ပိတ်ခံထားရတဲ့ ကွတ်ခိုင် – မူဆယ်လမ်း၊ (၁၀) ရက်မြောက်နေ့ထိ အခြေအနေ ဆိုးနေဆဲဖြစ်

မနေ့က နမ့်ခိုင်နဲ့ နမ့်ဖတ်ကာကြား (ကွတ်ခိုင်-မူဆယ်ကြား)တိုက်ပွဲပြင်းထန်တယ်လို့သိရတယ်။ ညနေထိ သံချပ်ကာကားတွေနဲ့ ပစ်ခတ်မှုတွေဖြစ်နေတယ်။ ပြည်ထောင်စုလမ်းမပေါ်မှာ ကား ၃ စီးကို မီးရှို့ပြီးကန့်လန့်ခံထားတယ်။ သစ်တုံး ကျောက်တုံးတွေနဲ့တားထားတယ်။ မိုင်းထောင်ထားတယ်။

တပ်က ကားတွေတက်လာတော့ လေးဘက်လေးတန်က ပစ်ခတ်တာကို အတင်းထိုးဖောက်ပြီး ညနေပိုင်းမှာ နမ့်ဖတ်ကာကို သံချပ်ကာကားတွေရောက်ရှိပြီး မြို့တွင်းမှာ လုံခြုံရေးယူထားကြောင်းသိရတယ်။ အတက်အဆင်း လုံးဝမရသေးပါ။ ပြည်ထောင်စုလမ်းမကြီး ကွတ်ခိုင်-မူဆယ်လမ်းအပိုင်း လမ်းပိတ်နေတာ ၁၀ ရက်မြောက်နေ့ဖြစ်ပါတယ်။

နောက်ဆက်တွဲသတင်း

ကွတ်ခိုင်-နမ့်ဖတ်ကာကြား၊ ရွှေမော်ရွာနဲ့ နားငင်းရွာအနီး ယနေ့ နံနက်မှ ယခု ၁၁း၀၀ အချိန်ထိ တိုက်ပွဲဖြစ်ပွားနေ ။

မူဆယ်-နမ့်ဖတ်ကာကြား၊ နမ့်အွမ်ရွာတဝိုက် တည်ငြိမ်အေးချမ်းလျက်ရှိသော်လည်းဆက်သွယ်ရေးဖုန်းလိုင်းများ ၂ ရက်ခန့် ပြတ်တောက်လျက်ရှိပြီး ယနေ့ နေ့လည်ပိုင်းတွင် ဖုန်းလိုင်းများပြန်ကောင်းပြီဖြစ်ကြောင်းသိရ။

Nay Myo

error: Content is protected !!