ မိုးဟေကိုရဲ့ဗီဒီယို

မိုး​ဟေကိုက​တော့ လတ်​တ​လောမှာ သူကိုယ်​တိုင်​တည်​​ထောင်​ထားတဲ့ “မိုး”ရုပ်​ရှင်​ထုတ်​လုပ်​​ရေးကို ဦး​ဆောင်​ပြီး အရည်​အ​သွေးရှိတဲ့ ဇာတ်​ကား​ကောင်း​လေး​တွေကို ဖန်​တီး​နေတာပါ​။ အောင်မြင်မှုတွေကို စွန့်လွှတ်ပြီး မိခင်ကို အနီးကပ် ပြုစုနေတဲ့ မိုးဟေကိုကတော့ တကယ့်ကို လိမ္မာတဲ့ သမီးလေးပဲ ဖြစ်ပါတယ်။ ချစ်​ပရိသတ်​​တွေလည်း မိဘကို အရမ်းသိတတ်တဲ့ မမမိုးကိုချစ်​ရင်​ Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Source : momolay

error: Content is protected !!