မြို့တော်စည်ပင်ရဲ့ မြို့ရေပေးဝေရေး လုပ်ငန်း စံချိန်စံညွှန်းမပြည့်မီဘဲ ငွေအလွဲသုံးစားလုပ်ခဲ့မှု ကို ဖော်ထုတ်လိုက်တဲ့ ပြည်သူတစ်ဦး

ပြင်ဦးလွင်စည်ပင်ရဲ့မြို့ရေပေးရေး လုပ်ငန်းစံချိန်စံညွှန်းမပြည့်မှီဘဲ ငွေအလွဲသုံးစားလုပ်ခဲ့မှု ကို ကိုစိုင်းဝဏ္ဏ ဆိုတဲ့ ပြည်သူ တစ်ဦးက ဖော်ထုတ်လိုက်ပါတယ်

ပြင်ဦးလွင်လို့ ခေါ်နေကြတဲ့ မေမြို့က မြို့ ရေပေးရေးလုပ်ငန်းတစ်ခုပါ။ ရပ်ကွက်ကြီး(၈)၊ ရတနာလမ်းဘေးမှာပါ။

တရားဝင် တင်ဒါအောင်တဲ့ ကုမ္ပဏီလက်ထဲကနေ အတင်းအဓမ္မ လက်မှတ်ရေးထိုးစေပြီး စည်ပင်က တာဝန်ရှိသူတွေ ဝိုင်းလုပ်ခဲ့ကြတာပါ။

” တခြားလူ လုပ်မှာမဟုတ်ဘူး…. စည်ပင်ကလူတွေလုပ်မှာ….မင်းက ငါတို့ကို မယုံဘူးလား…”လို့ အစည်းအဝေးခန်းမှာ မေးခဲ့တုန်းက “အားမနာတမ်း ပြောရရင်မယုံဘူး….”လို့ ဒဲ့ပြန်ပြောတော့ ဆွေ့ဆွေ့ခုန်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း သူတို့လုပ်မှာကို သဘောတူညီကြောင်း ဇွတ်အတင်းလက်မှတ်ထိုးခိုင်းပြီး လုပ်ခဲ့ကြပါတယ်။ တွက်ချက်မှုနဲ့ အများကြီးကွဲလွဲပြီးမြေပြင်မှာ ဖြစ်သလိုလုပ်ခဲ့ကြပါတယ်။

အနက် (၃ ပေ) မြေတူးဖို့တွက်တွက်ထားပြီး မြေပြင်မှာ အနက် ( တစ်ပေခွဲ) သာ တူးခဲ့ပါတယ်။ ပိုက်တွေအလွယ်တကူ မကွဲအောင် (၆လက်မထု)သဲကြပ်ဖို့ ထည့်တွက်ထားပေမယ့် မြေပြင်မှာ သဲ လုံးဝ မကြပ်ခဲ့ပါဘူး။

ပိုက်အထူ(13.5 Class) ဈေးနဲ့တွက်ထားပြီး မြေပြင်မှာ (8.5 class) ပိုက်အပါးတွေ ဝယ်သုံးခဲ့ပါတယ်။ ပိုက်ဆက် (Socket) တွေ ထည့်တွက်ထားပေမယ့် မြေပြင်မှာ ပိုက်ကို မီးအပူပေးကော်သုတ် ပြီးဖြစ်သလိုတေ့ဆက်ထားခဲ့ပါတယ်။

စည်ပင်သာယာကလုပ်တဲ့ လုပ်ငန်းကို QC , Work Done စစ်တော့ သူတို့ကိုယ်တိုင်ပဲ ပြန်စစ်ခဲ့ပါတယ်။ လုပ်ငန်းပြီးစီးကြောင်း(Completing Certificate )ကို သူတို့ကိုယ်တိုင်လက်မှတ်ပြန်ထိုးခဲ့ကြပါတယ်။

မြေပြင်မှာ တွေ့နေရတဲ့အတိုင်း တာဝန်ခံအင်ဂျင်နီယာကို ဖုန်းဆက်ပြောတော့ လည်း တာဝန်ခံမှုမရှိခဲ့ပါဘူး။ ကဲ….. မည်သူ့တွင် တာဝန်ရှိနေပါသလဲ…..? တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ဘာလဲ..?

အမှုဆောင်အရာရှိ ဆိုသူ….? တိုင်းညွှန်မှူးဆိုသူ…..? ဝန်ကြီးဆိုသူ…..? ဘယ်သူ့မှာ တာဝန်ရှိနေပါသလဲ…..?

ပိုက်တွေက ဆွေးမြေ့ပုပ်သိုး မသွားပါဘူး။ အမှန်တရားဆိုတာလည်း ဆွေးမြေ့ပုပ်သိုး မသွားပါဘူး။ လုပ်ငန်းငွေတွေ အလွဲသုံးစား လုပ်ခဲ့တဲ့တရားခံတွေကို ဝိုင်းဝန်းဖော်ထုတ်ပေးကြပါ။

တာဝန်ရှိသူတွေဆီကို စာနဲ့တရားဝင်တင်ခဲ့ပေမယ့် ဘာသံမှ ပြန်မကြားရလို့ Social media ပေါ်တင်တာပါ။ ဓါတ်ပုံမှတ်တမ်း၊ Estimate အားလုံးရှိပါတယ်။

ဒီဓါတ်ပုံတွေ ကျနော်ကိုယ်တိုင် အဖော်တစ်ယောက်နဲ့ လိုက်ရိုက်ထားခဲ့တာပါ။ ကဲ…. ရှင်းကြပါ။ တာဝန်ယူကြပါ။ တာဝန်ခံကြပါ။

( ခွေးကိုက်မှာ မကြောက်လို့ တင်လိုက်တာပါ )

စိုင်းဝဏ္ဏ

၁၁.၇.၂၀၁၉ ” ဆိုပြီး တင်ထားတာဖြစ်ပါတယ်။

စိုင်းဝဏ္ဏ ဟာ ယခုကိစ္စကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခဲ့ပေမယ့် ဘာမှ မထူးဘူးလို့ ပြောပါတယ်

Source : Sai Wunna’s FB

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!