အလှူခံလာရင်း ညရောက်တဲ့အချိန်ထိ ကျောင်းမပြန်တတ်တော့တဲ့ သီလရှင်လေး (၄)ပါး

သီလရှင်လေး (၄)ပါးဟာ အလှူခံလာရင်း ညရောက်တဲ့ အချိန်ထိ ကျောင်းကို မပြန်တတ်တော့ဘဲ ဒုက္ခရောက်နေခဲ့ပါတယ်..။

ကံကောင်းတာက ဒုက္ခရောက်နေသူတွေကို အမြဲကူညီတတ်တဲ့ ပုလဲ အရန်မီးသတ်တပ်ဖွဲ့က ကိုထင်လင်းအောင် တို့နဲ့တွေ့သွားတာပါပဲ

သီလရှင်လေးတွေရဲ့ ကျောင်းကို မေးမြန်းကြည့်တော့ မင်္ဂလာဒုံမြို့နယ်မှာ ရှိတဲ့ သံလွင်ရတနာ ပရဟိတ သီလရှင် စာသင်တိုက်ကလို့သိရပါတယ်

ပုလဲအရန်မီးသတ်တပ်ဖွဲ့နှင့်နေမြေခံထောက်ကြံ့ရဲတပ်ဖွဲ့မှ ပုလဲရဲကင်းမှူးဆရာကျော်လွင်တို့အဖွဲ့မှကျောင်းသို့ပြန်လည်ကူညီပို့ဆောင်ကူညီပေးခဲ့ပါသည်။

ညကြီးအချိန်မတော် မကောင်းတဲ့လူတွေနဲ့ တွေ့မသွားလို့ တော်သေးတာပေါ့ဗျာ…

Source : Htin Lin Aung’s FB

မဟာခေတ်သစ်မီဒီယာ

error: Content is protected !!