တကၠစီအပလီေကးရွင္းသံုးျပီး ေလွကားကုိ အဆင္းလမ္းထင္ၿပီး ဇြတ္ေမာင္းခ်တဲ့ ဒ႐ိုင္ဘာရဲ႕အျဖစ္

တကၠစီအပလီေကးရွင္းေတြကို အမီျပဳျပီး ေမာင္းေနရတဲ့ ကားဒရိုင္ဘာေတြအတြက္ေတာ့ ဒီအခ်က္က သတိျပဳစရာပါပဲ။ ဖုန္းရဲ႕ ျေမပံုမွာ လမ္းရွိတယ္လို႔ ျပထားေပမဲ့ တကယ္တမ္းက သြားလို႔ရခ်င္မွ ရႏိုင္မွာ ျဖစ္သလို အထူးသျဖင့္ ကားေမာင္းသမားေတြအတြက္ ေတာ္ေတာ္ေလးကို သတိထားရမယ့္အခ်က္ပါ။

ၾသစေၾတးလ်ႏုိင္ငံက Uber ကားအပလီေကးရွင္းနဲ႔ ၀န္ေဆာင္မႈ ေပးေနတဲ့ ဒရိုင္ဘာတစ္ေယာက္ဟာ ဒီအတိုင္းျဖစ္ခဲ့ပါတယ္။ ေအာက္ဘက္က ခရီးသည္က သူ႕ကို ငွားေနတဲ့အခ်ိန္ ရုတ္တရက္ သြားဖို႔ လမ္းေၾကာင္းရွာလိုက္ပါတယ္။ နံနက္ခင္း ေစာေစာၾကီးျဖစ္ေနတဲ့အတြက္ ေအာက္ကိုအဆင္းေျပေနတဲ့လမ္းက လူလည္းမရွိတဲ့အေပၚ ကားသြားလမ္းဆိုျပီး ထုိးဆင္းလိုက္ပါတယ္။

ကံဆိုးခ်င္ေတာ့ ေလွကားျဖစ္ေနျပီး၊ ကားကေအာက္ကိုအဆင္းမွာပဲ ဘီးေတြက အဆင္မညီတဲ့အတြက္ အရွိန္ကထိုးရပ္ျပီး၊ စက္ေသသြားခဲ့တာပါ။ ဇာတ္ကားေတြထဲကလို ေအာက္ကိုေတာ့ တန္းတန္းၾကီး ဆင္းမသြားပါဘူး။ ကံေကာင္းခ်င္ေတာ့ အေရွ႕ကိုထိုးစိုက္ခဲ့တဲ့ ကားဦးေခါင္းက ဒရိုင္ဘာဟာ ခါးပတ္ပတ္ထားတဲ့အတြက္ အသက္ေဘးက ကင္းခဲ့ပါတယ္။

‘ကၽြန္ေတာ္ကေတာ့ ကားလမ္းၾကီးလို႔ ထင္ျပီးေမာင္းခ်လိုက္တာပဲ အခုေတာ့ ဘာျဖစ္သြားလဲသာ ၾကည္႔ပါေတာ့ဗ်ာ’ ဆုိျပီး စပ္ျဖီးျဖီးျဖစ္ေနပါတယ္။ အဓိကက Uber အပလီေကးရွင္းမွာ ျပေနတဲ ့ေျမပံုအရ ဒီလမ္းဟာ ေအာက္ကိုဆင္းတဲ့လမ္းျဖစ္ေနျပိး၊ ကားသြားလို႔ရတယ္လို႔ ျပေနတာေၾကာင့္ပါ။ သက္ဆိုင္ရာေတြကို ကိုယ္စီဆက္သြယ္ျပီးခ်ိန္မွာေတာ့

ဖုန္းအပလီေကးရွင္းဟာ အနီးဆံုးမွာရွိေနတဲ့ ကားရွစ္စီးကိုပဲျပတာျဖစ္ျပီး၊ တကယ့္ကို တိတိက်က် ေနရာကို ျပတာမဟုတ္ဘူးလို႔ ဆိုခဲ့ပါတယ္။ ရဲေတြကေတာ့ ဒီျဖစ္ရပ္အတြက္ စံုစမ္းမႈျပဳလုပ္အျပီးမွာ ဘယ္သူ႕ကိုမွ အေရးယူမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ ျဖစ္ေလ့ျဖစ္ထရွိတတ္ျပီး၊ လူရွင္းေနတာေၾကာင့္လည္း ပါတယ္လို႔ သိရပါတယ္။

မိုးဃ္သက္ – မဟာေခတ္သစ္မီဒီယာ

Unicode

လှေကားကို အဆင်းလမ်းထင်ပြီး ဇွတ်မောင်းချတဲ့ ဒရိုင်ဘာရဲ့အဖြစ်

တက္ကစီအပလီကေးရှင်းတွေကို အမီပြုပြီး မောင်းနေရတဲ့ ကားဒရိုင်ဘာတွေအတွက်တော့ ဒီအချက်က သတိပြုစရာပါပဲ။ ဖုန်းရဲ့ ြမေပုံမှာ လမ်းရှိတယ်လို့ ပြထားပေမဲ့ တကယ်တမ်းက သွားလို့ရချင်မှ ရနိုင်မှာ ဖြစ်သလို အထူးသဖြင့် ကားမောင်းသမားတွေအတွက် တော်တော်လေးကို သတိထားရမယ့်အချက်ပါ။

သြစတြေးလျနိုင်ငံက Uber ကားအပလီကေးရှင်းနဲ့ ဝန်ဆောင်မှု ပေးနေတဲ့ ဒရိုင်ဘာတစ်ယောက်ဟာ ဒီအတိုင်းဖြစ်ခဲ့ပါတယ်။ အောက်ဘက်က ခရီးသည်က သူ့ကို ငှားနေတဲ့အချိန် ရုတ်တရက် သွားဖို့ လမ်းကြောင်းရှာလိုက်ပါတယ်။ နံနက်ခင်း စောစောကြီးဖြစ်နေတဲ့အတွက် အောက်ကိုအဆင်းပြေနေတဲ့လမ်းက လူလည်းမရှိတဲ့အပေါ် ကားသွားလမ်းဆိုပြီး ထိုးဆင်းလိုက်ပါတယ်။

ကံဆိုးချင်တော့ လှေကားဖြစ်နေပြီး၊ ကားကအောက်ကိုအဆင်းမှာပဲ ဘီးတွေက အဆင်မညီတဲ့အတွက် အရှိန်ကထိုးရပ်ပြီး၊ စက်သေသွားခဲ့တာပါ။ ဇာတ်ကားတွေထဲကလို အောက်ကိုတော့ တန်းတန်းကြီး ဆင်းမသွားပါဘူး။ ကံကောင်းချင်တော့ အရှေ့ကိုထိုးစိုက်ခဲ့တဲ့ ကားဦးခေါင်းက ဒရိုင်ဘာဟာ ခါးပတ်ပတ်ထားတဲ့အတွက် အသက်ဘေးက ကင်းခဲ့ပါတယ်။

‘ကျွန်တော်ကတော့ ကားလမ်းကြီးလို့ ထင်ပြီးမောင်းချလိုက်တာပဲ အခုတော့ ဘာဖြစ်သွားလဲသာ ကြည့်ပါတော့ဗျာ’ ဆိုပြီး စပ်ဖြီးဖြီးဖြစ်နေပါတယ်။ အဓိကက Uber အပလီကေးရှင်းမှာ ပြနေတဲ့မြေပုံအရ ဒီလမ်းဟာ အောက်ကိုဆင်းတဲ့လမ်းဖြစ်နေပြိး၊ ကားသွားလို့ရတယ်လို့ ပြနေတာကြောင့်ပါ။ သက်ဆိုင်ရာတွေကို ကိုယ်စီဆက်သွယ်ပြီးချိန်မှာတော့

ဖုန်းအပလီကေးရှင်းဟာ အနီးဆုံးမှာရှိနေတဲ့ ကားရှစ်စီးကိုပဲပြတာဖြစ်ပြီး၊ တကယ့်ကို တိတိကျကျ နေရာကို ပြတာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ရဲတွေကတော့ ဒီဖြစ်ရပ်အတွက် စုံစမ်းမှုပြုလုပ်အပြီးမှာ ဘယ်သူ့ကိုမှ အရေးယူမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတတ်ပြီး၊ လူရှင်းနေတာကြောင့်လည်း ပါတယ်လို့ သိရပါတယ်။

မိုးဃ်သက် – မဟာခေတ်သစ်မီဒီယာ

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!