သိန်းနီမြို့နယ် ရေပူဂိတ်မှာ ပစ်ခတ်မှုဖြစ် ပိန်းဆာပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ဦးသေ ၁ ဦး ဒဏ်ရာရ

သြဂုတ် ၂၄ ရက်၊ သိန်းနီ

ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းအနီးမှာ ဒီနေ့ သြဂုတ်လ ၂၄ ရက် မနက်ပိုင်း ၃ နာရီခွဲဝန်းကျင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရေပူဂိတ်လုံခြုံရေးယူနေတဲ့ ပိန်းဆာပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ရေပူစစ်ဆေးရေးဂိတ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာကနေ ပြည်သူ့စစ်တပ်ဖွဲ့ ၁ ဦးသေဆုံးပြီး ၁ ဦးက ဒဏ်ရာရရှိခဲ့တာဘဲ ဖြစ်ပါတယ်။

လားရှိုး-သိန်းနီအထွက် ၁၂ မိုင်မှာ ပစ်ခတ်မှုစတင်ဖြစ်ပွားကတည်းက ရေပူဂိတ်မှာ တပ်မတော်ဘက်က လုံခြုံရေးယူထားတာကို တွေ့ခဲ့ရပြီး လက်ရှိအချိန်ထိ တပ်ဖက်ကဘဲ လုံခြုံရေး ယူထားဆဲ ဖြစ်ပါတယ်။

လားရှိုးနဲ့သိန်းနီကြားက ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှာ ပြန်လည်ဖွင့်လှစ်ခဲ့တာဘဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မှာရှိတဲ့ တပ်မတော်နည်းပညာတက္ကသိုလ်မှာ သြဂုတ် ၁၅ ရက်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းမြို့နယ်တွေမှာလဲ သြဂုတ် ၂၃ ရက်ထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ ကိုးကန့်တပ်မတော်၊ ရက္ခိုင့်တပ်မတော်၊ တအာင်းတပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှုပြင်းထန်နေတာကြောင့် လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့နယ်တွေမှာ စစ်ရှောင် ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

#ရေပူဂိတ် #သိန်းနီ

မိုင်းရူကော၊ ရွှေဖီမြေ

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!