“ဖမ်းမိတာကိုက ငါ့အမှားပါကွာ”

Surprise Check မှာ ကားဆရာအစစ်ခံရပါတယ်…

PK – ယာဉ်မောင်းလိုင်စင်ပြပါ…

Dvr – မရှိဘူး ဆရာ

PK – ကားမောင်းစားပြီးတော့ မလုပ်ထားဘူးလား?

Dvr – မလုပ်ထားဘူး

PK – ကညနရုံးမှာ ဖောင်တင်၊ ပြီးရင် ရေးဖြေ၀င်ဖြေလိုက်… လက်တွေ့မောင်းပြတာကတော့ အခုလည်းမောင်းနေတာပဲ ဘာခက်မှာမို့လို့လဲ?

Dvr – ကညနရုံးကိုသွားပြီးပြီ… မှတ်ပုံတင်တောင်းတယ်၊ ငယ်ငယ်ကလုပ်ထားတာ ဘယ်ပျောက်သွားလဲမသိဘူး… မရှိတော့ဘူး…

PK – မှတ်ပုံတင်များကွာ ဘာခက်တာလိုက်လို့ အိမ်ထောင်စုစာရင်းရှိရင် လုပ်လို့ရနေတာပဲကို…

Dvr – မှတ်ပုံတင်ရုံးကိုသွားတယ်… မွေးစာရင်း ထောက်ခံစာယူခဲ့ပါဆိုလို့…

PK – ဒါလည်း ဘာခက်တာမို့လို့ကွာ…

Dvr – ခက်တော့မခက်ပါဘူး… အဲဒါမွေးစာရင်းထောက်ခံစာသွားယူတာ အသက်အာမခံထားရမယ်တဲ့…

PK – အဲဒါလည်း စုပေါင်းရုံးမှာ အသက်အာမခံဌာနရှိတယ်လေ… သွားလိုက်ပေါ့ကွ

Dvr – အဲဒီကိုလည်းသွားပါတယ်… အသက်အာမခံကြေးငွေကို ဘဏ်မှာသွားဆောင်ပါတဲ့…

PK – အဲဒီတော့ သွားမဆောင်လိုက်ဘူးလား?

Dvr – ဆောင်ဖို့သွားပါတယ်… ဘဏ်ကိုရောက်တော့ “မှတ်ပုံတင်ပြပါ“ တဲ့…

PK – ဟင်… မင်းမှာမှမရှိတာ!

Dvr – ဟုတ်တယ် မရှိဘူးပြောတော့… ဒါဖြင့်လည်း ယာဉ်မောင်းလိုင်စင် ပြပါတဲ့…

PK – အတော်ရှုပ်တဲ့ကောင်ကွာ… ဖမ်းမနေတော့ဘူး… သွားပါတော့…မြန်​မြန်​ သွားပါ​တော့ကွာ..

မင်းနဲ့မှ ငါလည်းရူးကြောင်ကြောင်ဖြစ်ချင်လာပြီ…

ငိုးမ ဖမ်းမိတာ​တောင်​ ငါ့အပြစ်​ပါကွာ

Credit

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!