မကွေးမြို့တွင် ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက်ရေးအတွက် ဆန္ဒထုတ်ဖော်

ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက်ရေးအတွက် ဆန္ဒထုတ်ဖော်မှုကို ယနေ့( ဇူလိုင် ၁၄ )နံနက်ပိုင်းက မကွေးမြို့တွင် ပြုလုပ်ခဲ့သည်။ဆန္ဒထုတ်ဖော်သူများက မကွေးမြို့ အေးစေတီဘုရားအနီး မြေကွက်လပ်မှ စုရပ်ပြုလုပ်၍ အထက(၁)လမ်း၊ ဆေးရုံလမ်း၊ ပြည်တော်သာလမ်း၊ ရွာသစ်(၁၆)လမ်း၊ မဲထီးလမ်း၊ သစ္စာလမ်းမှတဆင့် အထက(၁)လမ်းအတိုင်းစီတန်းလှည့်လည်ကာ ဗစ်တိုးရီးယားအတွက် တရားမျှတမှုရှာဖွေရေး၊ ကလေးသူငယ်များအတွက် လုံခြုံတဲ့ပတ်ဝန်ကျင်ဖန်တီးပေးရေး၊ နောက်ထပ်ဗစ်တိုးရီးယားများ အလိုမရှိ စာတန်းပါ ဗီနိင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

” ကျွန်မတို့ဒီပွဲလုပ်ရတဲ့ရည်ရွယ်ချက်က ဗစ်တိုးရီးယားလေးအတွက်ဆိုတဲ့ပါစင်နယ်ဆိုတဲ့မဟုတ်ပါဘူး ကိုကို ညီညီအတွက် လည်းမဟုတ်ဘူး အောင်ကြီးအတွက်လည်မဟုတ်ဘူး ကျွန်မတို့လုပ်တာက ရွဲ့စောင်းနေတဲ့တရားရေးမဏ္ဍိုင်ကို တည့်တည့်မတ်မတ် ခန့်ခန့်တည်တည်ဖြစ်စေချင်တဲ့ဆန္ဒနဲ့ကျွန်မတို့ လုပ်တာပါ” ဟု ဆန္ဒပြပွဲမှာ ဦးဆောင်နေရာတွင်ပါဝင်သူ မကွေးမြို့မှ ဒေါ်ကြူကြူခိုင် ကပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို အရပ်ဖက်အဖွဲ့စည်းများစုပေါင်းကျင်းပခြင်းဖြစ်ပြီး လူအင်အား(၅၀၀)ကျော်ဖြင့် သက်ဆိုင်ရာသို့ ခွင့်ပြုချက်တင်ကာ ဆောင်ရွက် ခြင်းဖြစ်ကြောင်းသိရသည်။

ယနေ့တွင် ကရင်ပြည်နယ် ဘားအံမြို့တွင်လည်း ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရပါသည်။

ဒီလှိုင်း(News Watch)

“မဟာ ခေတ်သစ်မီဒီယာ” “Maharmedianews” သည် “News Watch” သတင်းဌာန၏ သတင်းများကို ဖော်ပြရန် တရားဝင် ခွင့်ပြုချက် ရရှိထားပြီးဖြစ်ပါသည်။

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!