ထိုင်း – မြန်မာနယ်စပ်က ပိန်ဆေး ထုတ်လုပ်နေသည့်အလုပ်ရုံများ ကို အာဏာပိုင်များက ၀င်ရောက်ဖမ်းဆီး

ထိုင်းအာဏာပိုင် ရဲတပ်ဖွဲ့ နဲ့  ဆေးဝါးထိမ်းချုပ်ရေး ၀န်ထမ်းတွေနဲ့ အတူ ထိုင်းမြန်မာ နယ်စပ် မဲဆိုင် မြို့  ၀င်ဖန်ခံ နယ်မြေ မှာရှိတဲ့ ရုပ်ပျို ကိုယ်ပိန်ဆေး ထုတ်လုပ်တဲ့ အလုပ်ရုံ နဲ့ ရောင်ချနေတဲ့ နေရာ ၁၁ နေရာကို SSRI (Selective Serotonin Reuptake Inhibitors) ၀င်ရောက် ရှာဖွေပြီး တဆိပ်မျိုးစုံ ထုတ်နေတဲ့ ဆေးဝါးတွေကို သိမ်းခဲ့ကြောင်း သိရပါတယ်။

ထိုင်းအမျိုးသားလုံခြုံရေးးဒုရဲချုပ် ဆူရချိုင်းစုန်မစ်တာ ကိုယ်တိုင်လာရောက် စစ်ဆေးခဲ့တာပါ၊ဒီဆေးဝါးတွေကို ထုတ်သူနဲ့  ရောင်းနေသူ.. နေရာဌားရမ်းပေးသူတွေကိုလည်း ဆက်လက်ဖေါ်ထုတ်အရေးယူမှာ ဖြစ်ပါတယ်။

”ဒီကိုယ်ပိန်ဆေး မျိုးစုံ ဆေးဝါးတွေမှာ စိတ်ကြွဆေး အန္တရယ်ရှိတဲ့(စိုင်ပူတမင်)Cybothaminesဓါတ်ပေါင်းတွေ နဲ့ ရောစပ်ဖေါ်ထားတာကြောင့်သုံးစွဲသူတွေဟာ စိတ်ကြွဆေးဝါး သုံးနေသူတွေလို ဦးနှောက်နဲ့  အာရုံကြောကို ထိခိုက်ခဲ့ပြီး သေဆုံးတဲ့အထိ အန္တရယ်ရှိတယ်လို့  ရဲချုပ်က သတိပေးလိုက်ပါတယ်။ အဆိုပါ မရဏ ပိန်ဆေးတွေဟာ အိမ်နီးချင်းနိုင်ငံတွေ ကိုလည်းရောင်းချနေတာ တွေ့ ရပါတယ်။ ကုန်ကြမ်းတွေဟာ တရုတ်နိုင်ငံကနေ၀င်ရောက်လာတာပါ။

ထိုင်းနိုင်ငံသားတွေ ဒီပိန်ဆေးတွေ သုံးမိလို့  တချို့ သေဆုံးမှုတွေ ဖြစ်ခဲ့တာကြောင့် ခုလို ပိတ်ပင်ဖမ်းဆီး ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း တားမြစ်ဆေး (ပိန်ဆေး) တွေကို ထုတ်လုပ်ရောင်ချနေသူတွေကို ထောင်ဒဏ် နှစ် ၂၀ အထိ ပြစ်ဒဏ်ပေးနိုင်တဲ့အကြောင်း ရဲချုပ်က သတိပေး သွားခဲ့ကြောင်း သိရပါတယ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့  ထစိုင်လွတ်(၀) နဲ့  မဲသောင် ရပ်ကွက်တွေကို နိုင်ငံလှုံခြုံရေး တပ်ဖွဲ့ နဲ့  ဆေးဝါးထိမ်းချုပ်ရေးအဖွဲ့ တွေ တားမြစ် ပိန်ဆေးတွေ ထုတ်လုပ်ဖြန့် နေတဲ့  ရောတွေကို ၀င်ရောက်ဖမ်းဆီး ခဲ့ကြောင်းသိရပါတယ်။

ပိန်ဆေးထဲ့မှာ cybetramine မူးယစ်ဆေး(ဦးနှောက်ပျက်ဆီး စိတ်ကျရောဂါဝင် ) ပါဝင်နေတာ စစ်ဆေးတွေ့ ရှိခဲ့ပြီး တဲ့ နောက်ခုလို ထိုင်းမြန်မာနယ်စပ် မဲဆိုင်နဲ့  မဲဆောက်မြို့ တွေမှာ တပြိုက်နက်ထဲ ၀င်ရောက်ရှာဖွေဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

SAW

error: Content is protected !!