“အရက်ဘီယာ” တို့နှင့် လုံးဝတွဲဖက်မစားသင့်သော အမြည်းများ

🍺🍺အရက်ဘီယာတို့နှင့် လုံးဝတွဲဖက်မစားသင့်သော အမြည်းများ🍺🍺

🍸🍸 အရက်ဘီယာ ဆိုတာ ကျန်းမာရေးအတွက် မကောင်းလှပေမယ့် လူမှုဆက်ဆံရေး အသိုင်းအဝိုင်းတွေ မှာ လူမှုရေးအနေနဲ့သော်လည်းကောင်း၊ စိတ်ပျော်ရွှင်မှု (recreation) တစ်ခုအနေနဲ့သော်လည်းကောင်း အမျိုးသား၊ အမျိုးသမီးမရွေး သောက်သုံးလာကြပါတယ်။ ဒါ့ကြောင့် ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင် ဆိုသလိုပဲ အရက်နဲ့ တွဲဖက်မစားသင့်တဲ့ အစားအစာများကို ဖော်ပြလိုက်ပါတယ်။

(၁) ဆီကြော်မျာ🍟🍟🍕🍕

မြန်မာနိုင်ငံမှာအလွန်လူကြိုက်များတဲ့ အမြည်းပုံစံဖြစ်ပြီး ယေဘုယျအားဖြင့် ဈေးလည်းပေါလေ့ရှိတာ ကြောင့် လူအများစားသုံးလေ့ရှိပါတယ်။ ဥပမာ – အာလူးချောင်းကြော်၊ ဝက်နံရိုးနုကြော်၊ ကြက်အရေခွံကြော် စသဖြင့် မှာစားလေ့ရှိကြပါတယ်။ ဘီယာထဲမှာကိုက Triglyceride လို့ခေါ်တဲ့ ကိုလက်စထရောကို များစေတဲ့ ဓာတ်ပါဝင်ပါတယ်။ ဒါ့ကိုမှ အားမရသေးပဲ အကြော်ခံဆီတွေနဲ့ ကြော်ထားတဲ့ ဆီကြော်မုန့်တွေကို စားမယ်ဆိုရင်တော့ အသက်ငယ်ငယ်နဲ့ အဝလွန်ခြင်း၊ နှလုံး၊ဦးနှောက်သွေးကြောများကျဉ်းခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။

(၂) အသင့်စားအစားအစာများ နှင့် အစပ်မျာ🍔🍱🍲🍯း

လဆန်းပိုင်းလခထုတ်ရက်လေးတွေဆိုရင်တော့ ဘီယာဆိုင်မှာ အမြည်းကောင်းကောင်းနဲ့ သောက်နိုင် ပေမယ့် လကုန်ပိုင်းနားကပ်လာရင်တော့ ဘီယာဗူးလေး အိမ်မှာဝယ်ပြီး convenience store က အာလူးကြော်လေးနဲ့ နှစ်ပါးသွားတဲ့ သူတွေများပါတယ်။ ဒါဟာလဲ ကောင်းတဲ့ အချင်းအရာတစ်ခုတော့ မဟုတ်ပါဘူး။ ကြာရှည်ခံအောင်လုပ်ထားတဲ့ chemical တွေအပြင် အလွန်အမင်းထည့်ထားတဲ့ ဆားတွေဟာ အရက်ဘီယာရဲ့ နဂိုရှိရင်းစွဲ သွေးတိုးစေတဲ့အာနိသင်ကို နှစ်ဆတိုးစေပါတယ်။ ဒါ့အပြင် အရက်၊ဘီယာတွေဟာ အက်စစ် အာနိသင်ရှိတာကြောင့် အများကြီးသောက်သုံးတဲ့အခါ အစာအိမ်ကို ထိခိုက်စေနိုင်ပါတယ်။ အဲ့ဒါကို ပိုဆိုးစေတာကတော့ စပ်တဲ့ အစားအသောက်တွေဖြစ်ပါတယ်။

ချဉ်စပ်တဲ့ အရသာဟာ အရက်သမားအကြိုက်လို့ ပြောရလောက်အောင် ခံတွင်းကိုရှင်းစေတယ်၊ အာရုံကို လန်းဆန်းစေတာမှန်ပေမယ့် အစာအိမ်ကို အရက်နဲ့အတူနှစ်ဆတိုးထိခိုက် ပျက်စီးစေပါတယ်။ စားသောက်ဆိုင်မှ ပြင်ဆင်ပေးတဲ့ ချဉ်စပ်အရသာရှိတဲ့ ဆော့စ် များဟာလဲ စားလို့ကောင်းရုံသာရှိပြီး ကြာရှည် ချဉ်စပ်သော အရသာနဲ့ ဘီယာအရက်နဲ့ မြည်းတဲ့သူတွေဟာ အစာအိမ်ရောင်ရမ်းမှု ရောဂါ (Gastritis)၊ အစာအိမ်ပါးခြင်း (gastric erosion)၊ သွေးအန်ခြင်း တွေဖြစ်တာကို တွေ့ရပါတယ်။

(၃) လိမ္မော်သီး နှင့် ချဉ်သော အသီးများ🍊🍊🍊🍊

အရက်ဘီယာဟာ အသီးအနှံတွေနဲ့ သောက်သုံးရင် ကျန်းမာရေးနဲ့ အထူးသင့်တော်တာ မှန်ပေမယ့် အဲ့ထဲမှာ ချဉ်သောအသီးအနှံမျး (citrus fruit) တွေ မပါပါဘူး။ မြန်မာနိုင်ငံက ဘီယာဆိုင်တွေမှာ သီးစုံတစ်ပွဲလို့မှာလိုက်ရင် လိမ္မော်သီးဟာ မပါမဖြစ်လို့တောင် ပြောလို့ရပါတယ်။ တကယ်တော့ လိမ္မော်သီးနဲ့ မြည်းတာဟာ စမတ်ကျတယ် ထင်ရပေမယ့် အစာအိမ်ကို အရက်နဲ့ အတူတူထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အသီးအနှံတွေနဲ့ မြည်းတဲ့အခါ အချိုဓာတ်ပါပြီးအရည်ရွှမ်းသော အသီးအနှံများဟာ အရက်ဘီယာနှင့် အထူးသင့်တော်ပါတယ်။

(၄) ကိုကာကိုလာနှင့်အချိုရည်များ🍹🍷🍶🍹

ဒါကတော့ အရက်သောက်တတ်တဲ့သူတွေကို အရက်ကြောင့်ဖြစ်တဲ့ရောဂါထက် အခြားသော ရောဂါတွေပါ အစစ်ထည့်ပေးနေတဲ့ အရာပဲဖြစ်ပါတယ်။ အချိုဓာတ်လွန်ကဲတဲ့ ကိုကာကိုလာနဲ့ အချိုရည်များဟာ အရက်ပိုမိုသောက်ခြင်းကိုဖြစ်စေပြီး ပါဝင်သော ကဖင်းဓာတ်များကြောင့် အစာအိမ်နံရံကို ပါးစေရုံသာမက ဆီးချိုသွေးချိုရောဂါ၊ အဝလွန်ခြင်းတို့ကိုပါဖြစ်စေပါတယ်။ အချိုရည်လို့ပြောတဲ့ နေရာမှာ energy drink များဟာ အဆိုးဝါးဆုံးဖြစ်ပါတယ်။

ဒီလိုဆိုတော့ ဆိုဒါနဲ့သောက်လို့ရလားဆိုတဲ့ မေးခွန်းရှိပါတယ်။ Soda ကတော့ အရက်ရဲ့ အရသာကို ပျော့သွားစေရုံသာမက အစာအိမ်ကို ထိခိုက်မှုကိုလဲ လျော့နည်းစေတဲ့အတွက် အချိုရည်တွေထက်စာရင်တော့ ကောင်းတယ်လို့ဆိုရမှာပါ။ ဒါပေမယ့် အရက်ကို ရေနဲ့ရောသောက်တာလောက်တော့ ဘယ်အရာမှ safe မဖြစ်ပါဘူး။

(၅) ဒါဆို ဘာတွေနဲ့ စားသင့်လဲ။🍅🍉🍈🌽

အရက်၊ဘီယာသောက်ရင် အမျှင်ဓာတ် (fibre) ၊ သတ္တုဓာတ် (electrolyte)၊ ရေဓာတ် (water)၊ အချိုဓာတ်အနည်းငယ် (sugar)၊ အသားဓာတ် ( protein) စတာတွေ လိုအပ်ပါတယ်။ ဒါကြောင့် ဆီနည်းနည်းသာ ထည့်ထားသော အသားသုတ်များ၊ အသီးအရွက်သုပ်များ၊ ငါးပေါင်းများ၊ သီးစုံပွဲများ စတာတွေဟာ အထူးသင့်တော်ပါတယ် (ဈေးလဲကြီးပါတယ်)။ ဈေးနည်းနည်းနဲ့ အဆင်ပြေအောင် ဆိုရင်တော့ အသီးအရွက်နှင့် နို့ကိုသာ အသုံးပြုပြီးပြုလုပ်ထားသော cheese ဟာ ကိုယ်တွင်း carbohydrate နဲ့ protein ဓာတ်ကို ထိန်းထားနိုင်တဲ့ အပြင်အစာအိမ်ကိုလဲ အလွှာတစ်ထပ်အနေနဲ့ ကာကွယ်ပေးထားလို့ အထူးသင့်တော်ပါတယ်။

(အယူအဆ အကွဲတွေတော့ များစွာရှိနိုင်ပါတယ်)။ နောက်တစ်ခုသတိပေးချင်တာက တော့ အရက်ဘီယာကို ဝမ်းတွင်းသားတွေနဲ့ လုံးဝတွဲဖက်မစားဖို့ ပြောချင်ပါတယ်။ အရက်ဘီယာတွေမှာ uric acid ပါဝင်မှုနှုန်းမြင့်ပါတယ်။ ဝမ်းတွင်းသားတွေဖြစ်တဲ့ အသည်းမြစ်ကင်၊ အူစုံသုပ်၊ အူမသုပ် စတာတွေဟာ လဲ uric acid ပါဝင်မှုနှုန်းမြင့်မားတဲ့ အစားအသောက်တွေ ဖြစ်တာကြောင့် အချိန်တန်ရင် gout ရောဂါနှင့် အခြားသော ရောဂါများ ဖြစ်ဖို့ အလွန်အားပေးကြောင်း ပြောချင်ပါတယ်။

By

Dr.Zaw Htet Aung

error: Content is protected !!