ထုိုင္းမွာ ေျခလက္(၁၂)ေခ်ာင္းစီပါတဲ့ ကေလးငယ္တစ္ဦး ေမြးဖြား

လက္ကေလးေတြ ေျခေထာက္ေလးေတြမွာ တခ်ိဳ႕ေတြက လက္ပြား၊ ေျခပြားေလးေတြပါတတ္လို႔ ခ်စ္စႏိုးနဲ႔ လက္ပြား ေျခပြားလို႔ ခေၚၾကေပမဲ့ အခုသမီးေလးကေတာ့ ေျခပြား၊ လက္ပြားလို႔ ေခၚရခက္ခက္ပါပဲ။ ဘာလို႔လဲဆိုေတာ့ တစ္ဖက္ကို ေျခလက္ (၁၂)ေခ်ာင္းစီ၊ နဲ႔ အညီအမွ်ပါေနျပီး၊ ေတာ္ေတာ္ေလးကို ထူးဆန္းေနလို႔ပါပဲ။

သမီးေလးက ေမြးလာဖို႔ ကံဇာတာကိုက ထူးဆန္းေနပါတယ္။ ေဆးရံုသြားေနတဲ့ လမ္းမွာ ေမြးခဲ့တာပါ။ ေမြးေမြးခ်င္းမွာ အေမေဆးရံုမေရာက္မခ်င္း မလႈပ္မယွက္နဲ႔ ပါလာခဲ့သလို ေဆးရံုကားေပၚမွာပါလာတဲ့ သူနာျပဳဆရာမအတြက္ ကေလးရဲ႕ ေျခေခ်ာင္းလက္ေခ်ာင္းေတြကို စစ္လိုက္ခ်ိန္မွာ (၁၂)ေခ်ာင္းစီ ပါေနခဲ့တာက အထူးအဆန္းမျဖစ္ခဲ့ပါဘူး။

အေၾကာင္းက ေဆးရံုကားေပၚမွာ အတူတူလုိက္ပါလာတဲ့ ကေလးေလးရဲ႕ အေမနဲ႔ အဖြားျဖစ္သူတို႔ဟာလည္း ေမြးကတည္းက ေျခေခ်ာင္း၊ လက္ေခ်ာင္း (၁၂)ေခ်ာင္းစီ ပါလာတဲ့မ်ိဳးရိုးမလို႔ပါပဲ။ မိခင္က သဘာ၀အတုိင္းေမြးဖြားႏိုင္ခဲ့တာမလို႔ အားလံုးက ၀မ္းပမ္းတသာရွိေနၾကျပီး၊ ေဆးရံုေရာက္ခ်ိန္မွာေတာ့ အဖြား၊ အေမ၊ ေျမးျဖစ္သူတို႔ရဲ႕ထူးဆန္းပံုေတြကို အကုန္လံုးက အံ့ၾသခဲ့ရတာပါ။

ထပ္ျပီး အံ့ၾသစရာေကာင္းတာက သမီးေလးမွာ အထက္က (၂)ေယာက္ရွိေသးတဲ့အျပင္ အကုန္လံုးက ပံုစံတူ (၁၂)ေခ်ာင္းေတြနဲ႔ခ်ည္းပါပဲ။ ဒီအေၾကာင္းအရာကို အေၾကာင္းျပဳျပီး၊ (၆)ဂဏန္း (၄)ခုေပါင္း (၂၄)နဲ႕ ေမာင္းလာတဲ့ကားရဲ႕ လိုင္စင္ (၂၂၈၉)ကို ထိုင္းထီထိုးဖို႕အတြက္ အလုအယက္၀ယ္ေနၾကပါတယ္။ ကံေကာင္းေစတဲ့ ဂဏန္းနဲ႔ အတိတ္ေကာက္ျပီး၊ ထိုးၾကတာပါ။

ဒီလို ျဖစ္ရပ္မ်ိုးဟာ ျဖစ္ပြားႏုိင္ေခ် (၁၀၀၀)မွာ တစ္ေယာက္ရွိတဲ့အတြက္ ကေလးတစ္ေယာက္ ေမြးတုိင္ လက္ပြား၊ ေျခပြားေလးတစ္ခု ပိုပါလာႏုိင္သလို (၁၂)ေခ်ာင္းစီပါလာတာမ်ိဳးကေတာ့ ေတာ္ေတာ္ေလးကို ထူးဆန္းတယ္လို႔ ဆိုရမွာပါ၊ မိဘမ်ိဳးရိုးေၾကာင့္လည္း ပါတာအမွန္ပါ။

မိုးဃ္သက္ – မဟာေခတ္သစ္မီဒီယာ

Unicode

ထိုင်းမှာ ခြေလက်(၁၂)ချောင်းစီပါတဲ့ ကလေးငယ်တစ်ဦး မွေးဖွား

လက်ကလေးတွေ ခြေထောက်လေးတွေမှာ တချို့တွေက လက်ပွား၊ ခြေပွားလေးတွေပါတတ်လို့ ချစ်စနိုးနဲ့ လက်ပွား ခြေပွားလို့ ခေါ်ကြပေမဲ့ အခုသမီးလေးကတော့ ခြေပွား၊ လက်ပွားလို့ ခေါ်ရခက်ခက်ပါပဲ။ ဘာလို့လဲဆိုတော့ တစ်ဖက်ကို ခြေလက် (၁၂)ချောင်းစီ၊ နဲ့ အညီအမျှပါနေပြီး၊ တော်တော်လေးကို ထူးဆန်းနေလို့ပါပဲ။

သမီးလေးက မွေးလာဖို့ ကံဇာတာကိုက ထူးဆန်းနေပါတယ်။ ဆေးရုံသွားနေတဲ့ လမ်းမှာ မွေးခဲ့တာပါ။ မွေးမွေးချင်းမှာ အမေဆေးရုံမရောက်မချင်း မလှုပ်မယှက်နဲ့ ပါလာခဲ့သလို ဆေးရုံကားပေါ်မှာပါလာတဲ့ သူနာပြုဆရာမအတွက် ကလေးရဲ့ ခြေချောင်းလက်ချောင်းတွေကို စစ်လိုက်ချိန်မှာ (၁၂)ချောင်းစီ ပါနေခဲ့တာက အထူးအဆန်းမဖြစ်ခဲ့ပါဘူး။

အကြောင်းက ဆေးရုံကားပေါ်မှာ အတူတူလိုက်ပါလာတဲ့ ကလေးလေးရဲ့ အမေနဲ့ အဖွားဖြစ်သူတို့ဟာလည်း မွေးကတည်းက ခြေချောင်း၊ လက်ချောင်း (၁၂)ချောင်းစီ ပါလာတဲ့မျိုးရိုးမလို့ပါပဲ။ မိခင်က သဘာဝအတိုင်းမွေးဖွားနိုင်ခဲ့တာမလို့ အားလုံးက ဝမ်းပမ်းတသာရှိနေကြပြီး၊ ဆေးရုံရောက်ချိန်မှာတော့ အဖွား၊ အမေ၊ မြေးဖြစ်သူတို့ရဲ့ထူးဆန်းပုံတွေကို အကုန်လုံးက အံ့သြခဲ့ရတာပါ။

ထပ်ပြီး အံ့သြစရာကောင်းတာက သမီးလေးမှာ အထက်က (၂)ယောက်ရှိသေးတဲ့အပြင် အကုန်လုံးက ပုံစံတူ (၁၂)ချောင်းတွေနဲ့ချည်းပါပဲ။ ဒီအကြောင်းအရာကို အကြောင်းပြုပြီး၊ (၆)ဂဏန်း (၄)ခုပေါင်း (၂၄)နဲ့ မောင်းလာတဲ့ကားရဲ့ လိုင်စင် (၂၂၈၉)ကို ထိုင်းထီထိုးဖို့အတွက် အလုအယက်ဝယ်နေကြပါတယ်။ ကံကောင်းစေတဲ့ ဂဏန်းနဲ့ အတိတ်ကောက်ပြီး၊ ထိုးကြတာပါ။

ဒီလို ဖြစ်ရပ်မျိုးဟာ ဖြစ်ပွားနိုင်ချေ (၁၀၀၀)မှာ တစ်ယောက်ရှိတဲ့အတွက် ကလေးတစ်ယောက် မွေးတိုင် လက်ပွား၊ ခြေပွားလေးတစ်ခု ပိုပါလာနိုင်သလို (၁၂)ချောင်းစီပါလာတာမျိုးကတော့ တော်တော်လေးကို ထူးဆန်းတယ်လို့ ဆိုရမှာပါ၊ မိဘမျိုးရိုးကြောင့်လည်း ပါတာအမှန်ပါ။

မိုးဃ်သက် – မဟာခေတ်သစ်မီဒီယာ

error: Content is protected !!