“ကွယ်လွန်သွားပြီ” လို့ ကောလဟလ သတင်းထွက်ပေါ်ပြီးနောက် ဒုလ္လဘ ရဟန်းခံမည့် သမ္မတဟောင်း ဦးသိန်းစိန်

သမ္မတဟောင်း ဦးသိန်းစိန်ဟာ မနက်ဖြန် မေလ ၂၁ရက်နေ့ ပြင်ဦးလွင်မြို့မှာ ဒုလ္လဘရဟန်းခံမယ်လို့ သူ့ရဲ့ တပည့်တယောက်က ပြောပါတယ်။

“ပြင်ဦးလွင် ပါမောက္ခချုပ်ဆရာတော်ကြီးကျောင်းမှာ ဒုလ္လဘ ရဟန်းခံပါမယ်။ ဘယ်နှစ်ရက်လဲ ဆိုတာကတော့ မသိပါဘူး။ အခုလည်း ပြင်ဦးလွင်မှာ ရှိပါတယ်” လို့ ဦးသိန်းစိန်ရဲ့ တပည့် ကိုအောင်ပိုင်မင်းက ပြောပါတယ်။

သမ္မတဟောင်းဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မိသားစုနဲ့အတူ ပြင်ဦးလွင်ကို ရောက်နေတာဖြစ်ပြီး ဖလန်တောင်၊ မဟာဝိဇယဘုရားကိုရောက်ပြီး အလှူငွေတွေလှူဒါန်းခဲ့သလို ပါမောက္ခချုပ်ဆရာတော်ကိုလည်း ဖူးမြော်ခဲ့ပါတယ်။

သမ္မတဟောင်းဦးသိန်းစိန် နှလုံးရောဂါနဲ့ ကွယ်လွန်သွားပြီလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သတင်းတွေပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ- Aung Paing Min

#DVB

ယခုရက်ပိုင်း ထွက်ပေါ်ခဲ့သော ကောလဟလ သတင်း

သမ္မတဟောင်းဦးသိန်းစိန်ကွယ်လွန်….

ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတဟောင်းကြီး အဂ္ဂမဟာသရေစည်သူ၊မဂ္ဂမဟာ သီရိသုဒဓမ္မ ဦးသိန်းစိန်သည် Singapore နိုင်ငံရှိ Khoo Teck Puat Hospital ၌ ယနေ့ မနက် ၁ နာရီ ၁၇ မိနစ်အချိန်က နှလုံးရောဂါဖြင့်ကွယ်လွန်သွားပြီဖြစ်ကြောင်းသမ္မတဟောင်းကြီးဦးသိန်းစိန်ဧ။်ရုပ်အလောင်းအား မိသားစုပိုင်ရဟက်ယာဉ်ဖြင့် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခမ်းမသို့သယ်ဆောင်ကာ မြန်မာပြည်သူပြည်သားများ လာရောက် ပူဇော် ကန်တော်နိုင် ရန်အတွက် နိုင်ငံတော် ဈာပနအဖြစ် ထားရှိသွားမည်ဖြစ်ကြောင်းနှင့် သင်္ဂြုလ်မည့်ရက်ကိုတော့ အသိမကျ မပြောနိုင်သေးကြောင်း နိုင်ငံတော်ပြောရေးဆိုခွင့်ရှိသူများထံမှသိရပါတယ်။

သမ္မတကြီးဦးသိန်းစိန်သည် ယခင် န၀တ စစ်အစိုးရ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး၂၀၀၀-၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတော်သမ္မတအဖြစ် ၅နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး တယ်လီဖုန်းများလူတိုင်းကိုင်နိုင်ရန်၊ကားလူတိုင်းစီးနိုင်ရန် ဖော်ဆောင်ခဲ့သည် ပြည်သူချစ်သမ္မတကြီးတစ်ဦး လည်းဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်၏ ကိုယ်ရေးမှတ်တမ်းအကျဉ်း

သမ္မတဟောင်း ဦးသိန်းစိန် စင်္ကာပူနိုင်ငံမှာကွယ်လွန်ဆိုတဲ့ သတင်း 3

နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက်၊ သောကြာနေ့တွင် အဘဦးမောင်ဖြိုး၊ အမိဒေါ်ခင်ညွှန့်တို့မှ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာတွင်မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်အနက်အငယ်ဆုံး ဖြစ်ပြီး အစ်မဖြစ်သူမှာ ဒေါ်ရင်လှိုင်နှင့် အစ်ကိုဖြစ်သူမှာ ဦးထွန်းမြင့်တို့ဖြစ်သည်။ ဆင်းရဲသော ကျေးလက်မိသားစုဘ၀တွင် ရှင်သန်ကြီးပြင်းခဲ့ပြီး မိဘများ၏ အားပေးထောက်ပံ့မှုဖြင့် ပညာရေးကိုကြိုးစားသင်ယူခဲ့သည်။

မူလတန်းပညာကို ကျုံကူးကျေးရွာရှိ ဆရာဦးမောင်ဦးကျောင်း၌ သင်ကြားခဲ့သည်။ အလယ်တန်းပညာရေးကို မိဘများဆင်းရဲနွမ်းပါးမှုကြောင့် တစ်နှစ်နောက်ကျမှ တက်ရောက်ခွင့်ရခဲ့ပြီး အလက(၁) ပုသိမ်နှင့် ပြင်ခရိုင်၊ ချောင်းဝအလယ်တန်းကျောင်းတို့တွင် သင်ကြားခဲ့သည်။ အထက်တန်းပညာရေးအား အထက(၁) ပုသိမ်တွင် တက်ရောက်သင်ကြားခဲ့သည်။ တက္ကသိုလ်ဝင်တန်းအားသင်ကြားနေစဉ် စာသင်နှစ် နှစ်ဝက်၌ DSA ၀င်ခွင့်ဖြေဆိုအောင်မြင်ခဲ့သည်။

၁၉၆၄ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ် အပတ်စဉ်(၉) တက်ရောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် B.A(DSA) ဘွဲ့ကို ရရှိခဲ့သည်။ စစ်တက္ကသိုလ်မှသင်တန်းဆင်းပြီး ရှမ်း(၁) တွင်တာဝန်ထမ်းဆောင်နေစဉ် ၁၉၈၆ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၈၂ ခုနှစ်အထိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ခမရ(၁၀၉) နှင့် ခလရ(၈၉) တို့တွင် ဗိုလ်မှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် တပ်ရင်းမှူးအဆင့်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့ သည်။

သတင်းထောက် ဦးကိုကိုကြီး(MBC)” ဆိုပြီး ကောလဟလ သတင်း ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်

error: Content is protected !!