H1N1 ကူးစက်ရောဂါဖြင့် လူနာ ၁ ဦး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံး

ရန်ကုန်ပြည့်သူ့ဆေးရုံကြီး၌ ယနေ့ ဇွန် ၁၉ ရက်တွင် ရာသီတုပ်ကွေး A(H1N1) ကူးစက်ရောဂါသံသယဖြင့် လူနာ ၁ ဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ News Wach က သွားရောက်မေးမြန်းခဲ့ရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်ကြီးက ၀န်ကြီးဌာသို့မေးမြန်းရန်နှင့် ဆေးရုံ ၀င်စာ/ထွက်စာ ဌာနတွင် စာတင်ခဲ့ရန် ပြောကြားခဲ့သည်။

အဆိုပါ သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း (ရန်ကုန်) နိဗ္ဗာယာဉ်ဖြင့် ရေဝေးသုဿာန်မီးသင်္ဂြိုဟ်စက်သို့ (အခမဲ့) ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇွန် ၁၇ ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်မှ အမျိုးသမီးတဦးသည်လည်း A(H1N1) ရောဂါသံသယဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားသည့်အတွက် ကော့မှူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနသို့ ပေးပို့ထားသည့်အကြောင်းကြားစာ ၁ စောင် လူမှုကွန်ရက်တွင် ပြန့်နှံ့လျက်ရှိသည်။

TCM (News Watch)

ဓါတ်ပုံ – နာရေးကူညီမှုအသင်း (ရန်ကုန်)

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!