ATM စက္ကို ဗုံးနဲ႔ေဖာက္ခြဲၿပီး ရင္းဂစ္(၃)သိန္း ခုိးယူသြားတဲ့ မေလးရွားသူခုိးအဖြဲ႕

မေလးရွားႏုိင္ငံက သူခုိးအဖြဲ႕တစ္ဖြဲ႕ဟာ ATM စက္ကုိ ေပါက္ကြဲေစႏုိင္တဲ့ ဒုိင္းနမုိက္လုိအရာမ်ိဳးနဲ႔ ေဖာက္ခြဲၿပီး စက္ထဲမွာရွိတဲ့ ရင္းဂစ္(၃)သိန္းေက်ာ္ ခုိးယူသြားမႈ ျဖစ္ပြားခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ ၾသဂုတ္လ(၁၂)ရက္ တနလၤာေန႔၊ Jalan Haji Mustaffa Raja Kamala, Muallim, Perak မွာတည္ရွိတဲ့ ဘဏ္တစ္ခုမွာ ျဖစ္ပြားခဲ့တာပါ။

ေလာေလာဆယ္ေတာ့ က်ဴးလြန္တဲ့ သူခုိးအဖြဲ႕ကို ရဲတပ္ဖြဲ႕က ေျခရာခံႏုိင္ျခင္းမရွိေသးပါဘူး။ သူခုိးအဖြဲ႕ဟာ အနည္းဆုံး ႏွစ္ေယာက္နဲ႔ အဲဒီထက္ပိုတဲ့ အေရအတြက္ ရွိႏုိင္တယ္လုိ႔ ဆုိပါတယ္။ ေပါက္ကြဲမႈဟာ ျပင္းထန္လုိ႔၊ ATM စက္ကုိ ကာထားတဲ့ မွန္ေတြလည္း အစိပ္စိပ္အမႊာမႊာ ကြဲကုန္ၾကပါတယ္။

ရဲတပ္ဖြဲ႕ရဲ႕ ေတြ႕ရွိမႈအရာ အနီးအနားက ကားပါကင္မွာ ဓာတုေဆးရည္တစ္ခ်ိဳ႕ ေတြ႕ရၿပီး ေဖာက္ခြြဲမႈမွာ အသုံးျပဳခဲ့ပုံရတယ္လုိ႔ ယူဆေနၾကပါတယ္။ ဒါ့အျပင္ မွန္ကြဲေတြအနီးမွာ ေသြးကြက္တစ္ခ်ိဳ႕လည္း ေတြ႕ရၿပီး၊ ေဖာက္ခြဲသူေတြကုိယ္တုိင္ ဒဏ္ရာ ရခဲ့ပုံရွိတယ္လုိ႔ သိရပါတယ္။ မနက္ (၆.၃၀)နာရီေလာက္မွာ ေဖာက္ခြဲၿပီး ပုိက္ဆံေတြ ယူသြားတာပါ။

ေဒသခံတစ္ဦးအဆုိအရေတာ့ ေပါက္ကြဲမႈဟာ အေတာ္ေလး ျပင္းထန္ခဲ့လုိ႔ သူလည္း အိပ္ေပ်ာ္ရာက ႏုိးလာခဲ့ေၾကာင္း ဆုိပါတယ္။ ေလာေလာဆယ္ လမ္းေဘး CCTV ေတြကုိ စစ္ေဆးေနၿပီး၊ ေဒသခံေတြကေတာ့ အေတာ္ေလး ထိတ္လန္႔ေနၾကပါတယ္။ ရဲဘက္ကေတာ့ တစ္ျခား ထုတ္ျပန္မႈမ်ိဳး မျပဳလုပ္ေသးပါဘူး။

မုိဃ္းသက္ – မဟာ ေခတ္သစ္မီဒီယာ

source : WorldOfBuzz

ယူနီကုဒ်ဖြင့်ဖတ်ရန်-

မလေးရှားနိုင်ငံက သူခိုးအဖွဲ့တစ်ဖွဲ့ဟာ ATM စက်ကို ပေါက်ကွဲစေနိုင်တဲ့ ဒိုင်းနမိုက်လိုအရာမျိုးနဲ့ ဖောက်ခွဲပြီး စက်ထဲမှာရှိတဲ့ ရင်းဂစ်(၃)သိန်းကျော် ခိုးယူသွားမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ သြဂုတ်လ(၁၂)ရက် တနင်္လာနေ့၊ Jalan Haji Mustaffa Raja Kamala, Muallim, Perak မှာတည်ရှိတဲ့ ဘဏ်တစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။

လောလောဆယ်တော့ ကျူးလွန်တဲ့ သူခိုးအဖွဲ့ကို ရဲတပ်ဖွဲ့က ခြေရာခံနိုင်ခြင်းမရှိသေးပါဘူး။ သူခိုးအဖွဲ့ဟာ အနည်းဆုံး နှစ်ယောက်နဲ့ အဲဒီထက်ပိုတဲ့ အရေအတွက် ရှိနိုင်တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုဟာ ပြင်းထန်လို့၊ ATM စက်ကို ကာထားတဲ့ မှန်တွေလည်း အစိပ်စိပ်အမွှာမွှာ ကွဲကုန်ကြပါတယ်။

ရဲတပ်ဖွဲ့ရဲ့ တွေ့ရှိမှုအရာ အနီးအနားက ကားပါကင်မှာ ဓာတုဆေးရည်တစ်ချို့ တွေ့ရပြီး ဖောက်ခွွဲမှုမှာ အသုံးပြုခဲ့ပုံရတယ်လို့ ယူဆနေကြပါတယ်။ ဒါ့အပြင် မှန်ကွဲတွေအနီးမှာ သွေးကွက်တစ်ချို့လည်း တွေ့ရပြီး၊ ဖောက်ခွဲသူတွေကိုယ်တိုင် ဒဏ်ရာ ရခဲ့ပုံရှိတယ်လို့ သိရပါတယ်။ မနက် (၆.၃၀)နာရီလောက်မှာ ဖောက်ခွဲပြီး ပိုက်ဆံတွေ ယူသွားတာပါ။

ဒေသခံတစ်ဦးအဆိုအရတော့ ပေါက်ကွဲမှုဟာ အတော်လေး ပြင်းထန်ခဲ့လို့ သူလည်း အိပ်ပျော်ရာက နိုးလာခဲ့ကြောင်း ဆိုပါတယ်။ လောလောဆယ် လမ်းဘေး CCTV တွေကို စစ်ဆေးနေပြီး၊ ဒေသခံတွေကတော့ အတော်လေး ထိတ်လန့်နေကြပါတယ်။ ရဲဘက်ကတော့ တစ်ခြား ထုတ်ပြန်မှုမျိုး မပြုလုပ်သေးပါဘူး။

မိုဃ်းသက် – မဟာ ခေတ်သစ်မီဒီယာ

source : WorldOfBuzz

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!