“ရန်ကုန်တိုင်း” သည် ရေကြီးသည့် စာရင်းမှ လွှတ်မြောက်လာခဲ့ပြီဟု ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်တိုင်းဒေသကြီးသည် ရေကြီးသည့်စာရင်းမှ လွှတ်မြောက်လာခဲ့ပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောသည်။

ဇွန် ၁၈ ရက်နေ့ ပြုလုပ်သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒသကြီးလွှတ်တော်အစည်းအဝေးအပြီး သတင်းမီဒီယာနှင့် တွေ့ဆုံစဉ် ဝန်ကြီးချုပ်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့တိုင်းကတော့ ကျွန်တော်တို့စတာဝန်ယူခဲ့တဲ့ လွန်ခဲ့တဲ့သုံးနှစ်လောက်တုန်းက ရေကြီးရေလျံအတော်လေးရှိပါတယ်။ဒါအားလုံးသိပါတယ်။ ကျွန်တော်ထောက်ကြန့်နားက ဘာလားချောင်းဆို ၂၀၁၆ မှာရေကြီး တယ်။

အဲ့ဒီနှစ်တုန်းကဆိုလို့ရှိရင် အဖျောက်လမ်းမကြီးကို ရေကျော်လို့ ရေနှုတ်မြောင်းတံတားတွေ ပါသွားတာရှိပါတယ်။ အဲ့ဒီအပိုင်းကို ကျွန်တော်တို့ ပြုပြင်မှုတွေတောက်လျောက်လုပ်ခဲ့တယ်။ အဓိက ကတော့ ဆည်မြောင်းကဏ္ဍဘက်နေပြီးတော့ ချောင်းကော၊ မြောင်းကောမဖြစ်ရေးကြိုးစားခဲ့တယ်။ တဖက်ကနေ ပြီးတော့ ဧရာဝတီမြစ်နဲ့ မြစ်တွေရဲ့မြစ်ကမ်းပါးတွေ ပြိုကျမှုကို ကျွန်တော်တို့ တတ်နိုင်သလောက် ထိန်းခဲ့ပါတယ်။

ဒီထိန်းသိမ်းဆောင်ရွက်ခဲ့တာတွေက နှစ်စဉ်နှစ်တိုင်းဘီလီလျံ နှစ်ဆယ်ကျော် ၃၀လောက်အထိ သုံးစွဲခဲ့ပါတယ်။အခုသုံးနှစ်ရောက်ခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မိုးတွင်းကာလတုန်းကတော့ တိုင်းနယ်ပြည်နယ်တွေအတွင်းမှာ ကျွန်တော်တို့တိုင်းကတော့ အရှင်းဆုံးပြောရရင် မိုးမိုးများများရွာရင်ရေ တင်တာရှိပါတယ်။ဒါပေမယ့် ရေကြီးတဲ့ စားရင်းထဲကတော့လွှတ်မြောက်လာခဲ့ပါတယ်” ဟု ဝန်ကြီးချုပ်ကပြောသည်။

ထို့အပြင် ရေကြီးရေလျံမှု ပြဿနာမဖြစ်ပေါ်စေရေးအတွက် ရေမြောင်းများပြုပြင်ခြင်း၊ Pump များတပ်ဆင်၍ ရေးများ စုတ်တင်ခြင်း ရေတံခါးများတပ်ဆင်ခြင်းလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်မည်ဟုလည်း ဝန်ကြီးချုပ်က ပြောသည်။

” နာရီတိုလေးအတွင်းမှာရေလောင်းချသလို မိုးရွာတဲ့ အခြေအနေမှာ ကျွန်တော်တို့မှာရှိတဲ့ ရေနှုတ်မြောင်း တွေရဲ့ ဆောင်ရွက်နေတဲ့ အခြေအနေက ဆွဲမဆင်းနိုင်တဲ့ အခြေအနေဆိုရင် လမ်းပေါ်ရေတင်တဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီထက်ဆိုတဲ့ အခြေအနေတစ်ခုကတော့ ဒီရေပြန်တက်တဲ့အချိန်မှာ ချောင်းက အောက်ကရေထောက်ရင် ကျွန်တော်တို့ အပေါ်ရေဆွဲဖို့က နည်းနည်းအခက်အခဲဖြစ်နိုင်ပါတယ်။

ဒီအခြေအနေ နဲ့ပတ်သက်ရင်လည်း ကမ္ဘာဘဏ်အကူအညီနဲ့ရေတံခါးတွေတပ်မယ်။Pumpနဲ့ ထုတ်နိုင်ဖို့အတွက်ကျွန်တော်တို့ ကြိုးစားမယ်။မြောင်းတွေကိုလည်း အခုထက်နဲ့နဲ့ပိုပြီး ကျယ်ဖို့အတွက်ဆောင်ရွက်ပါမယ်။ဒီဥစ္စာကတော့ Down Town ဧရိယာတွေကို ပထမဦးစားပေးလုပ်ပါမယ်။နောက် ပိုင်းတော့ မြို့နယ်တစ်ခုလုံးကိုလည်း လုပ်ပါမယ်” ဟု ၄င်းကပြောသည်။

ကိုလင်း(News Watch)

“မဟာ ခေတ်သစ်မီဒီယာ” “Maharmedianews” သည် “News Watch” သတင်းဌာန၏ သတင်းများကို ဖော်ပြရန် တရားဝင် ခွင့်ပြုချက် ရရှိထားပြီးဖြစ်ပါသည်။

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!