“သားသားပိုက်​ဆံစုတာ ဒီနေ့ သိန်း၂၀ ပြည့်​ပြီဖေဖေ” တဲ့ မြန်မာပြည်က မိဘတိုင်း အတုယူသင့်တဲ့ ချစ်စရာမိသားစုလေး

ဒီနေ့….သားသားဘုန်းပြည့်​ဖြိုးရဲ့ P3 ပညာသင်​နှစ်​ ပြီးဆုံးပါပြီ။ အိမ်​ရောက်​တော့…သားသားက ..သားပိုက်​ဆံစုတာ ဒီနေ့ သိန်း၂၀ ပြည့်​ပြီဖေဖေ တဲ့..။ဒီနှစ်​စာသင်​နှစ်​အစမှာ သားနဲ့ ကျွန်​တော်​တို့မိဘ၂ ပါး သဘောတူညီမှုတစ်​ခုပြုလုပ်​ထားခဲ့ပါတယ်​။ အဲဒါဘာလဲဆိုတော့ ….သား Tution တက်​ /မတက်​ကိစ္စပါ..။သားကို Tutionတက်​ချင်​လား…? တက်​ချင်​ရင်​ထားပေးမယ်​…ဒါပေမယ့်​…သားကျူ ရှင်​တက်​ရင်​…သားပင်​ပန်းမယ်​..အချိန်​ကုန်​မယ်​….ကစားဖို့အချိန်​နည်းသွားမယ်​… သားဝါသနာပါတဲ့အခြားအရာတွေလုပ်​ဖို့ အချိန်​လျှော့သွားမယ်​..ဖေဖေတို့လည်း တစ်​လ ၂သိန်းနဲ့ ၁၀လစာ သိန်း၂၀လောက်​ကုန်​မယ်​….။

တကယ်​လို့ Tution မတက်​ဘဲသားကျောင်းမှာ ဆရာ/ဆရာမတွေသင်​ကြားပြသတာကို ဂရုတစိုက်​မှတ်​သားနားထောင်​မယ်​….ပြီးတော့ဖေဖေမေမေတို့ ရဲ့ Timetableအတိုင်းလိုက်​နာကြိုးစားမယ်​ဆိုရင်​…သားအတွက်​ ဖေဖေတို့ သိန်း၂၀စုမိမယ်​…သားလည်းဝါသနာပါတဲ့အခြားအရာတွေကိုလုပ်​ဖို့…အချိန်​ပိုရမယ်..သားကို စဉ်းစားဖို့​…သားလွတ်​လပ်​စွာကြိုက်​ရာဆုံးဖြတ်​ခွင့်​ပြု ခဲ့ပါတယ်​။သားသားက Tutionမတက်​ပဲ ဖေဖေမေမေနဲ့ ဆရာ/ဆရာမတွေ သင်​ကြားပြသတဲ့အတိုင်းကြိုးစားပြီး သိန်း၂၀စုမယ်​လို့ပြောပြီး…ကြိုးစားခဲ့ပါတယ်​။

ကျွန်​တော်​တို့မိဘများဘက်​ကလည်း သားသားအတွက်​အချိန်​ပေးပြီး သားသားရဲ့ဆရာ/ဆရာမ တစ်​ဦးချင်းစီနဲ့ သားသားရှေ့မှာရော…သားသားကွယ်​ရာမှာပါ သွားရောက်​တွေ့ဆုံပြီး သားသားရဲ့ကျောင်းတွင်းအားနည်းချက်​ အားသာချက်​..လိုအပ်​ချက်​များကို ရင်းနှီးပွင်းလင်းစွာမေးမြန်းဆွေးနွေးပူးပေါင်းခဲ့တယ်​ဆိုတာ…တစ်​ကျောင်းလုံးအသိပဲဖြစ်​ပါတယ်​။ပညာသင်​တယ်​ဆိုတာ…စိတ်​ကိုသင်​တာဖြစ်​တယ်​ …သားကို ဖေဖေတို့က .. A တွေအများကြီးရဖို့… သားကြီးလာရင်​…ဘာကြီးဖြစ်​ရမယ်​ဆိုတာထက်​… သားဝါသနာပါတဲ့ အရာကိုသာလွတ်​လပ်​စွာရွေးချယ်​ခွင့်​နဲ့ … ကိုယ်​နှစ်​သက်​လို့ရွေးချယ်​ထားတဲ့အပေါ်မှာ… တာဝန်​သိမှု…တာဝန်​ယူမှုရှိတဲ့… ပညာပြည့်​ဝနှလုံးသားလှတဲ့ တိုင်းပြည်​နဲ့လူမျိုးးအပေါ် တာဝန်​ကျေတဲ့သားကောင်းတစ်​ယောက်​သာဖြစ်​စေချင်​ကြောင်း သားသားကိုနားလည်​အောင်​…အမြဲတမ်းရှင်းပြထားပါတယ်​။

တကယ်​လုပ်​ရင်​ တကယ်​ဖြစ်​တယ်​ဆိုတဲ့အသိကို သားသားရဲ့mindset ထဲရောက်​အောင်​ သင်ကြားလေ့ကျင့်ကြိုးစားပေးခဲ့ရပါတယ်​။ သားသားအရမ်းဇွဲရှိသလိုအရမ်းလည်းပင်​ပန်းခံခဲ့ရပါတယ်​…။ သားသားကို မွေးကတည်းက သားသားအမည်​နဲ့ Bank acc joint ဖွင့်​ပြီး…သားသားရသမျှမုန့်​ဖိုးနဲ့ …. သားသားဆုရတဲ့ ငွေတွေကို စုပေးထားခဲ့ပါတယ်​။မနက်​ဖြန်သားသားရဲ့ Capacity ကိုဂုဏ်​ပြုတဲ့အနေနဲ့……သားသားကို Bank ခေါ်သွားပြီး ကျွန်​တော်​တို့မိဘ၂ဦး သားသား acc ထဲကိုသိန်း၂၀ စုပေးရပါမယ်​။

Credit – Khin La Pyae Weon

error: Content is protected !!