(၁၇) ႏွစ္ၾကာ ၾကိဳးၾကိဳးစားစားလုပ္ခဲ့တဲ့ အလုပ္ကထုတ္ပယ္ခံရလုိ႔ ေသေၾကာင္းႀကံစည္ခဲ့သူ

အသက္ (၄၉)ႏွစ္အရြယ္ ရွိေနျပီျဖစ္တဲ့ ေရွာင္၀င္စတန္ေလဆိုတဲ့ အလုပ္သမားၾကီးတစ္ဦးဟာ ကိုယ့္ကိုယ္ကိုသက္ေသျပီး၊ ေသဆံုးေနတာကို ေတြ႔ခဲ့ပါတယ္။ အလုပ္ထုတ္ခံခဲ့ရခ်ိန္မွာ ျပန္၀င္လို႔မရခဲ့တဲ့အတြက္ စိတ္ဓာတ္က်ခဲ့တာျဖစ္ျပီး၊ ကိုယ့္ကိုယ္ကို ေသေၾကာင္းၾကံသြားခဲ့တာပါ။

ေသဆံုးခဲ့တာ တစ္ပတ္အၾကာမွ ေတြ႔ခဲ့ရေပတဲ့ ၀င္စတန္ေလဟာ ကိုယ့္ကုိယ္ကို ပလတ္စတစ္အိတ္နဲ႔ စြပ္ျပီး၊ အသက္ရႈရပ္ေအာင္လုပ္ခဲ့တာပါ။ တက္စကို ေစ်း၀ယ္စင္တာမွာ အလုပ္လုပ္ျပီး (၁၇)ႏွစ္အၾကာ၊ အထုတ္ခံခဲ့ရတဲ့ ၀င္စတန္ေလတစ္ေယာက္ အလုပ္ထုတ္ခံရတာ သိသိခ်င္း စိတ္ဓာတ္က်ခဲ့ပါတယ္။ အလုပ္ထုတ္ခံရတဲ့အေၾကာင္းကလည္း သူ႕ရဲ႕အခ်ိန္ဇယားကို အေျပာင္းအလဲလုပ္ရာက စပါတယ္။

၀င္စတန္ေလ

အလုပ္ခ်ိန္ ငါးဆိုင္းေလာက္ကို လုပ္ေနက်မဟုတ္ဘဲ တျခားဆိုင္ခြဲေတြကို ေရႊ႕ခဲ့ျပီး၊ အေျပာင္းအလဲလုပ္ခဲ့ပါတယ္။ ဘာေၾကာင့္ေျပာင္းခဲ့တာလဲမသိတဲ့ ၀င္စတန္ေလဟာ စိတ္တိုျပီး ေစ်း၀ယ္သူေတြနဲ႔ ျပႆနာတက္ရာကေန အႏၱရာယ္ရွိႏုိင္တဲ့ အျပဳအမူေတြ လုပ္ေဆာင္ခဲ့တာပါ။ ေနာက္ေတာ့ အလုပ္ခ်က္ခ်င္းထုတ္လုိက္ျပီး၊ ၀င္စတန္ေလဟာ စည္းကမ္းခ်ိဳးေဖာက္ခဲ့လို႔လို႔ အေၾကာင္းျပခဲ့ပါတယ္။

သမီးျဖစ္သူက သူ႕အေဖေသဆံုးမႈအေပၚ တက္စကိုကို စာတင္ခဲ့ေပမဲ့ ဂရုမစိုက္ခဲ့ဘဲ ပယ္ခ်ခဲ့ပါတယ္။ သူဟာ (၁၅)ႏွစ္တာ တာ၀န္ထမ္းေဆာင္တဲ့အလုပ္သမားေကာင္းဆုေတြ ရဖူးသူျဖစ္သလို တက္စကိုရဲ႕ လုပ္သက္အၾကာဆံုး ၀န္ထမ္းေတြထဲက တစ္ေယာက္ပါ။ သမီးက အေဖကို ျပန္လိုခ်င္တယ္။ ေလ်ာ္ေၾကးမလိုခ်င္ဘူးလို႔ စာတင္ခဲ့ေပမဲ့ တက္စကိုကေတာ့ နာေရးကိုႏႈတ္ဆက္စာေတာင္မပို႕ခဲ့ပါဘူး။

အလုပ္ကေတာ့ ၀င္စတန္ေလတစ္ေယာက္ စိတ္က်ေရာဂါျဖစ္အျပီး အလုပ္ခ်ိန္သံုခုေလာက္ပ်က္ကြက္ခဲ့ဲတဲ့အတြက္ အဆင္ေျပေအာင္ ဆိုင္ေျပာင္းေပးခဲ့ေပမဲ့ စည္းကမ္းခ်ိဳးေဖာက္တာေတြ လုပ္ခဲ့သလို ကိုယ့္ကိုယ္ကို မထိန္းႏိုင္ခဲ့တဲ့အတြက္ထုတ္ပစ္ခဲ့တာလို႔ ဆိုပါတယ္။ ဒါေပမဲ့ အလုပ္ထုတ္ခံရတာေၾကာင့္ စိတ္ဓာတ္က်ခဲ့တာလို႔ သမီးျဖစ္သူကေျပာခဲ့တဲ့အတြက္ (၁၇)ႏွစ္ၾကာအလုပ္ကေန ထုတ္ခဲ့တဲ့ တက္စကိုဟာ ေ၀ဖန္ခံရမႈ မ်ားေနပါတယ္။

မိုးဃ္သက္ – မဟာေခတ္သစ္မီဒီယာ

Unicode

(၁၇)နှစ်ကြာ လုပ်ခဲ့တဲ့ အလုပ်ကထုတ်ပယ်ခံရလို့ သေကြောင်းကြံစည်ခဲ့သူ

အသက် (၄၉)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရှောင်ဝင်စတန်လေဆိုတဲ့ အလုပ်သမားကြီးတစ်ဦးဟာ ကိုယ့်ကိုယ်ကိုသက်သေပြီး၊ သေဆုံးနေတာကို တွေ့ခဲ့ပါတယ်။ အလုပ်ထုတ်ခံခဲ့ရချိန်မှာ ပြန်ဝင်လို့မရခဲ့တဲ့အတွက် စိတ်ဓာတ်ကျခဲ့တာဖြစ်ပြီး၊ ကိုယ့်ကိုယ်ကို သေကြောင်းကြံသွားခဲ့တာပါ။

သေဆုံးခဲ့တာ တစ်ပတ်အကြာမှ တွေ့ခဲ့ရပေတဲ့ ဝင်စတန်လေဟာ ကိုယ့်ကိုယ်ကို ပလတ်စတစ်အိတ်နဲ့ စွပ်ပြီး၊ အသက်ရှုရပ်အောင်လုပ်ခဲ့တာပါ။ တက်စကို ဈေးဝယ်စင်တာမှာ အလုပ်လုပ်ပြီး (၁၇)နှစ်အကြာ၊ အထုတ်ခံခဲ့ရတဲ့ ဝင်စတန်လေတစ်ယောက် အလုပ်ထုတ်ခံရတာ သိသိချင်း စိတ်ဓာတ်ကျခဲ့ပါတယ်။ အလုပ်ထုတ်ခံရတဲ့အကြောင်းကလည်း သူ့ရဲ့အချိန်ဇယားကို အပြောင်းအလဲလုပ်ရာက စပါတယ်။

အလုပ်ချိန် ငါးဆိုင်းလောက်ကို လုပ်နေကျမဟုတ်ဘဲ တခြားဆိုင်ခွဲတွေကို ရွှေ့ခဲ့ပြီး၊ အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ဘာကြောင့်ပြောင်းခဲ့တာလဲမသိတဲ့ ဝင်စတန်လေဟာ စိတ်တိုပြီး ဈေးဝယ်သူတွေနဲ့ ပြဿနာတက်ရာကနေ အန္တရာယ်ရှိနိုင်တဲ့ အပြုအမူတွေ လုပ်ဆောင်ခဲ့တာပါ။ နောက်တော့ အလုပ်ချက်ချင်းထုတ်လိုက်ပြီး၊ ဝင်စတန်လေဟာ စည်းကမ်းချိုးဖောက်ခဲ့လို့လို့ အကြောင်းပြခဲ့ပါတယ်။

သမီးဖြစ်သူက သူ့အဖေသေဆုံးမှုအပေါ် တက်စကိုကို စာတင်ခဲ့ပေမဲ့ ဂရုမစိုက်ခဲ့ဘဲ ပယ်ချခဲ့ပါတယ်။ သူဟာ (၁၅)နှစ်တာ တာဝန်ထမ်းဆောင်တဲ့အလုပ်သမားကောင်းဆုတွေ ရဖူးသူဖြစ်သလို တက်စကိုရဲ့ လုပ်သက်အကြာဆုံး ဝန်ထမ်းတွေထဲက တစ်ယောက်ပါ။ သမီးက အဖေကို ပြန်လိုချင်တယ်။ လျော်ကြေးမလိုချင်ဘူးလို့ စာတင်ခဲ့ပေမဲ့ တက်စကိုကတော့ နာရေးကိုနှုတ်ဆက်စာတောင်မပို့ခဲ့ပါဘူး။

အလုပ်ကတော့ ဝင်စတန်လေတစ်ယောက် စိတ်ကျရောဂါဖြစ်အပြီး အလုပ်ချိန်သုံခုလောက်ပျက်ကွက်ခဲ့ဲတဲ့အတွက် အဆင်ပြေအောင် ဆိုင်ပြောင်းပေးခဲ့ပေမဲ့ စည်းကမ်းချိုးဖောက်တာတွေ လုပ်ခဲ့သလို ကိုယ့်ကိုယ်ကို မထိန်းနိုင်ခဲ့တဲ့အတွက်ထုတ်ပစ်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ အလုပ်ထုတ်ခံရတာကြောင့် စိတ်ဓာတ်ကျခဲ့တာလို့ သမီးဖြစ်သူကပြောခဲ့တဲ့အတွက် (၁၇)နှစ်ကြာအလုပ်ကနေ ထုတ်ခဲ့တဲ့ တက်စကိုဟာ ဝေဖန်ခံရမှု များနေပါတယ်။

မိုးဃ်သက် – မဟာခေတ်သစ်မီဒီယာ

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!