ဆင်းရဲတဲ့ဘ၀မှာ အတူလက်တွဲခဲ့ကြပြီးမှ ချမ်းသာလာတဲ့အခါ

သူ့ဘဝ က ကျပန်း ​ပန်းရံအလုပ်​ သမား ဘဝက​နေစပြီး တဖြည်းဖြည်းနံ သံလျှက်​ကိုင်​ ပန်းရံဆရာတစ်​​ယောက်​ဖြစ်​လာခဲ့တယ်

အဲ့က​နေတဆင့်​ပြီးတဆင့် ကန်​ထရိုက်​လုပ်​ငန်းရှင်​ဖြစ်​လာရာက တဖြည်းဖြည်းနဲ့ .. အိမ်​ခြံ​မြေ ကုမ္မဏီမှာရှယ်​ရာ​တွေဝင်​ရာက ..ခုဆို အိမ်​ခြံ​မြေ နဲ့​ဆောက်​လုပ်​​ရေးကုမ္မဏီ ပိုင်​ရှင်​ဖြစ်​လာခဲ့ တယ်

သူ့ ကုမ္မဏီ ဟာနာမည်​​တော်​​တော်​​လေးရ​နေ ပြီး အဲ့ဒီအရာဟာ သူ့စိတ်​​တွေကို​ပြောင်းလဲ လာ​စေခဲ့​တော့တယ်

သူ့ရဲ့ ပန်​ရံ အလုပ်​သမားဘဝကတည်း ကနှစ်​​ပေါင်းများစွာ ​အတူတူ​ပေါင်းသင်း ​စောင့်​​လျှောက်​လာခဲ့​ပေးတဲ့ မယားဟာ ညိုညို ညှက်​ညှက်​ ပိန်​ပိန်​ ပါးပါး​ ညို​​ချော လေးက​နေ ခုဆို ဝဝတုတ်​တုတ်​ မဲမဲ တူးတူး ကြီး ဖြစ်​လာတယ်

အသားအ​ရေ ​တွေကလည်းနုနယ်​​ပြေပြစ်​ ရာက​နေတ​ဖြေး​ဖြေးကြမ်းတမ်းခက်​​ထော်​ ယုံမက တ​နေ့တခြား တွန့်​လိမ်​ အ​ရေးအ​ကြောင်းထင်​လာခဲ့တယ်

သူများမယား​ချော​ချောလှလှ ​တွေနဲ့ ယှဉ်​ယင်​ ပုံဆိုးပန်းဆိုးဖြစ်​​နေတဲ့သူမယားကို တဖြည်းဖြည်း စိတ်​ကုန်​လာ ညီး​ငွေ့ လာခဲ့​တော့ တယ်

ဒါ​ပေမဲ့ သူ့မယားအ​ကြောင်း​တွေးမိတိုင်း အတိတ်​တုန်းက အတူတူ ပင်​ပန်းဆင်းရဲ ခဲ့တာ​တွေ ကိုလဲ​မေ့မရခဲ့ဘူး

ဒါ​ပေမဲ့သူ့အ​နေနဲ့ သူမယားရဲ့ ရုပ်​ရည်​နဲ့ခန္တာကိုယ်​ကို သီးမခံနိုင်​တဲ့အဆုံး စုံတွဲ ဘဝကို​တော်​​လောက်​ပြီလို့ စဉ်းစားတယ်
အမှန်​​တော့ သူနဲ့ပ​​ရောပရီ ဖြစ်ပြီး အ​​ပေးအယူ မျှ​​နေတဲ့ သူ့ရဲ့ကုမ္မဏီ ကအတွင်း​ရေးမှူးမ​လေး ကို သူသ​ဘောကျ ​နေခဲ့တာပါ

ဒါနဲ့ သူ့မိန်းမ နာမည်​နဲ့ ဘဏ်​ စာအုပ်​လုပ်​ပြီး သိန်း ၁၀၀၀ ထည့်​ထား​ပေးတယ်​ ပြီး​တော့ အိမ်​တစ်​လုံး လည်းဝယ်​ထား​ပေး ပြီး သူ့မိန်းမ ကို လုံ​လောက်​ပြည့်​စုံ​အောင်​​ထောက်​ပံ့​ပေးထားခဲ့တယ်

သူ့အ​နေနဲ့ တာဝန်​မဲ့တဲ့သူမဖြစ်​ချင်​တဲ့အတွက်​ မယားဖြစ်​သူရဲ့ အနာဂါတ်​အတွက်​ ကိုကြိုတင်​ပြင်​ဆင်​ ​ပေးထားခဲ့တယ်​ …

သူ့မယားကို အခက်​မ​တွေ့​စေချင်​ဘူး ဒီလိုမှမဟုတ်​ယင်​သူ့စိတ်​ ထဲ​ကောင်း​မှာ လိပ်ပြာလုံမှာ ​မဟုတ်​ဘူး

နောက်​ဆုံး​တော့ သူ့အစီ အစဉ်​​တွေကို သူ့မိန်းမကို​ပြောပြလိုက်​တယ်​ ..သူမ ဟာ သူ့ရဲ့ အ​ကြောင်းပြချက်​နဲ့ ​တောင်းဆိုချက်​​တွေကို ရိုရိုကျိုးကျိုးနဲ့ ငြိမ်​ငြိမ်​​လေးထိုင်​နား​ထောင်​​ပေးတယ်

သတ်​မှတ်​ထားတဲ့ ​နေ့ ​ရောက်​​တော့ သူ့မိန်းမကို အိမ်​ဂရမ်​ နဲ့စာချုပ်​စာတမ်း​တွေဘဏ်​စာအုပ်​​တွေကိုလွဲ​ပေး ပြီး နှစ် ​၂၀ ​ကျော်​လက်​တွဲလာတဲ့ ဘဝ ကိုအဆုံးသတ်​လိုက်​ပြီး

အလုပ်​ရုံးခန်းဆီ ​ကို ထွက်​လာခဲ့​တော့တယ်​ ………တမနက်​လုံးသူ စိတ်​​တွေ ဂဏှာမငြိမ်​ဘူး​နေ့လည်​ ခင်းကျ​တော့သူအိမ်​ပြန်​လာ​တော့ သူမိန်းမ လည်းထွက်​သွားခဲ့ပြီ

သူမ ဟာသူဝယ်​ထား​ပေးတဲ့ အိမ်​​သော့ နဲ့အိမ်​ဂရမ်​ ​တွေဘဏ်​စာအုပ်​​တွေကို သူ့အိပ်​ယာ​ဘေးမှာချထား​ပေးခဲ့တယ်

အဲ့​အောက်​မှာ သူမ ​ရေးထားတဲ့စာတစ်​​စောင်​လည်း ရှိ​နေတယ်

ကျွန်​မပြန်​ သွားပြီ ..​နော်​ အ​မေတို့ ရွာကိုပဲပြန်​မှာပါ.ရှင့်​ရှာထားတဲ့ ပိုက်​ဆံ​တွေအိမ်​​တွေ ကျွန်​မ အတွက်​မလိုအပ်​လို့ပြန်​ထားခဲ့လိုက်​တယ်​ ..အ​မေတို့ဆီမှာ ကျွန်​မအတွက်​အကုန်​ရှိတာပဲ

အဝတ်အစား ​တွေ ​အိပ်​ရာခင်းနဲ့ ​ခြုံ​စောင်​အထူ​တွေကျွန်​မ​လျော်​ထား​ပေးခဲ့တယ်​ အဝတ်​ဘီရို ရဲ့ ​အောက်​ဆုံးထပ်​မှာထည့့်ထားတယ်​ အေးတဲ့အခါ ယူခြုံဖို့မ​မေ့နဲ့အုန်း

အဝတ်​​တွေကို ချိတ်​နဲ့ချိတ်​ထား ​ပေးတယ်​ ​ရှင့် ရဲ့ ​ခြေအိပ်​​တွေ နဲ့ ခါးပတ်​​တွေ က ဘီရိုအလယ်​ထပ်​ မှာ​နော်​ အတွင်းခံ​တွေ လဲ​လျော်​ထားပြီး အဝတ်​ဘီဒို ဘယ်​ဖက်​ကအံဆွဲထဲမှာ လိပ်​ပြီးစီထားတယ်​​နော်

ကျွန်​မ မရှိ​တော့ ​ပေမဲ့ ဆရာ​ပေးထားတဲ့ အစာ အိမ်​​ဆေး ​တွေ ​သောက်​ဖို့မ​မေ့နဲ့အုန်း.

နောက်​တစ်​ခု ရှင်​ကအိမ်​​သော့ခဏခဏ​မေ့တတ်​ ကျ​ပျောက်​တတ်​လို့ကျွန်​မ ​သော့အပို​တွေလုပ်​ထားပြီး ခြံ​စောင့်​ဦး​လေးကြီးအိမ်​မှာအပ်​ထား​ပေးတယ်​​နော်

မနက်​အလုပ်​သွားခါနီးရင်​ အိပ်​ရာ​ခေါင်းရင်းက ပြတင်း​ပေါက်​ ကိုပိတ်​သွားဖို့မ​မေ့နဲ့အုန်း မိုးရွာ လို့မိုးပက်​ရင်​ အိပ်​ရာ​တွေစိုရွဲကုန်​မယ်

ကျွန်​မ ရှင်​ကြိုက်​တဲ့ ဆိတ်​သား​ခြောက်​ နဲ့ဝက်​သား​ခြောက်​​နေတစ်​လှမ်း သား​တွေ ၄, ၅ ပိသာ​လောက်​ လုပ်​ထားပြီး ​ကြောင်​အိမ်​ထဲမှာ အိပ်​နဲ့ထည့်​ထားခဲ့တယ်​ စားချင်​တဲ့အခါဆီအိုး​လေးတည်​ပြီး​ကျော်​စားလိုက်​ယုံပဲ ပြီး​တော့ဟင်းချိုမုန့်​မပါ ပဲရွာကဆုံဆီသန့်​​တွေနဲ့ ​ကြော်​ထားတဲ့ဘာလ​ချောင်​​ကြော်​ပုလင်း​တွေလဲ ​ကြောင်​အိမ်​ ဒုတိယအဆင့့်မှာရှိတယ်

တင့်​​ဆွေ တို့ နဲ့ ဘီယာမြည်းမပြစ်​ လိုက်​နဲ့အုန်း

သူမ ​ရေးထားတဲ့စာ​လုံး​တွေ က ​ကြောင်​ခြစ်​ထားသလိုပဲ မညီမညာနဲ့ လက်​​ရေးကလဲစုတ်​ပြတ်​သတ်​​နေတာပဲ ဒါ​ပေမဲ့စာလုံးတိုင်းဟာ သူမရဲ့ ဖြူစင်​တဲ့စိတ်​ထားအမှန်​ ​တွေဆိုတာ သူခံစားမိ ​လေတိုင်း နှလုံးသားထဲမှာတစစ်​စစ်​နဲ့နာကျင်​လာတယ်

သူ​ ​ကြောင်​အိမ်​ ထဲ ကဘာလ​ချောင်​ပုလင်း​တွေထုတ်​ကြည့်​ပြီး…သူသာမာန်ဆင်းရဲသားငမွဲ​​လေး ဘဝ လွန်​ခဲ့တဲ့ နှစ်​၂၀ကတုန်းက သူ့ကိုဒီလို ပဲ ဘာလ​ချောင်​​ကြော်​​တွေ ​ကြော်​​ကျွေးခဲ့တုန်းက သူ ​ပျော်​ရွင်​ကြည်​နူးခဲ့ရဖူးတယ်

အဲ့ဒီတုန်းက ဘဝတစ်​​လျှောက်​လုံးမှာ သူမ ကို​ပျော်​ရွင်​​အောင်​ထားရ မယ်​လို့ သူ့ကိုယ်​ သူဂတိ ​ပေးခဲ့ဖူးတယ်

သူချက်​ချင်းပဲ ကား​မောင်းထွက်​ပြီးသူ့မိန်းမ ကိုလိုက်​ရှာတယ်​ နာရီဝက်​​လောက်​ကြာ​တော့ ကားဂိတ်​မှာ သူ့မိန်းမကို ​တွေ့တယ်​ သူ့တစ်​ကိုယ်​လုံးလဲ​ချွေး​တွေရွဲနစ်​​နေတာပဲ

သူ …မိန်းမကို​ဒေါသနဲ့လှမ်း​အော်​တယ်​ ..နင်​က ဘယ်​ကိုသွားမလို့လဲ ငါအခုအလုပ်​ကပြန်​လာတာ တစ်​​နေကုန်​ပင်​ပန်းလာတာ ထမင်း​တောင်​မစားရ​​သေးဘူး

အိမ်​ရှင်​မတာဝန်​ဆိုတာ ဒီလိုပဲ လင်​ကို ပစ်​ထား ရသလား ? ငါနဲ့ခုချက်​ချင်းအိမ်​ပြန်​လိုက်​ခဲ့ …

သူ့ဇနီး လည်း မျက်​ရည်​​တွေစီးကျလာ ယင်း ထိုင်​ရာကထပြီးသူ့​နောက်​ကို တိတ်​တိတ်​ဆိတ်​ဆိတ်​ပဲလိုက်​လာ ခဲ့​တော့တယ်​ သူမ မျက်​နာမှာလည်း ​မျက်​ရည်​စ​တွေနဲ့ ..ပြုံးလာတယ်

သူမ မသိတာက သူ့​ရှေ့က စိုက်​စိုက်​နဲ့​လျောက်​​နေနဲ့ သူ​ယောက်ျား ရဲ့ပါးမှာမျက်​ရည်​​တွေစီးကျ​နေတယ်​ဆိုတာပါပဲ

စော​စောက ကားဂိတ်​ကိုသူ ကား​မောင်းလာ​တော့လမ်းမှာတစ်​လမ်းလုံးသူစိုးရိမ်​လာတာ သူမကိုပြန်​ရှာ လို့မ​တွေ့​တော့မှာကိုပဲ အရမ်း​ကြောက်​​နေခဲ့တာပါ

သူဟာ သူ့ကိုယ်​သူကြိမ်​ဆဲမိတယ်​ ဘာလိုအဲ့​လောက်​​တောင်​အသုံးမကျတာလဲ ဘာမဟုတ်​တဲ့ တစ်​ခြားမိန်းမ လှတာ​လေးနဲ့ပဲ သူ့ ကိုသိပ်ချစ်သိပ်ရို​​သေပြီး သူနဲ့အတူ ​အေးအတူပူအမျှ နှစ်​​ပေါင်း၂၀​ကျော်​ အပင်​ပန်းအဆင်းရဲအတူတူခံလာတဲ့မိန်းမကိုပစ်​ပယ်​​ဖို့စဉ်းစားမိရတာလဲ ​ပေါ့ တကယ်​ဆို သူမ ဟာ သူ့ဘဝရဲ့ ခွဲခွာမရတဲ့ ဘဝအစိတ်​အပိုင်းတစ်​ခုပါပဲ ဆိုတာသူနားလည်​သွားပါပြီ

ပျော်​ရွင်​မှု့ဆိုတာ ဘဏ်​စာအုပ်​ထဲက ​ငွေ​ကြေးပမာဏ​ပေါ်မှာမမူတည်​ပါဘူး ကိုယ်​ချစ်​တဲ့သူရဲ့အပြုံး​ပေါ်မှာတာမူတည်​တာပါ

လွပ်​လပ်​မှု့ဆိုတာ လူတိုင်းအတွက်​ဖြစ်​နိုင်​ပါတယ်

ကိုယ်​ကသာ​ရွေးချယ်​မလားဆိုတာ မူတည်​သွားတာပါ

သင်သိရင် အေးချမ်းလိမ့်မယ်(Page)

Wonyan Kha

error: Content is protected !!