ကန္ထဲမွာေရဆင္းကူးတဲ့ ေခြးေလး(၃)ေကာင္ ေရွ႕ဆင့္ေနာက္ဆင့္ ေသဆုံးခဲ႔ရတဲ႔ အဆိပ္သင့္ေရကန္

Blue-Green Algae အဆိပ္ေတြ သင့္ေရာက္ေနတဲ့ ေရကန္ထဲကို ေရဆင္းကူးၾကတဲ့ ေခြးေလး(၃)ေကာင္ဟာ မၾကာမီမွာ ေသဆုံးသြားခဲ့ေၾကာင္း သိရပါတယ္။ အဆုိပါ ေရကန္ဟာ ေျမာက္ကယ္႐ုိလုိင္းနားမွာ တည္ရွိၿပီး၊ အဆိပ္သင့္ေနတဲ့ ေရညႇိေရေမွာ္ေတြကတစ္ဆင့္ ေခြးေတြကုိ ဓာတုအဆိပ္ေတြ ကူးစက္ခဲ့တာ ျဖစ္ပါတယ္။

ေခြးပိုင္ရွင္ေတြျဖစ္တဲ့ Melissa Martin နဲ႔ Denise Mintz တုိ႔ဟာ Wilmington အနီးက ေရကန္တစ္ခုဆီ သူတုိ႔ ေခြးသုံးေကာင္ကို ေခၚၿပီး၊ မနက္ခင္းပုိင္း လမ္းေလွ်ာက္ထြက္ခဲ့ၾကရာ၊ ေခြးေတြရဲ႕ ဘာသာဘာဝ ေရကန္ထဲကို ေျပးလႊားေဆာ့ကစားခဲ့ၾကပါတယ္။ ေရကူးလုိ႔ ေနာက္ထပ္ (၁၅)မိနစ္အၾကာမွာ Abby အမည္ရ ေခြးေလးဟာ သတိလစ္ေမ့ေျမာသြားပါတယ္။

Abby ကုိ အနီးဆုံး တိကုေဆးခန္းကိုိ အျမန္ပုိ႔ခ်ိန္မွာပဲ Westie ေခြးေလးကလည္း သတိလစ္ ေမ့ေျမာသြားျပန္ပါတယ္။ တတိယေျမာက္ ေခြး Harpo လည္း မၾကာပါဘူး၊ အသည္းအလုပ္လုပ္မႈ ရပ္ဆုိင္းၿပီး ခ်က္ခ်င္းျပင္းထန္အဖ်ားေရာဂါကို ခံစားလုိက္ရပါတယ္။ ေနာက္တစ္ရက္မနက္မတုိင္ခင္မွာပဲ ေခြးအားလုံး ေသဆုံးကုန္ပါေတာ့တယ္။

North Carolina Department of Health and Human Services ရဲ႕အဆုိအရ အဲဒီေရကန္ရဲ႕ ေရညႇိေတြဟာ ရာသီဥတုပူခ်ိန္မွာ ပုိၿပီး အဆိပ္ဓာတ္ေတြ ပါဝင္ေၾကာင္း၊ ဒီလုိအခ်ိန္မ်ိဳးမွာ ဘယ္သူပဲျဖစ္ျဖစ္ ကုရာနတၳိ ေဆးမရွိနုိင္ေၾကာင္း ဆုိပါတယ္။ အဆိပ္သင့္ေရညွိရဲ႕ အနံ႔ဟာ ဆုိးရြားျပင္းထန္လြန္းၿပီး၊ လူေတြကိုေတာင္ ဒုကၡေပးႏုိင္စြမ္းရွိတယ္လုိ႔ သိရပါတယ္။

မုိဃ္းသက္ – မဟာ ေခတ္သစ္မီဒီယာ

Source : LadBible

ယူနီကုဒ်ဖြင့်ဖတ်ရန်-

Blue-Green Algae အဆိပ်တွေ သင့်ရောက်နေတဲ့ ရေကန်ထဲကို ရေဆင်းကူးကြတဲ့ ခွေးလေး(၃)ကောင်ဟာ မကြာမီမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ရေကန်ဟာ မြောက်ကယ်ရိုလိုင်းနားမှာ တည်ရှိပြီး၊ အဆိပ်သင့်နေတဲ့ ရေညှိရေမှော်တွေကတစ်ဆင့် ခွေးတွေကို ဓာတုအဆိပ်တွေ ကူးစက်ခဲ့တာ ဖြစ်ပါတယ်။

ခွေးပိုင်ရှင်တွေဖြစ်တဲ့ Melissa Martin နဲ့ Denise Mintz တို့ဟာ Wilmington အနီးက ရေကန်တစ်ခုဆီ သူတို့ ခွေးသုံးကောင်ကို ခေါ်ပြီး၊ မနက်ခင်းပိုင်း လမ်းလျှောက်ထွက်ခဲ့ကြရာ၊ ခွေးတွေရဲ့ ဘာသာဘာဝ ရေကန်ထဲကို ပြေးလွှားဆော့ကစားခဲ့ကြပါတယ်။ ရေကူးလို့ နောက်ထပ် (၁၅)မိနစ်အကြာမှာ Abby အမည်ရ ခွေးလေးဟာ သတိလစ်မေ့မြောသွားပါတယ်။

Abby ကို အနီးဆုံး တိကုဆေးခန်းကိို အမြန်ပို့ချိန်မှာပဲ Westie ခွေးလေးကလည်း သတိလစ် မေ့မြောသွားပြန်ပါတယ်။ တတိယမြောက် ခွေး Harpo လည်း မကြာပါဘူး၊ အသည်းအလုပ်လုပ်မှု ရပ်ဆိုင်းပြီး ချက်ချင်းပြင်းထန်အဖျားရောဂါကို ခံစားလိုက်ရပါတယ်။ နောက်တစ်ရက်မနက်မတိုင်ခင်မှာပဲ ခွေးအားလုံး သေဆုံးကုန်ပါတော့တယ်။

North Carolina Department of Health and Human Services ရဲ့အဆိုအရ အဲဒီရေကန်ရဲ့ ရေညှိတွေဟာ ရာသီဥတုပူချိန်မှာ ပိုပြီး အဆိပ်ဓာတ်တွေ ပါဝင်ကြောင်း၊ ဒီလိုအချိန်မျိုးမှာ ဘယ်သူပဲဖြစ်ဖြစ် ကုရာနတ္ထိ ဆေးမရှိနိုင်ကြောင်း ဆိုပါတယ်။ အဆိပ်သင့်ရေညှိရဲ့ အနံ့ဟာ ဆိုးရွားပြင်းထန်လွန်းပြီး၊ လူတွေကိုတောင် ဒုက္ခပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

မိုဃ်းသက် – မဟာ ခေတ်သစ်မီဒီယာ

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!