အေမရိကန္မွာ ဆယ္စုႏွစ္အတြင္း ပထမဆုံးကြပ္မ်က္ခံရဖုိ႔ရွိတဲ့ အက်ဥ္းသား

အေမရိကန္ Utah ျပည္နယ္မွာ ဆယ္ႏွစ္ၾကာ ရပ္နားထားတဲ့ ေသဒဏ္ကုိ ပထမဆုံး ျပန္လည္က်င့္သုံးဖုိ႔ရွိေနေၾကာင္း သိရပါတယ္။ မၾကာခင္မွာ ကြပ္မ်က္ခံရဖုိ႔ရွိတဲ့ တရားခံဟာ၊ အမႈအယူခံ ႐ႈံးနိမ့္ခဲ့တဲ့အတြက္ ေသဒဏ္ကို အတည္ျပဳလုိက္တာပါ။ တရားခံအမည္ကေတာ့ Ron Lafferty ျဖစ္ၿပီး၊ (၁၉၈၄)ခုႏွစ္က လူသတ္မႈ က်ဴးလြန္ခဲ့တာပါ။

Ron ဟာ သူရဲ႕ခယ္မျဖစ္သူနဲ႔ ခယ္မရဲ႕သမီးျဖစ္သူကို သတ္ျဖတ္ခဲ့မႈအတြက္ ေထာင္ဒဏ္ ႏွစ္(၃၀)ေက်ာ္ၾကာ က်ခံေနရသူျဖစ္ၿပီး၊ ပူးတြဲေသဒဏ္ကိုေတာ့ ေထာင္ဒဏ္ႏွစ္ေစ့ခ်ိန္မွာ စီရင္ဖုိ႔ အမိန္႔ခ်မွတ္ခံထားရသူပါ။ ၾသဂုတ္လ (၁၂)ရက္ေန႔က Ron ရဲ႕ ေနာက္ဆုံးအယူခံကို ပယ္ခ်လုိက္တာ ျဖစ္ျခင္းေၾကာင္း ေသဒဏ္ကို ဆက္ၿပီး အတည္ျပဳခံခဲ့ရတာပါ။

Ron ကုိ လာမယ့္ ႏွစ္ဆန္းပုိင္းမွာ လက္မရြံ႔ေသနတ္ပစ္တပ္ဖြဲ႕နဲ႔ မေသမခ်င္း ပစ္ခတ္စီရင္ဖုိ႔ ရွိပါတယ္။ Ron က သူ႕ကုိ ေသဒဏ္ေပးကတည္းက ေသနတ္ပစ္တပ္ဖြဲ႕နဲ႔ ပစ္ခတ္စီရင္ဖုိ႔ ေတာင္းဆုိခဲ့တာလုိ႔ သိရပါတယ္။ အေမရိကန္မွာ ေခတ္ေဟာင္း ကြပ္မ်က္နည္းေတြကို ပယ္ဖ်က္ထားေသာ္လည္း အခု ေသနတ္ပစ္တပ္ဖြဲ႕ရဲ႕စီရင္မႈက အတည္ျဖစ္ေလမလားေတာ့ မသိရေသးပါဘူး။

အေမရိကန္မွာ လက္ရွိက်င့္သုံးေနတဲ့ ေသဒဏ္ကေတာ့ ေဆးထုိးစီရင္ျခင္း၊ လွ်ပ္စစ္ျဖင့္ စီရင္ျခင္း စတဲ့ နည္းေတြကုိသာ အသုံးျပဳေနပါတယ္။ Ron က သူ လူသတ္မႈက်ဴးလြန္ရျခင္းက ဘုရားသခင္ဆီက ညႊန္ၾကားခ်က္ေၾကာင့္ဆိုၿပီး စိတၱဇဆန္ဆန္ ဝန္ခံခဲ့သူပါ။ သူဟာ အစ္ကိုျဖစ္သူ Dan နဲ႔အတူ ဒီလူသတ္မႈကို က်ဴးလြန္ခဲ့တာပါ။ Dan ကေတာ့ ေထာင္တစ္သက္နဲ႔ သီးျခား(၅)ႏွစ္ ခ်မွတ္ခံထားရပါတယ္။

မုိဃ္းသက္ – မဟာ ေခတ္သစ္မီဒီယာ

Source : UniLad

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အမေရိကန် Utah ပြည်နယ်မှာ ဆယ်နှစ်ကြာ ရပ်နားထားတဲ့ သေဒဏ်ကို ပထမဆုံး ပြန်လည်ကျင့်သုံးဖို့ရှိနေကြောင်း သိရပါတယ်။ မကြာခင်မှာ ကွပ်မျက်ခံရဖို့ရှိတဲ့ တရားခံဟာ၊ အမှုအယူခံ ရှုံးနိမ့်ခဲ့တဲ့အတွက် သေဒဏ်ကို အတည်ပြုလိုက်တာပါ။ တရားခံအမည်ကတော့ Ron Lafferty ဖြစ်ပြီး၊ (၁၉၈၄)ခုနှစ်က လူသတ်မှု ကျူးလွန်ခဲ့တာပါ။

Ron ဟာ သူရဲ့ခယ်မဖြစ်သူနဲ့ ခယ်မရဲ့သမီးဖြစ်သူကို သတ်ဖြတ်ခဲ့မှုအတွက် ထောင်ဒဏ် နှစ်(၃၀)ကျော်ကြာ ကျခံနေရသူဖြစ်ပြီး၊ ပူးတွဲသေဒဏ်ကိုတော့ ထောင်ဒဏ်နှစ်စေ့ချိန်မှာ စီရင်ဖို့ အမိန့်ချမှတ်ခံထားရသူပါ။ သြဂုတ်လ (၁၂)ရက်နေ့က Ron ရဲ့ နောက်ဆုံးအယူခံကို ပယ်ချလိုက်တာ ဖြစ်ခြင်းကြောင်း သေဒဏ်ကို ဆက်ပြီး အတည်ပြုခံခဲ့ရတာပါ။

Ron ကို လာမယ့် နှစ်ဆန်းပိုင်းမှာ လက်မရွံ့သေနတ်ပစ်တပ်ဖွဲ့နဲ့ မသေမချင်း ပစ်ခတ်စီရင်ဖို့ ရှိပါတယ်။ Ron က သူ့ကို သေဒဏ်ပေးကတည်းက သေနတ်ပစ်တပ်ဖွဲ့နဲ့ ပစ်ခတ်စီရင်ဖို့ တောင်းဆိုခဲ့တာလို့ သိရပါတယ်။ အမေရိကန်မှာ ခေတ်ဟောင်း ကွပ်မျက်နည်းတွေကို ပယ်ဖျက်ထားသော်လည်း အခု သေနတ်ပစ်တပ်ဖွဲ့ရဲ့စီရင်မှုက အတည်ဖြစ်လေမလားတော့ မသိရသေးပါဘူး။

အမေရိကန်မှာ လက်ရှိကျင့်သုံးနေတဲ့ သေဒဏ်ကတော့ ဆေးထိုးစီရင်ခြင်း၊ လျှပ်စစ်ဖြင့် စီရင်ခြင်း စတဲ့ နည်းတွေကိုသာ အသုံးပြုနေပါတယ်။ Ron က သူ လူသတ်မှုကျူးလွန်ရခြင်းက ဘုရားသခင်ဆီက ညွှန်ကြားချက်ကြောင့်ဆိုပြီး စိတ္တဇဆန်ဆန် ဝန်ခံခဲ့သူပါ။ သူဟာ အစ်ကိုဖြစ်သူ Dan နဲ့အတူ ဒီလူသတ်မှုကို ကျူးလွန်ခဲ့တာပါ။ Dan ကတော့ ထောင်တစ်သက်နဲ့ သီးခြား(၅)နှစ် ချမှတ်ခံထားရပါတယ်။

မိုဃ်းသက် – မဟာ ခေတ်သစ်မီဒီယာ

Source : UniLad

error: Content is protected !!