တရုတ်ပြည်သို့ နွားတင်ပို့ရာလမ်းကြောင်းနှင့် နွားကားတွေ အပစ်ခံရတဲ့အကြောင်းရင်းကို ဖော်ထုတ်လိုက်တဲ့ ပြည်သူတစ်ဦး

** နွားကားများ အပစ်ခံရခြင်း ရဲ့ တရားခံ **

နွားကားမောင်းသည့် ယာဉ်မောင်းများ သေချာဖတ်ပါ

ကိုယ်တိုင်နွားကားမမောင်းသော်လည်း နွားကားမောင်းသည့် မိမိ သူငယ်ချင်း မိတ်ဆွေများသိစေရန် share ပေးပါ

နိုင်ငံတော်ကတရားဝင်ခွင့်ပြုပေးထားတဲ့ ကျွဲနွားတင်ဆောင်သည့်ကားတွေ နောင်ပိန်ရွာ(ဂုတ်ထိပ်)နှင့် လားရိုးကြား တွင် မကြာခန အပစ်ခံနေရတာ အားလုံးအသိပါ….

ဘာကြောင့်အပစ်ခံရတာလဲဆိုတော့ ရှမ်းအဖွဲ့ကို အခွန်မဆောင်လို့အပစ်ခံရတာပါ

နွားကား အပစ်ခံရတဲ့ အကြောင်းကိုပြောမယ်ဆိုရင် ခုလက်ရှိ နွားလောက အခြေနေကို စပြီးပြောပြမှ ဖြစ်မယ်ဗျ

နွားအကောင်100 မူဆယ်ကို ပို့ခွင့် ရဖို့အတွက် ကုမ္ပဏီထောင် မွေး/ကု ကလန်းညွှန်ချက်တွေအတိုင်းအဆင့်ဆင့်လုပ်ရတယ်ဗျ နောက်ဆုံး ပို့ခွင့်ရပီဆိုရင် အားလုံးပီးပီဆိုရင် နွားပို့ခွင့် လက်မှတ် ရတဲ့သူက နွားကုန်သည်ကို ရောင်းစားတယ်ဗျ……

ကဲ ဆက်ပြောရမယ်ဆိုရင် နွားကုန်သည်က နွားလဲဝယ်ပီးပီ လက်မှတ်လဲဝယ်ပီးပီဆိုတော့ မုဆယ်ကိုတင်တေါ့မယ်ဆိုရင် ကားငှါးရပြီပေါ့ဗျာ…ကိုယ်တိုင် လက်မှတ်ရှိတဲ့ နွားကုန်သည်ကလဲ တင်တော့မယ်ဆိုရင် နွားကားငှါးရပီဗျ….

နွား100 တင်ဖို့အတွက် 12ဘီး 4စီး သို့မဟုက် 5စီးလိုပါတယ်

*** အခုအရင်လိုမဟုက်တော့ပါ နွားတင်တဲ့ကားတွေ တစ်စီးကို တစ်နှစ်စာ (8)သိန်း ဆောင်ရပါတယ် ***

မူဆယ်ကို နွား အကောင် 100 တင်ပီဆိုရင် ရှမ်းအဖွဲ့ 2 ဖွဲ့ကို အခွန်ဆောင်ရပါတယ်

**နောင်ပိန်ရွာ(ကျောက်မဲ)မှာ သိန်း 20ဆောင်ရပါတယ်

**သီပေါ အကျော်မှာ 16သိန်းဆောင်ရပါတယ်

အဲ့တော့ အခွန်မဆောင်ဘဲမောင်းတဲ့ကားဆိုရင် ပစ်သတ်ပါတယ်

အခွန်မဆောင်တာက ဘယ်သူလဲ ????

ဒီနေရာမှာ အားလုံးသိဖိုပြောရမှာက လမ်းရှင်းအကြောင်းပါ ..အပေါ်မှာပြောသလိုဘဲ နွားကုန်သည်က ကားငှါးပီဆိုတာနဲ့ ..ကားငှါးတဲ့ဂိတ်ကို ကျောက်ချော 16မိုင်ဂိတ်ကနေ မူဆယ်အရောက် ကျသင့်တဲ့ အခွန်အခ ကို တွက်ချက်ပြီးပေးလိုက်ပါတယ်

16မိုင်ဂိတ်ကနေ မူဆယ်ထိ ကုန်ကျငွေစာရင်း

16မိုင်ဂိတ် 2သိန်း

နောင်ပိန် ရှမ်းအဖွဲ့ 20သိန်း

သီပေါ ရှမ်းအဖွဲ့ 16သိန်း

ရေပုဂိတ် 1သိန်း

ကွတ်ခိုင် Anima Quarantine 2သိန်း

ကွတ်ခိုင် KIA အဖွဲ့ 12သိန်း

105မိုင် နွားအခွန်ဆောင် 40သိန်း.

အဲ့ဒီကုန်ကျငွေကို လမ်းရှင်းဆိုသူကို ကုန်သည်ကအပ်လိုက်ပါတယ် … အဲ့ဒီအခါမှာ လောဘသား လမ်းရှင်းက ရှမ်းအဖွဲ့ကို အခွန်မဆောင်ဘဲ ကားသမားတွေကို မောင်းခိုင်းပါတယ်… သိန်း20ကို သူ့အိပ်ကပ်ထဲထည့်ပါတယ်

သိန်း20နဲ့ လူ့အသက်တစ်ချောင်းကို လဲတဲ့ လောဘသားတွေပါ

နွားကားမောင်းတဲ့ ဒရိုင်ဘာတွေ မသေချင်ရင် ကျွန်တော်ပြောသလိုလုပ်ပါ ။ ဂုတ်တွင်းအကျော်မှာ ကားရပ်လိုက်ပါ လမ်းရှင်းတဲ့သုကို ရှမ်းအဖွဲ့ကိုဆောင်ထားတဲ့ လက်မှတ်ကို ပြခိုင်းပါ ။လမ်းရှင်းကမပြဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေရင်သေချာပါပြီ သူမဆောင်ဘဲ ကျော်တော့ခွတော့မှာပါ

နွားကားမောင်းသူအနေနဲ့ လမ်းရှင်းကမောင်းဆိုတိုင်းမောင်းရင်တော့ ဘဝကူးလှမှာမဟုက်ဘူးနော်

နွားကားမောင်းသူတွေ အသက်ပေးရတာ လမ်းရှင်းလောဘသားကြောင့်ပါ ။နိုင်ငံတော်ကလဲ ကာကွယ်မပေးနိုင်တော့ ရှမ်းအဖွဲ့ကိုအခွန်ဆောင်နေရတာပါဘဲ မဆောင်ရင် ပစ်ခံထိမှာပါ

အဲ့တော့ လမ်းရှင်းတွေသတိထားပါ မနေ့ကအပစ်ခံရတဲ့ကားနဲ့ဒီနေ့မနက်အပစ်ခံရတဲ့ကား နှစ်စီးလုံးလမ်းရှင်းကအတူတူပါဘဲ

29.11.2018 ကအပစ်ခံရတဲ့ ကားနဲ့ …27.7.2019 ကအပစ်ခံရတဲ့ကား လမ်းရှင်းကလဲအတူတူပါဘဲ

နောက်တခါဆိုရင်တော့ လူပုံကော လိပ်စာအတိအကျပါ တင်တော့မယ်

ဘဝတူကားသမားတွေ အသက်ပေးရတာများနေပြီ လောဘသားတွေ ထမင်းဝအောင်တော့စားထားကြကွာ

crd .Sai Moon

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!