“ညကြီးသန်းခေါင်​ မိုးထဲရေထဲ ကားလမ်းပေါ်မှာ ကိုယ်တစ်ပိုင်းနှင့် ဒရွတ်​တိုက်​ပြီး လျှောက်​ပြေး လျှောက်​ဆော့နေကြတာ” ဆိုတဲ့ အညာက ကားသမား

Aug .21 . 2019 ရက်​နေ့

ည သန်းခေါင်​ကျော်​ အချိန်​လောက်​မှာမုတ္တမ မြို့အဝင်​က လက်​ဘက်​ရည်​ဆိုင်​တစ်​ဆိုင်​ရဲ့အရှေ့ကို ရန်​ကုန်​ဖက်​က မောင်းနှင်​လာတဲ့ကုန်​တင်​ကားကြီးတစ်​စင်း ထိုးရပ်​ပြီး ယာဉ်​မောင်းသူက သူသိချင်​တာတွေကို ဆိုင်​ရှင်​ဦးလေးကြီးကို လှမ်းမေးရှာပါတယ်​ …

“ဦးလေးက ဒီရွာကလား ခင်​ဗျ “…

“အေး ဟုတ်​ပါတယ်​ ဘာကိစ္စရှိလို့လည်း ကွဲ့ ”

“ဟုတ်​ကဲ့ပါ ဟိုဖက်​ကရွာမှာ ခါးအောက်​ပိုင်းပြတ်​နေတဲ့ ကလေးတွေများ ရှိလေမလား လို့ပါ ဦးလေး ရယ်​ ”

” ဟ မ်​ … … … ”

“ဒီလိုပါ ဦးလေးရယ်​ …တစ်​ကယ်​လို့များ ရှိခဲ့တယ်​ဆိုရင်​သူ့ အိမ်​ သူ့မိဘတွေကို အကြောင်းကြားပေးစေချင်​ပါတယ်​ …ညကြီးသန်းခေါင်​ မိုးထဲရေထဲ ကားလမ်းပေါ်မှာ ဒရွတ်​တိုက်​ပြီး လျှောက်​ပြေး လျှောက်​ဆော့နေကြတာ အန္တရာယ်​အလွန်းများလွန်းလို့ပါ …ကျွန်​တော်​တောင်​အသိမြန်​လို့ ကားပေါ်က လှမ်းအော်​လိုက်​ရတာပါ ”

အဲ့ဒီလို လူမှုရေးစိတ်​ဓာတ်​ အပြည့်​ရှိတဲ့ကားသမားမျိုးလည်း ရှိသေးတာပဲ နော်​ … 😁

“ဟမ်​ … ကောင်​ … ကောင်​လေး ရမင်းက ဒီနယ်​က ကားသမား မဟုတ်​ဘူးလား…ဒီနယ်​ အကြောင်းကိုရော မကြားဖူးဘူးလား ဟ” …

လို့ ဆိုင်​ရှင်​ အဖိုးကြီးက ပြန်​မေးလေတော့ ..

“ဟမ်​အမ်း ကျွန်​တော်​ မြင်းခြံကပါ ဗျ”

“အေး အေး … အညာသား ကားသမားတွေရေ မှတ်​ထား ဟ …အခု မင်းတွေ့လာခဲ့တာက ခြေပြတ်​နေတဲ့ လူ မဟုတ်​ဘူးကွပြီးခဲ့တဲ့ရက်​က တောင်​ပြိုပြီး သေသွားကြတဲ့
အောက်​ပိုင်​ပြတ်​ သရဲတွေ ပဲ …

ညဖက်​တွေ ဆိုရင်​ အဲ့ဒီနေရာကို ဒီနယ်​အကြောင်းကို မသိကြတဲ့ ကားသမားတွေပဲ ဖြတ်​မောင်းရဲကြတာ …အဲ့ဒီလူတွေပဲ အမြဲတမ်းလိုလို အခြောက်​ခံနေရတာ ဟိုဖက်​ရွာက ရွာခံ လူမိုက်​တွေတောင်​မှ ညဖက်​တွေဆို ဆိုင်​ကယ်​တဝီဝီနဲ့ မလုပ်​ရဲကြတော့ဘူး ကွ”…လို့ ဆိုလေတော့ …အညာသား ကားသမားလေးခမျာမှာ …

“အမယ်​လေး အဘရယ်​ကျွန်​တော်​ ပြန်​စဉ်းစားမိပြီး ကြောက်​လွန်းလို့ ဒူးတောင်​ မခိုင်​ချင်​တော့ပါဘူး ဗျာ 😨ဒီညကိုတော့ အဘဆိုင်​မှာပဲ နေပါရစေ …ခွင့်​ပြုပါ အဘရယ်​ နော်​ ” တဲ့ဗျ …😁😁😁

😁😁😁

ဟုတ်​ကဲ့….မယုံကြည်​ဘူး ဆိုရင်​တော့ တစ်​ကြိမ်​လောက်​ စမ်းကြည့်​ကြစေချင်​ပါတယ်​…

မွန်​ပြည်​နယ်​ ပေါင်​မြို့နယ်​နဲ့ မုတ္တမကြား ရှိ မလတ်​တောင်​ခြေက မြေပြုသွားတဲ့ အိမ်​စုလေးပါ ခင်​ဗျာ …

အဲ့ဒေါဏီ

error: Content is protected !!