“မဟာဗန္ဓုလပန်းခြံနှင့် အင်းလျားကန်ပေါင်” အပါအဝင် ရန်ကုန်မြို့ရှိ (၅) နေရာကို အင်တာနက် Wifi Free စနစ်များ တပ်ဆင်မည်

မဟာဗန္ဓုလပန်းခြံနှင့် အင်းလျားကန်ပေါင်အပါအဝင် ရန်ကုန်မြို့ရှိ အများပြည်သူအပန်းဖြေစရာ နေရာ ၅ ခုကို အင်တာနက် (Wifi Free) စနစ်များ တပ်ဆင်ပေးရန်စီစဉ်နေကြောင်း Telecom International Myanmar (Mytel) ကုမ္ပဏီထံမှ သိရသည်။

”အများပြည်သူအပန်းဖြေနေရာများဖြစ်သည့် မဟာဗန္ဓုလပန်းခြံ၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်၊ သုဝဏ္ဏပန်းခြံ၊ Sule Square နှင့် အင်းလျားကန်ပေါင်နေရာများတွင် အင်တာနက် Free Wifi (အခမဲ့သုံး)စနစ်များ တပ်ဆင်ပေးရန် Telecom International Myanmar Mytel ကုမ္ပဏီက စီစဉ်နေခြင်းဖြစ်ပြီး ယင်းအစီအစဉ်နှင့်ပတ် သက်၍ ကုမ္ပဏီမှ တာဝန်ရှိသူများက ဇူလိုင် ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ ၄ ၌တွေ့ဆုံ၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

”သွားတွေ့တာကတော့ ကျွန်တော်တို့ Branch က သွားလိုက်တာ။ နေရာ ၅ ခုမှာ အစိုးရက ခွင့်ပြုမယ်ဆိုရင် Free Wifi ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့တာပေါ့။ အစိုးရက ခွင့်ပြုဖို့များတယ်။ ခွင့်ပြုမယ်လို့ ယူဆရတာပေါ့။ အစိုးရကခွင့်ပြုတာနဲ့ ကျွန်တော်တို့လုပ်မှာပါ။ ဘာလို့လဲဆိုတော့ Infra ကတော့ အဆင်သင့်ရှိနေပြီးသားလေ။ တခြားကျောင်းတွေမှာလည်း ပေးထားတာတွေလည်းရှိတော့ ကျွန်တော်တို့ဘက်ကလုပ်တာ မြန်ပါတယ်။

ဒီနေရာတွေကို Free Wifi စနစ်တပ်ဆင်မယ်ဆိုရင် အနီးဆုံးဖိုက်ဘာရှိရင်တော့ ဖိုက်ဘာနဲ့ချိတ်ပြီးတော့ သွားမှာပါ။ မရဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့တိုင်ကနေပြီးတော့ မိုက်ကရိုထိုးပြီးတော့ပဲ ဝါယာလက်နဲ့ ချိတ် ပေးမှာပါ”ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက News Watch သို့ပြောသည်။

Telecom International Myanmar (Mytel) ကုမ္ပဏီသည် ၂ဝ၁၈ ခုနှစ်အတွင်း နိုင်ငံတဝန်းရှိ စာသင်ကျောင်းပေါင်း ၁ဝဝ ကျော်ကို Free Wifi စနစ်များ တပ်ဆင်ပေးထားပြီး ထိုသို့ Free Wifi စနစ်များ တပ်ဆင်ပေးထားသည့် ကျောင်းများတွင် ရန်ကုန်တိုင်းဒေသကြီးရှိ စာသင်ကျောင်း ၂ဝ ကျော်ပါဝင်ကြောင်း သိရသည်။

ကိုလင်း(News Watch)

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!