တိုက်ပြေးသွားတဲ့ ကားဆရာရယ် ခင်ဗျား အိပ်လို့ပျော်ရဲ့လား. . .ကျနော်တို့ မိသားစုတွေတော့ အိပ်လို့ မပျော်ဘူးဗျာ

သို့….

(11.8.2019) ရက်နေ့ ည ၈း၁၅မိနစ် နေပြည်တော် ဘောဂသီရိကားဝန်း အကျော် အိုင်စောက်ရွာ ဘ၀သစ် ဆီဆိုင်အနီးမှာ ဆိုင်ကယ် တစ်စီးကို တိုက်ပြေးသွားတဲ့ ကားဆရာရေ ခင်များ အိပ်ပျော်ရဲ့လား… ကျနော်တို့တော့ ဒီနေ့ထိ အိပ်မပျော်ဘူးဗျာ…

(13.8.2019) ရက်နေ့ ကျနော့်အကို ပျောက်လို့ လိုက်ရှာတော့ Fbက စာလေး တကြောင်းရယ် ဖိနပ်လေး တဖက်ရယ်ကနေ စမ်းတဝါးဝါးနဲ့ နေပြည်တော် ကုတင်(၁၀၀၀)ကို သွားရှာမှ ပိုင်ရှင်မဲ့ အနေနဲ့ ကျနော့် အကို အလောင်းကို ရင်ခွဲရုံမှာ တွေ့ခဲ့ရတာဗျ…

ဖုန်းကာဗာနောက်မှာ ယာဉ်မောင်းလိုင်စင်အနီပါပေမဲ့ ဖုန်းပျောက်သွားတယ် ဆိုတာရယ် ဆိုင်ကယ်လိုင်စင် ဝိတက် ပါပေမဲ့ ….ထားပါတော့ မပြောတော့ပါဘူး။

တိုက်ပြေးသွားတဲ့ ကားဆရာရယ် ခင်များကို ကျနော်တို့ မိသားစုက စိတ်မဆိုးပါဘူး ခင်များလည်း တမင်ရည်ရွယ် ပြီး တိုက်ခဲ့တာမှ မဟုတ်ဘဲလေ…။ ဒါပေမဲ့ ခင်များ တိုက်ခဲ့တာ လူဗျ… ကြက်ကလေး ငှက်ကလေးမဟုတ်ဘူး မိဘ မောင်နှမ ရှိတဲ့ လူဗျ…။

ပိုင်ရှင်မဲ့ ဖြစ်အောင် ခင်များ တို့ လုပ်ရက်တယ်ဗျာ။ အကို့ကို သင်္ဂြိုလ်ပြီးသည့်တိုင် ဒီနေ့ချိန်ထိ အကို့ဖုန်းကို ခေါ်နေတဲ့ အမေရဲ့ ရင်ထဲက ခံစားချက်၊ မိသားစုဝင်တယောက် ဆုံးရှုံးလိုက်ရလို့ ခံစားနေရတဲ့ မောင်နှမတွေရဲ့ ရင်ထဲက ခံစားချက်တွေကို ခင်များ နားမလည်ပေမဲ့ ခင်များ ခံစားနေရမဲ့ ခံစားချက်ကို ကျနော်တို့ မိသားစု နားလည်တယ်။

ခင်များ တုန်လှုပ် ချောက်ချားနေမယ်ဆိုတာ ကျနော်တို့ နားလည်တယ်။ ခင်များကို ကျနော်တို့ အမှုမဖွင့်ဘူး ဘာလို့လဲ သိလား ခင်များ မရှိရင် ခံစားရမဲ့ ခင်များ မိသားစုရဲ့ ရင်ဘတ်ကို နားလည်လို့ …..

ကျနော်တို့ ခံစားနေရသလို ခင်များရော အိပ်ပျော် ရဲ့လား…..

ခင်များတိုက်သွားတဲ့ လူက အဲ့နေရာမှာတင် အမေ တ,ချိန် မရ အဖေ တ,ချိန်မရ မောင်နှမတွေ တ,ချိန်တောင်မရဘဲ ဆုံးပါးသွားခဲ့ပြီဗျ…

ခင်များ တိုက်ခဲ့တာ လူတယောက်ထဲပါ ဒါပေမဲ့ မိသားစု (၇)ဦး စလုံးရဲ့ အသဲနှလုံးတွေကို ခင်များ တက်ကြိတ် သွားတာ…..

ခင်များနောက်ကို အရိပ်မဲကြီး တစ်ခုလို လိုက်ပြီး ခင်များ ကြောက်လန့်နေရမှာကို တကယ် မလိုလားပါဘူးဗျာ….

ခင်များ အိပ်ပျော်အောင် အိပ်ပါ …..

ခင်များရဲ့ မဆင်မခြင်မောင်းနှင်မှုနဲ့ နောက်ထပ် မိသားစုတွေ ပြိုလဲ သွားအောင် မလုပ်ပါနဲ့တော့….

#yakauk

နောက်ထပ်ဒီလိုတာဝန်မယူပဲ ထွက်ပြေးမသွားရအောင် ကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ ရင်ထဲဝင်ကြည့်တက်အောင် ကျေးဇူးပြု၍များများရှယ်ပေးပါ။🙏

error: Content is protected !!