ခ်စ္သူနဲ႔ နီးရဖုိ႔အေရး တစ္ရက္ကို (၁၄)နာရီ အလုပ္လုပ္ေနတဲ့ အမ်ိဳးသား

အခ်စ္ဆုိတာ လူတစ္ေယာက္ကို ကမာၻသိ သူရဲေကာင္းႀကီးလည္း ျဖစ္သြားေစႏုိင္သလုိ၊ တစ္ကမာၻလုံးက ခ်ဥ္ရတဲ့ လူ႕ခ်ဥ္ဖက္ႀကီးလည္း ျဖစ္သြားႏုိင္ပါတယ္။ အခ်စ္ေၾကာင့္ ျမင္းမုိရ္ေတာင္ကို ၿဖိဳဝံ့တယ္ဆုိတဲ့သူေတြ ရွိသလုိ၊ အခ်စ္ေၾကာင့္ ငယ္ငယ္ရြယ္ရြယ္နဲ႔ လက္ေျမႇာက္အ႐ႈံးေပးသြားသူေတြလည္း ရွိခဲ့ပါတယ္။

အခုလည္း ယခင္က ျပည္နယ္ေဘာလုံးနဲ႔ တကၠသုိလ္ေဘာလုံးအသင္းမွာ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့ဖူးတဲ့ အမ်ိဳးသားတစ္ေယာက္ဟာ သူ႕ခ်စ္သူနဲ႔ လက္ထပ္ရဖုိ႔ တစ္ရက္ကို (၁၄)နာရီ အလုပ္လုပ္ေနပါသတဲ့။ တကယ္ေတာ့ သူ႕အလုပ္က ဝင္ေငြအမ်ားႀကီး ေကာင္းတဲ့ အလုပ္မ်ိဳး မဟုတ္ပါဘူး။

သူဟာ အစားအေသာက္ေတြကုိ လုိက္လံပုိ႔ေဆာင္ေပးရတာျဖစ္ၿပီး၊ တစ္ရက္ကို သာမန္အားျဖင့္ (၈)နာရီေလာက္သာ အလုပ္လုပ္ခ်ိန္ရွိေသာ္လည္း သူကေတာ့ ပုိက္ဆံအပုိရဖုိ႔ အခ်ိန္ပုိေနာက္ထပ္ (၆)နာရီအထိ အလုပ္လုပ္ပါသတဲ့။ သူ႕အမည္ကေတာ့ Amirul Syafieq ျဖစ္ၿပီး အရင္က  KL City Hall အသင္းရဲ႕ နာမည္ေက်ာ္ အားကစားသမားပါ။

ဒါေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ကပဲ Amirul ဟာ ဒဏ္ရာျပင္းထန္စြာ ရွရိခဲ့တာေၾကာင့္ အလားအလာရွိတဲ့ ကစားသမားဘဝကေန ဘာေထာက္ပံ့ေၾကးမွ မရဘဲ အဆုံးသတ္ခဲ့ရပါတယ္။ ဒီလုိနဲ႔ သူဟာ တစ္ျခားဘာမွလည္း မလုပ္တတ္တာေၾကာင့္ ေနာက္ဆုံး အစားအစာလုိက္ပုိ႔တဲ့အလုပ္ကို လုပ္မယ္လုိ႔ ဆုံးျဖတ္လုိက္တာပါ။

အခုဆုိရင္ Amirul ရဲ႕ အလုပ္ႀကိဳးစားမႈေၾကာင့္ လာမယ့္ႏွစ္မွာ သူ႕ရဲ႕ခ်စ္သူေကာင္မေလးနဲ႔ လက္ထပ္ႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ေနပါတယ္။ သူဟာ မနက္(၈)နာရီကေန (၄)နာရီကို McDonald အတြက္ အလုပ္လုပ္ေပးၿပီး၊ ညေန (၅)နာရီကေန ည (၁၁)နာရီအထိ GrabFood အတြက္ အလုပ္ အလုပ္ပါသတဲ့။

မုိဃ္းသက္ – မဟာ ေခတ္သစ္မီဒီယာ

Source : WorldOfBuzz

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အချစ်ဆိုတာ လူတစ်ယောက်ကို ကမ္ဘာသိ သူရဲကောင်းကြီးလည်း ဖြစ်သွားစေနိုင်သလို၊ တစ်ကမ္ဘာလုံးက ချဉ်ရတဲ့ လူ့ချဉ်ဖက်ကြီးလည်း ဖြစ်သွားနိုင်ပါတယ်။ အချစ်ကြောင့် မြင်းမိုရ်တောင်ကို ဖြိုဝံ့တယ်ဆိုတဲ့သူတွေ ရှိသလို၊ အချစ်ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ လက်မြှောက်အရှုံးပေးသွားသူတွေလည်း ရှိခဲ့ပါတယ်။

အခုလည်း ယခင်က ပြည်နယ်ဘောလုံးနဲ့ တက္ကသိုလ်ဘောလုံးအသင်းမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ဖူးတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ချစ်သူနဲ့ လက်ထပ်ရဖို့ တစ်ရက်ကို (၁၄)နာရီ အလုပ်လုပ်နေပါသတဲ့။ တကယ်တော့ သူ့အလုပ်က ဝင်ငွေအများကြီး ကောင်းတဲ့ အလုပ်မျိုး မဟုတ်ပါဘူး။

သူဟာ အစားအသောက်တွေကို လိုက်လံပို့ဆောင်ပေးရတာဖြစ်ပြီး၊ တစ်ရက်ကို သာမန်အားဖြင့် (၈)နာရီလောက်သာ အလုပ်လုပ်ချိန်ရှိသော်လည်း သူကတော့ ပိုက်ဆံအပိုရဖို့ အချိန်ပိုနောက်ထပ် (၆)နာရီအထိ အလုပ်လုပ်ပါသတဲ့။ သူ့အမည်ကတော့ Amirul Syafieq ဖြစ်ပြီး အရင်က  KL City Hall အသင်းရဲ့ နာမည်ကျော် အားကစားသမားပါ။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကပဲ Amirul ဟာ ဒဏ်ရာပြင်းထန်စွာ ရှရိခဲ့တာကြောင့် အလားအလာရှိတဲ့ ကစားသမားဘဝကနေ ဘာထောက်ပံ့ကြေးမှ မရဘဲ အဆုံးသတ်ခဲ့ရပါတယ်။ ဒီလိုနဲ့ သူဟာ တစ်ခြားဘာမှလည်း မလုပ်တတ်တာကြောင့် နောက်ဆုံး အစားအစာလိုက်ပို့တဲ့အလုပ်ကို လုပ်မယ်လို့ ဆုံးဖြတ်လိုက်တာပါ။

အခုဆိုရင် Amirul ရဲ့ အလုပ်ကြိုးစားမှုကြောင့် လာမယ့်နှစ်မှာ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ လက်ထပ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ သူဟာ မနက်(၈)နာရီကနေ (၄)နာရီကို McDonald အတွက် အလုပ်လုပ်ပေးပြီး၊ ညနေ (၅)နာရီကနေ ည (၁၁)နာရီအထိ GrabFood အတွက် အလုပ် အလုပ်ပါသတဲ့။

မိုဃ်းသက် – မဟာ ခေတ်သစ်မီဒီယာ

Source : WorldOfBuzz

error: Content is protected !!