ဥာဏ္ေကာင္းလွတဲ႔ ခ်င္ပန္ဇီ ေမ်ာက္တစ္ေကာင္ရဲ႕ လုပ္ရပ္က လူေတြကို အံ႔ၾသေစခဲ႔(ရုပ္သံ)

ေမ်ာက္ေတြ ခ်င္ပန္ဇီေတြဟာ လူေတြနဲ႔ အသိဉာဏ္ခ်င္း နီးနီးစပ္စပ္ ဆင္တူပါတယ္။ ဒါေပမယ့္ တိရစာၦန္ေတြသာျဖစ္လုိ႔ လူေတြေလာက္ေတာ့ ထူးခၽြန္ေျပာင္ေျမာက္တဲ့ လုပ္ငန္းေဆာင္တာေတြ လုပ္ေဆာင္ႏုိင္ျခင္း မရွိသလုိ၊ ဦးေႏွာက္ကိုလည္း လူေတြေလာက္ ေကာင္းမြန္စြာ အသုံးခ်ႏုိင္တာမ်ိဳးေတာ့ မဟုတ္ေသးပါဘူး။

အခုလည္း Capuchin ေမ်ာက္တစ္ေကာင္ဟာ သူတုိ႔ကို ကာထားတဲ့ မွန္နံရံႀကီးကုိ ေက်ာက္တုံးနဲ႔ ထုခြဲဖုိ႔ ႀကိဳးစားခဲ့တာပါ။ ဒီပုံစံကေတာ့ လူေတြရဲ႕ ေတြးေတာပုံနဲ႔ တူညီေနၿပီး၊ တစ္ျခားေမ်ာက္ေတြကေတာ့ ဘာသိဘာသာ ေနၾကပါတယ္။ ထူးျခားတာက အဲဒီ ေမ်ာက္အုပ္ထဲမွာ ဒီေမ်ာက္က ဉာဏ္အေကာင္းဆုံးလုိ႔ တိရစာၦန္႐ုံဝန္ထမ္းက ေျပာပါတယ္။

ဒီတိရစာၦန္႐ုံကေတာ့ Henan စီရင္စုၿမိဳ႕ေတာ္ Zhengzhou မွာ တည္ရွိပါတယ္။ တိရစာၦန္႐ုံဝန္ထမ္းတစ္ဦးရဲ႕အဆုိအရ အဲဒီေမ်ာက္ဟာ သစ္မာသီးေတြကုိ ေက်ာက္တုံးေတြနဲ႔ ထုၿပီး စားေလ့ရွိၿပီး၊ တစ္ျခားေမ်ာက္ေတြကေတာ့ ပါးစပ္နဲ႔သာ ကုိက္ခြာေလ့ရွိတယ္လုိ႔ ေျပာပါတယ္။ ဒီဗြီဒီယုိကို မွတ္တမ္းတင္ေနတဲ့ ခရီးသြားကလည္း-ေမ်ာက္ရဲ႕ လုံ႔လစုိက္မႈကို အခ်ည္းအႏွီးျဖစ္မယ္လုိ႔ ထင္ခဲ့ၿပီး၊ ရယ္ေမာခဲ့ပါတယ္။ ဒါေပမယ့္ မွန္ႀကီး အက္သြားတာကို ျမင္ေတာ့ သူလည္း တအံ့တၾသ ေအာ္လုိက္ပါေတာ့တယ္။ ေမ်ာက္ကလည္း မွန္ႀကီးအက္သြားတာ ျမင္ေတာ့ ေနရာကေန ေျပးပါေတာ့တယ္။ ဒီဗြီဒီယုိကို ၾကည့္႐ႈသူ သန္းနဲ႔ခ်ီရွိခဲ့ေၾကာင္း သိရပါတယ္။

ရုပ္သံၾကည့္ရန္

မုိဃ္းသက္ – မဟာ ေခတ္သစ္မီဒီယာ

Source : Shanghai.ist

ယူနီကုဒ်ဖြင့်ဖတ်ရန်-

မျောက်တွေ ချင်ပန်ဇီတွေဟာ လူတွေနဲ့ အသိဉာဏ်ချင်း နီးနီးစပ်စပ် ဆင်တူပါတယ်။ ဒါပေမယ့် တိရစ္ဆာန်တွေသာဖြစ်လို့ လူတွေလောက်တော့ ထူးချွန်ပြောင်မြောက်တဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်ခြင်း မရှိသလို၊ ဦးနှောက်ကိုလည်း လူတွေလောက် ကောင်းမွန်စွာ အသုံးချနိုင်တာမျိုးတော့ မဟုတ်သေးပါဘူး။

အခုလည်း Capuchin မျောက်တစ်ကောင်ဟာ သူတို့ကို ကာထားတဲ့ မှန်နံရံကြီးကို ကျောက်တုံးနဲ့ ထုခွဲဖို့ ကြိုးစားခဲ့တာပါ။ ဒီပုံစံကတော့ လူတွေရဲ့ တွေးတောပုံနဲ့ တူညီနေပြီး၊ တစ်ခြားမျောက်တွေကတော့ ဘာသိဘာသာ နေကြပါတယ်။ ထူးခြားတာက အဲဒီ မျောက်အုပ်ထဲမှာ ဒီမျောက်က ဉာဏ်အကောင်းဆုံးလို့ တိရစ္ဆာန်ရုံဝန်ထမ်းက ပြောပါတယ်။

ဒီတိရစ္ဆာန်ရုံကတော့ Henan စီရင်စုမြို့တော် Zhengzhou မှာ တည်ရှိပါတယ်။ တိရစ္ဆာန်ရုံဝန်ထမ်းတစ်ဦးရဲ့အဆိုအရ အဲဒီမျောက်ဟာ သစ်မာသီးတွေကို ကျောက်တုံးတွေနဲ့ ထုပြီး စားလေ့ရှိပြီး၊ တစ်ခြားမျောက်တွေကတော့ ပါးစပ်နဲ့သာ ကိုက်ခွာလေ့ရှိတယ်လို့ ပြောပါတယ်။ ဒီဗွီဒီယိုကို မှတ်တမ်းတင်နေတဲ့ ခရီးသွားကလည်း-

မျောက်ရဲ့ လုံ့လစိုက်မှုကို အချည်းအနှီးဖြစ်မယ်လို့ ထင်ခဲ့ပြီး၊ ရယ်မောခဲ့ပါတယ်။ ဒါပေမယ့် မှန်ကြီး အက်သွားတာကို မြင်တော့ သူလည်း တအံ့တသြ အော်လိုက်ပါတော့တယ်။ မျောက်ကလည်း မှန်ကြီးအက်သွားတာ မြင်တော့ နေရာကနေ ပြေးပါတော့တယ်။ ဒီဗွီဒီယိုကို ကြည့်ရှုသူ သန်းနဲ့ချီရှိခဲ့ကြောင်း သိရပါတယ်။

မိုဃ်းသက် – မဟာ ခေတ်သစ်မီဒီယာ

Source : Shanghai.ist

error: Content is protected !!