ႀကိတ္ေၾကြေနရတဲ့ သူငယ္ခ်င္းကို ဖြင့္မေျပာဘဲ၊ တစ္ျခားသူနဲ႔ေစ့စပ္မွ အဓမၼက်င့္ခဲ့သူ

အင္ဒုိနီးရွားႏုိင္ငံ၊ ေတာင္စူမားၾတားမွာေနထုိင္တဲ့ အသက္(၂၃)ႏွစ္အရြယ္ အမ်ိဳးသားတစ္ေယာက္ဟာ သူ ေက်ာင္းကတည္းက ႀကိတ္ေၾကြေနရတဲ့ သူငယ္ခ်င္းမေလးကို အရိပ္တၾကည့္ၾကည့္နဲ႔ ဖြင့္မေျပာဘဲေနလာခဲ့ပါတယ္။ ေကာင္မေလးက တစ္ျခားသူနဲ႔ ေစ့စပ္မယ္ဆုိတာ သိတဲ့ညမွာပဲ၊ မခံမရပ္ႏုိင္ျဖစ္ၿပီး အဓမၼက်င့္ခဲ့ပါတယ္။

သူဟာ သူငယ္ခ်င္းေကာင္မေလးအိမ္ကို ညဘက္မွာ သြားၿပီး၊ သူမကုိ အဓမၼက်င့္ခဲ့တာ ျဖစ္ပါတယ္။ သူနဲ႔ ေကာင္မေလးဟာ ငယ္ငယ္ မူလတန္းေက်ာင္းသူဘဝကတည္းက အတူႀကီးျပင္းလာၾကသူေတြ ျဖစ္ၿပီး၊ သူ ဘယ္ေလာက္ပဲ ခ်စ္ေပမယ့္ ေကာင္မေလးက မသိက်ိဴးကၽြန္ ျပဳေနလုိ႔၊ ဖြင့္ေျပာဖုိ႔ အခြင့္မသာခဲ့ပါဘူးတဲ့။

ေနာက္ဆုံးေတာ့ အပယ္ခံအမ်ိဳးသားဟာ မနက္ျဖန္ေလာက္မွာ ေစ့စပ္မယ့္ ေကာင္မေလးကို ပန္းေကာင္းအညႊန္႔ခ်ိဳးၿပီး၊ ဖ်က္ဆီးလုိက္ေတာ့တာပါဘဲ။ သူ႕ရဲ႕ အစစ္ခံခ်က္မွာေတာ့ သူ ေကာင္မေလးအိမ္ကုိ ညဘက္ ေရာက္သြားခ်ိန္မွာ၊ ေရွ႕တံခါးက ေသာ့ခတ္မထားတဲ့အတြက္ အိမ္ထဲကို ဝင္ရတာ အလြယ္တကူျဖစ္ခဲ့တယ္လုိ႔ ေျပာပါတယ္။

ေကာင္မေလးအခန္းကို ေရာက္သြားခ်ိန္မွာပဲ ဘယ္သူလဲလုိ႔ ေမးခ်ိန္ တြန္းလွဲၿပီး အတင္းအဓမၼ ျပဳက်င့္ခဲ့တာပါ။ သူဟာ အဲဒီအိမ္ကုိ ဝင္ထြက္ေနၾကမုိ႔ ယခင္က က်ဴးလြန္ခဲ့တဲ့ အမႈေတြကိုလည္း ဝန္ခံခဲ့ပါတယ္။ အဲဒါကေတာ့ ေကာင္မေလးရဲ႕ ေလွ်ာ္ဖြပ္ဖုိ႔ရွိတဲ့ အတြင္းခံေတြကို အႀကိမ္ ရာနဲ႔ခ်ီ နမ္း႐ႈိက္ခဲ့တယ္လုိ႔ ေျပာပါတယ္။

ေကာင္မေလးက အဓမၼက်င့္ခံေနရခ်ိန္မွာ သူမနဲ႔ ေစ့စပ္မဲ့ေကာင္ေလးလားဆုိၿပီး ေမးခဲ့ရာ အဓမၼသမားမွာ ပိုေဒါသထြက္သြားခဲ့ၿပီး၊ ၾကမ္းၾကမ္းတမ္းတမ္း အဓမၼျပဳက်င့္ခဲ့ပါတယ္တဲ့။ အဲဒီေနာက္ သူဟာ ထြက္ေျပးသြားခဲ့ပါတယ္။ သူ႕ကို သက္ဆုိင္ရာက ဖမ္းဆီးၿပီးေနာက္ ရာဇဝတ္ပုဒ္မ (၂၈၉)ျဖင့္ စြဲခ်က္တင္ခဲ့ၿပီး၊ တရား႐ုံးက ေထာင္(၉)ႏွစ္ ခ်မွတ္ခဲ့ပါတယ္။

မုိဃ္းသက္ – မဟာ ေခတ္သစ္မီဒီယာ

Source : WorldOfBuzz

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အင်ဒိုနီးရှားနိုင်ငံ၊ တောင်စူမားတြားမှာနေထိုင်တဲ့ အသက်(၂၃)နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ သူ ကျောင်းကတည်းက ကြိတ်ကြွေနေရတဲ့ သူငယ်ချင်းမလေးကို အရိပ်တကြည့်ကြည့်နဲ့ ဖွင့်မပြောဘဲနေလာခဲ့ပါတယ်။ ကောင်မလေးက တစ်ခြားသူနဲ့ စေ့စပ်မယ်ဆိုတာ သိတဲ့ညမှာပဲ၊ မခံမရပ်နိုင်ဖြစ်ပြီး အဓမ္မကျင့်ခဲ့ပါတယ်။

သူဟာ သူငယ်ချင်းကောင်မလေးအိမ်ကို ညဘက်မှာ သွားပြီး၊ သူမကို အဓမ္မကျင့်ခဲ့တာ ဖြစ်ပါတယ်။ သူနဲ့ ကောင်မလေးဟာ ငယ်ငယ် မူလတန်းကျောင်းသူဘဝကတည်းက အတူကြီးပြင်းလာကြသူတွေ ဖြစ်ပြီး၊ သူ ဘယ်လောက်ပဲ ချစ်ပေမယ့် ကောင်မလေးက မသိကျိူးကျွန် ပြုနေလို့၊ ဖွင့်ပြောဖို့ အခွင့်မသာခဲ့ပါဘူးတဲ့။

နောက်ဆုံးတော့ အပယ်ခံအမျိုးသားဟာ မနက်ဖြန်လောက်မှာ စေ့စပ်မယ့် ကောင်မလေးကို ပန်းကောင်းအညွှန့်ချိုးပြီး၊ ဖျက်ဆီးလိုက်တော့တာပါဘဲ။ သူ့ရဲ့ အစစ်ခံချက်မှာတော့ သူ ကောင်မလေးအိမ်ကို ညဘက် ရောက်သွားချိန်မှာ၊ ရှေ့တံခါးက သော့ခတ်မထားတဲ့အတွက် အိမ်ထဲကို ဝင်ရတာ အလွယ်တကူဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ကောင်မလေးအခန်းကို ရောက်သွားချိန်မှာပဲ ဘယ်သူလဲလို့ မေးချိန် တွန်းလှဲပြီး အတင်းအဓမ္မ ပြုကျင့်ခဲ့တာပါ။ သူဟာ အဲဒီအိမ်ကို ဝင်ထွက်နေကြမို့ ယခင်က ကျူးလွန်ခဲ့တဲ့ အမှုတွေကိုလည်း ဝန်ခံခဲ့ပါတယ်။ အဲဒါကတော့ ကောင်မလေးရဲ့ လျှော်ဖွပ်ဖို့ရှိတဲ့ အတွင်းခံတွေကို အကြိမ် ရာနဲ့ချီ နမ်းရှိုက်ခဲ့တယ်လို့ ပြောပါတယ်။

ကောင်မလေးက အဓမ္မကျင့်ခံနေရချိန်မှာ သူမနဲ့ စေ့စပ်မဲ့ကောင်လေးလားဆိုပြီး မေးခဲ့ရာ အဓမ္မသမားမှာ ပိုဒေါသထွက်သွားခဲ့ပြီး၊ ကြမ်းကြမ်းတမ်းတမ်း အဓမ္မပြုကျင့်ခဲ့ပါတယ်တဲ့။ အဲဒီနောက် သူဟာ ထွက်ပြေးသွားခဲ့ပါတယ်။ သူ့ကို သက်ဆိုင်ရာက ဖမ်းဆီးပြီးနောက် ရာဇဝတ်ပုဒ်မ (၂၈၉)ဖြင့် စွဲချက်တင်ခဲ့ပြီး၊ တရားရုံးက ထောင်(၉)နှစ် ချမှတ်ခဲ့ပါတယ်။

မိုဃ်းသက် – မဟာ ခေတ်သစ်မီဒီယာ

Source : WorldOfBuzz

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!