ၾကက္ေၾကာ္စားရင္ ဆလပ္ရြက္ေလးနဲ႔မွ ဆိုတဲ႔သူေတြ ေသခ်ာၾကည့္စားၾကပါေနာ္

စုံတြဲတစ္တြဲဟာ ဘုန္းေမာက္ၿမိဳ႕က JD Wetherspoon ဆုိင္တစ္ခုမွာ ညစာစားဖုိ႔ အစားအစာေတြ မွာယူခဲ့ပါတယ္။ သူတုိ႔မွာယူခဲ့တဲ့ ၾကက္သားေၾကာ္ ထုတ္ထဲကေန ပုိးေပါက္ဖက္ အစိမ္းေကာင္ႀကီးတစ္ေကာင္ တြားသြားထြက္လာတာကုိ ေတြ႔ရေတာ့ အေတာ္ေလး စိတ္မခ်မ္းမသာ ျဖစ္ခဲ့ရတယ္လုိ႔ ဆုိပါတယ္။

ကုိယ္ေတြ႕ႀကဳံခဲ့ရသူကေတာ့ James Hawes နဲ႔ သူရဲ႕ခ်စ္သူ Molly တုိ႔ ျဖစ္ၿပီး၊ အျဖစ္အပ်က္ကို ဗြီဒီယုိမွတ္တမ္း ရယူခဲ့ပါတယ္။ အဆုိပါ ေပါက္ဖက္မ်ိဳဴးေတြဟာ အစိမ္းေရာင္ဟင္းသီးဟင္းရြက္ေတြမွာ တြယ္ကပ္တတ္တဲ့ သတၱဝါေလးေတြ ျဖစ္ၿပီး၊ ၾကည့္ရတာ ၾကက္သားနဲ႔အတူ ထုတ္ပုိးထားတဲ့ ဆလက္ရြက္ကို သန္႔စင္ေအာင္ ေဆးေၾကာခဲ့ပုံ မရပါဘူး။

James က သတင္းဌာနတစ္ခုနဲ႔ ေတြ႕ဆုံစဥ္မွာ ” ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့္ ေကာင္မေလး The Moon on the Square မွာ ညစာစားဖုိ႔ ျပင္ဆင္ခဲ့တာပါ .. ေထာပတ္သီး ၾကက္သားထုတ္ စားမယ္ေပါ့ … ကၽြန္ေတာ့္ ေကာင္မေလးက ဒါကို အရင္ျမင္လုိက္တာ … သူမက ေအာ္ေျပာတယ္ .. ဘာေကာင္ႀကီးလဲေပါ့ … ဆလက္ရြက္ေတြထဲကေန ဒီေကာင္ႀကီးက တုိးထြက္လာတာ “လုိ႔ ေျပာခဲ့ပါတယ္။

သူက ဆက္လက္ၿပီး “ဒီကိစၥက ႀကဳံေတာင့္ႀကဳံခဲဆုိေပမယ့္ အေတာ္ေလး ဆုိးရြားပါတယ္ … မန္ေနဂ်ာကို ေျပာလုိက္ေတာ့ မန္ေနဂ်ာက ပုိက္ဆံေတြ အကုန္ ျပန္ေပးပါတယ္ … “လုိ႔ ေျပာခဲ့ပါတယ္။ ဒီလုိ သစ္သီးသစ္ရြက္ လက္လက္ဆက္ဆက္ေတြနဲ႔ စားေသာက္ဖုိ႔ မွာယူတဲ့အခါ တစ္ခါေလာက္ေတာ့ ေသေသခ်ာခ်ာ စစ္ေဆးၿပီးမွ စားသင့္တယ္လုိ႔ James က အႀကံေပးထားပါတယ္။

JD Wetherspoon တာဝန္ရွိသူကုိ သတင္းမီဒီယာေတြက ဆက္သြယ္တဲ့အခါမွာ သူတုိ႔ဟာ အခုုျဖစ္စဥ္ကို စုံစမ္းစစ္ေဆးေနတယ္လုိ႔သာ ေျဖၾကားခဲ့ေၾကာင္း သိရပါတယ္။ အခင္းျဖစ္စဥ္ အေသးစိတ္ကို စုံစမ္းၿပီးမွ ထုတ္ျပန္စရာရွိတာကို ဆက္ၿပီး ထုတ္ျပန္ပါ့မယ္လုိ႔ ေျပာခဲ့ပါသတဲ့။

မုိဃ္းသက္ – မဟာ ေခတ္သစ္မီဒီယာ

Source : LadBible

ယူနီကုဒ်ဖြင့်ဖတ်ရန်-

စုံတွဲတစ်တွဲဟာ ဘုန်းမောက်မြို့က JD Wetherspoon ဆိုင်တစ်ခုမှာ ညစာစားဖို့ အစားအစာတွေ မှာယူခဲ့ပါတယ်။ သူတို့မှာယူခဲ့တဲ့ ကြက်သားကြော် ထုတ်ထဲကနေ ပိုးပေါက်ဖက် အစိမ်းကောင်ကြီးတစ်ကောင် တွားသွားထွက်လာတာကို တွေ့ရတော့ အတော်လေး စိတ်မချမ်းမသာ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ကိုယ်တွေ့ကြုံခဲ့ရသူကတော့ James Hawes နဲ့ သူရဲ့ချစ်သူ Molly တို့ ဖြစ်ပြီး၊ အဖြစ်အပျက်ကို ဗွီဒီယိုမှတ်တမ်း ရယူခဲ့ပါတယ်။ အဆိုပါ ပေါက်ဖက်မျိုူးတွေဟာ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ တွယ်ကပ်တတ်တဲ့ သတ္တဝါလေးတွေ ဖြစ်ပြီး၊ ကြည့်ရတာ ကြက်သားနဲ့အတူ ထုတ်ပိုးထားတဲ့ ဆလက်ရွက်ကို သန့်စင်အောင် ဆေးကြောခဲ့ပုံ မရပါဘူး။

James က သတင်းဌာနတစ်ခုနဲ့ တွေ့ဆုံစဉ်မှာ ” ကျွန်တော်နဲ့ ကျွန်တော့် ကောင်မလေး The Moon on the Square မှာ ညစာစားဖို့ ပြင်ဆင်ခဲ့တာပါ .. ထောပတ်သီး ကြက်သားထုတ် စားမယ်ပေါ့ … ကျွန်တော့် ကောင်မလေးက ဒါကို အရင်မြင်လိုက်တာ … သူမက အော်ပြောတယ် .. ဘာကောင်ကြီးလဲပေါ့ … ဆလက်ရွက်တွေထဲကနေ ဒီကောင်ကြီးက တိုးထွက်လာတာ “လို့ ပြောခဲ့ပါတယ်။

သူက ဆက်လက်ပြီး “ဒီကိစ္စက ကြုံတောင့်ကြုံခဲဆိုပေမယ့် အတော်လေး ဆိုးရွားပါတယ် … မန်နေဂျာကို ပြောလိုက်တော့ မန်နေဂျာက ပိုက်ဆံတွေ အကုန် ပြန်ပေးပါတယ် … “လို့ ပြောခဲ့ပါတယ်။ ဒီလို သစ်သီးသစ်ရွက် လက်လက်ဆက်ဆက်တွေနဲ့ စားသောက်ဖို့ မှာယူတဲ့အခါ တစ်ခါလောက်တော့ သေသေချာချာ စစ်ဆေးပြီးမှ စားသင့်တယ်လို့ James က အကြံပေးထားပါတယ်။

JD Wetherspoon တာဝန်ရှိသူကို သတင်းမီဒီယာတွေက ဆက်သွယ်တဲ့အခါမှာ သူတို့ဟာ အခုုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့သာ ဖြေကြားခဲ့ကြောင်း သိရပါတယ်။ အခင်းဖြစ်စဉ် အသေးစိတ်ကို စုံစမ်းပြီးမှ ထုတ်ပြန်စရာရှိတာကို ဆက်ပြီး ထုတ်ပြန်ပါ့မယ်လို့ ပြောခဲ့ပါသတဲ့။

မိုဃ်းသက် – မဟာ ခေတ်သစ်မီဒီယာ

Source : LadBible

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!