ကျမလို ​လေးရက်​ထဲနဲ့မိခင်​တစ်​​ယောက်​ကိုဆုံးရှုံးသွားရမှာစိုးလို့ဒီစာ​လေးကို​ရေးလိုက်​တာပါရှင်

ပြည့်​သူ​ဆေးရုံကြီး(မ​ကွေး)မြို့အ​ကြောင်း​လေး​ပြောပြချင်​လိုပါရှင်​ ကျွန်​မလို ​လေးရက်​ထဲနဲ့မိခင်​တစ်​​ယောက်​ကိုဆုံးရှုံးသွားရမှာစိုးလို့ဒီစာ​လေးကို​ရေးလိုက်​ရခြင်းဖြစ်​ပါတယ်​14.8.19 ရက်​​နေ့ည​နေ 4:45 မှာ ကျွန်​မအ​မေကိုအ​ရေး​ပေါ်​ဆေးရုံတင်​လိုက်​ရပါတယ်​။အိမ်​ပင့်​ပြီးပြတဲ့ဆရာဝန်​ကဆီးချို တက်​တာလို့​ပြောပါတယ်​။သွေးတိုးနဲ့​ကျောက်​ကပ်​​​တော့အ​မေ့မှာရှိပါတယ်​။ဆီးချို ရှိမှန်းလဲမသိပါဘူး။ရောဂါလက္ခဏာလည်းမပြခဲ့ပါဘူး။နောက်​ဆုံး​တော့ဆီးချို ဆိုတဲ့​ရောဂါ​ကြောင့်​ပြည်​သူ့​ဆေးရုံကြီး(မ​ကွေး)မြို့ကိုကျွန်​မတို့အားကိုး​တကြီး​ရောက်​ခဲ့ကြပါတယ်​။ဆီးစစ်​/​သွေးစစ်​ခိုင်းပါတယ်​။

သွေး/ဆီးစစ်​ပြီးအ​ဖြေကိုကျွန်​မကဆရာဝန်​ကိုအ​မေဘာဖြစ်​တာလဲလို့​မေးလိုက်​မိပါတယ်​။ဆရာဝန်​မကအားရဝမ်းသာပြန်​​ပြောပါတယ်​ ရှင်​သိစရာမလိုဘူးတဲ့ဘုရား​ရေ ကိုယ့်​အ​မေတစ်​​ယောက်​လုံး​ဆေးရုံတင်​ထားရလို့​မေးတာကိုသိစရာမလိုဘူးဆို​တော့ဘာသ​ဘောပါလိမ့်​။သူကုချင်​သလိုကုမယ်​ သူလုပ်​ချင်​သလိုလုပ်​မယ်​ဆိုတဲ့သ​ဘောလား။အော်​ကြီးဟစ်​ကျယ်​​မေး​တော့မှပဲNurse မ​လေးကရှင်းပြပါတယ်​။ရောဂါသိချင်​လို့​ဆေးရုံလာတက်​တာကိုသိစရာမလိုဘူးဆိုတဲ့စကားပြန်​​ပြောတဲ့ဆရာဝန်​ကိုစဉ်းစားလို့ကိုမရဘူး။လူနာ​တွေကုရလွန်းလို့စိတ်​ရှုပ်​တယ်​ဆိုရင်​ဆရာဝန်​လာမလုပ်​ပါနဲ့။ပင်​ပန်းတယ်​ဆိုရင်​လည်းခွင့်​ယူပြီးနားကျပါ။ပြန်​​တော့မ​အော်​ကြပါနဲ့။

မကုတတ်​လို့​ဆေးရုံ​ရောက်​လာတာပါ ကုတတ်​ရင်​ကိုယ့်​ဘာသာကိုယ်​ အိမ်​မှာကုမှာ​ပေါ့။သူတို့အ​အော်​အ​ငေါက်​ခံပြီးလာကုပါ့မလား။စဉ်းစားကြည့်​ကျပါ။15.8.19 ရက်​​နေ့ ​နေ့လည်​​လောက်​မှာအ​မေကနည်းနည်းသက်​သာလာပါတယ်​။အ​မေသက်​သာလာပြီဆို​တော့ကျွန်​မတို့တစ်​မိသားစုလုံးဝမ်းသာကြတာ​ပေါ့။ဒါ​ပေ့မယ့်​ည 11:30 မှာအ​မေကတုန်​ပြီးကိုယ်​​တွေပူလာပါတယ်​။အဲဒါနဲ့​ရေပတ်​တိုက်​​ပေးပါတယ်​အဖျားကကျမသွားပါဘူး။တုန်​တာလဲရပ်​မသွားပါဘူး။ဆီးချို သမား​တွေကဖျားလို့မဖြစ်​ဘူးသိထားလို့ကျွန်​မဆရာဝန်​ကိုသွား​ခေါ်ပါတယ်​။

ကျွန်​မအ​မေတုန်​ပြီးဖျားလာလို့ဆရာမရယ်​လိုက်​ကြည့်​​ပေးပါဦးလို့​ပြောလိုက်​ပါတယ်​။doctor မကဖျားတာဘာလိုက်​လုပ်​​ပေးရမှာလဲတဲ့။ကိုယ်​နားကိုယ်​​တောင်​မယုံဘူးဖြစ်​သွားပါတယ်​။အဲဒါလားဆရာဝန်​။ဖျားတာကို​တောင်​လိုက်​မကြည့်​​ပေးဘူးဆို​တော့သူကဘာလိုက်​ကြည့်​တာလဲ။ဒါ​တော့သူပဲသိမှာ​ပေါ့​နော်​။ပြီး​တော့​ဆေးရုံကို​ရောဘာလာလုပ်​တာလဲ။

တာဝန်​ကျ doctor လိုက်​မလာ​တော့ကျွန်​မအ​မေ့ဆီကိုပြန်​ပြီး​ရေပတ်​တိုက်​​ပေးပါတယ်​။နောက်​တစ်​ခါသွား​ခေါ်​တော့ အခန်းပိတ်​ မီးမှိတ်​ပြီးအိပ်​​နေကြပါတယ်​။သူတို့ပဲပင်​ပန်း​နေကြတယ်​ထင်​ပါတယ်​။ကျွန်​မတို့ကပဲအ​ပျော်​လာတက်​သလိုဖြစ်​​နေပါတယ်​။မနက်​ 2 နာရီမှာ​နောက်​တစ်​​ခေါက်​သွား​ခေါ်ပါတယ်​။မတတ်​နိုင်​​တော့ဘူးကိုယ့်​လူနာမှမသက်​သာတာတံခါး​ခေါက်​ပြီးနှိုးရ​တော့တာ​ပေါ့။ဝင်​ခဲ့ပါတဲ့။အသံ​တော့ထွက်​လာသား။အခန်းထဲ​ရောက်​​တော့ Nurse ကိုအ​မေတုန်​ပြီးကိုယ်​​တွေပူလာလို့လိုက်​ကြည့်​​ပေးပါဦး​ပေါ့။ကျွန်​မကိုအဖျားတိုင်းကရိယာ​လေး​ပေးလိုက်​ပါတယ်​။

အဖျားတိုင်းခဲ့တဲ့ ပြီးရင်​အပူချိန်​ဘယ်​​လောက်​ရှိလဲ​ပြောတဲ့။အားကိုးတကြီးလာပါတယ်​လူနာ​စောင့်​ဖြစ်​တဲ့ကျွန်​မ​လောက်​​တောင်​ Nurse ကအဖြစ်​မရှိပါဘူး။သူကဘာလုပ်​​နေလဲဆို​တော့ Face.book သုံး​နေပါတယ်​။အဲဒါလား Nurse မ။လိုင်းသုံးချင်​ရင်​ခွင့်​ယူပြီးအိမ်​မှာသုံးပါ၊အိပ်​ချင်​တယ်​ဆိုရင်​လည်းခွင့်​ယူပြီးအိမ်​ပြန်​အိပ်​ပါ၊ မီးလဲမှိတ်​ထားတယ်​ တံခါးလည်းပိတ်​ထားတယ်​ဆို​တော့ဘယ်​လိုလုပ်​ရမှာလဲ။ ရှိတာထက်​မရှိတာက​မှ​တော်​ပါဦးမယ်​။ရှိ​တော့လိုက်​ရှာမိတယ်​ ရှိ​တော့လည်းဘာမှလုပ်​​ပေးကျ တာမှမဟုတ်​တာ။ကျွန်​မတင်​မဟုတ်​ပါဘူး အခန်းထဲကလူနာ​စောင့်​​တွေလဲသွား​ခေါ်ကြပါတယ်​။

သွေးသွင်းတဲ့လူနာက​သွေးမကျ လို့၊​ကျောက်​ကပ်​သမားကလဲ​အောင့်​လို့ ကျန်​တဲ့လူ​တွေလဲရှိပါ​သေးတယ်​။ဘယ်​သူသွား​ခေါ်​ခေါ်သူတို့က​တော့လိုက်​မလာပါဘူး။မီးမှိတ်​/အခန်းပတ်​ပြီးအိပ်​​နေကျ ပါတယ်​။မိုးသာလင်းသွားတယ်​အ​မေ့အဖျားကကျမလာပါဘူး။ဆီးချို လဲတက်​လိုက်​ကျလိုက်​​ပေါ့ ဘယ်​ doctor ဘယ်​ Nurse မှလာမကြည့်​တာဘယ်​လိုသက်​သာမှာလဲ။16.8.19 ည​နေမှာအ​မေကအဖျားမကျလို့အခန်း​ရွှေ့ ရပါတယ်​၊စိုးရိမ်​ရတယ်​လို့​ပြောပါတယ်​၊​အောက်​ဆီဂျ င်​​ပေးတယ်​/နှာ​ခေါင်းပို​က်​တပ်​ပါတယ်​၊ပိုက်​ထဲအစာမထည့်​တတ်​လို့ ဆရာမရယ်​ခဏ​လောက်​ပြ​ပေးပါလားဆို​​တော့မအားလို့ပါတဲ့၊အား​နေတာကျွန်​မတို့များလား၊

ည ဂျူ တီလဲ​တော့အ​မေ့အ​ခြေ​အ​နေကစိုးရိမ်​ရလို့တစ်​နာရီတစ်​ခါကြည့်​ရမယ်​လို့​လဲ​ပြောလိုက်​​ရောညကကျွန်​မကိုအဖျားသွားတိုင်းခိုင်းလိုက်​တဲ့ Nurse မမျက်​နှာက အစတည်းကမည်းပါတယ်​ဆိုမှလမိုက်​ညဖြစ်​သွားသလိုပါပဲ၊သူ့ရဲမျက်​နှာမှာ​စေတနာဆိုတဲ့အရိပ်​အ​ယောင်​ကိုမမြင်​ရပါဘူး၊တစ်​နာရီတစ်​ခါသူတို့မလာနိုင်​ရင်​လာ​ခေါ်ပါတဲ့၊သွား​ခေါ်​တော့မအားလို့ပါတဲ့၊ကျွန်​မလဲအားလို့လာ​ခေါ်​နေတာမဟုတ်​ဘူး ဆရာမတို့ကတစ်​နာရီတစ်​ခါလာ​ခေါ်ပါမှာထားလို့လာ​ခေါ်တာလို့​ဒေါသသံနဲ့​ပြော​တော့​နောက်​ကလို​က်​ခဲ့ပါ့မယ်​တဲ့၊လိုက်​လာပါတယ်

45 မိနစ်​​လောက်​ကြာပြီးမှ၊တစ်​နာရီတစ်​ခါသွား​ခေါ်လိုက်​ပြန်​လာလိုက်​နဲ့ မနက်​ နှစ်​နာရီ​နောက်​ပိုင်းကျ​တော့ တစ်​​ယောက်​မှကိုရှာမ​တွေ့​တော့ပါဘူး၊လာလည်းမလာကျ​တော့ပါဘူး၊​တော်​​တော်​လည်း​စိတ်​ကုန်​သွားပါတယ်​၊ဒါနဲ့များ​တောင်​လူနာ​တွေကို​နွေး​ထွေးစွာကြိုဆိုပါတဲ့ ရယ်​စရာ​ကောင်းလိုက်​တာ၊သန့်​ရှင်း​ရေးဝန်​ထမ်းကအစဟိန်းလား​ဟောက်​လားနဲ့၊မနက်​​ရောက်​တိုင်းလဲဆီးချို တိုင်းဖိုးသွား​ခေါ်ရပါတယ်​၊ဆီးချို တိုင်းပြီးမှအ​မေ့ကိုမုန့်​​ကျွေး​ဆေးတိုက်​လုပ်​လို့ရမှာကိုး၊ဆီးချူိ လာတိုင်း​တော့​ ဆီးချို ​ဖောက်​ဖို့အပ်​မရှိလို့သွားဝယ်​ခိုင်းပါတယ်​၊​သေစရာရှိရင်​​သေပြီ​ပေါ့ရှင်​၊ဒါ​ပေမယ့်​doctor.and.nurse တူတာတစ်​ခု​တော့ရှိပါတယ်​၊

သူတို့​တွေ​ဆေးလာထိုးရင်​ဘယ်​ပစ္စည်းကိုပြန်​ဝယ်​​ပေးပါဆိုပြီးမှာပါတယ်​၊ကျွန်​မကအစတစ်​ခြားသူ​တွေ​ရော​ပေါ့​နော်​ ဝယ်​ပြီးပြန်​လာရင်​အိတ်​ကို​တောင်းပြီးသူတို့ပြန်​ဝယ်​ခိုင်းတဲ့ပစ္စည်းကိုပြန်​ယူထားပါတယ်​၊အဲဒါ​တွေပြန်​​တောင်းဖို့ကျ​တော့သူတို့ဦး​နှောက်​​တွေကမှတ်​မိကျ တယ်​​နော်​၊လူနာကိုလိုက်​ကြည့်​ဖို့​ပြောတဲ့လူနာ​စောင့်​​တွေကျ ​တော့သူတို့ကမမှတ်​မိတာလား မသိချင်​​ယောင်​​ဆောင်​တာလား၊

17.8.19 ​နေ့လည်​ 2:45 မှာ အ​မေဆုံးသွားပါတယ်​၊ဆုံးသွားတာပဲ​ကျေးဇူးတင်​ရမလိုဖြစ်​​နေပါပြီ၊ဘာလို့လဲဆို​တော့လက်​မက​ဖောက်​လိုက်​ ​ခြေမက​ဖောက်​လိုက်​နဲ့၊အ​ကြောရှာတာလဲမ​တွေ့လို့ဆိုပြီး​တော့ အပ်​ကိုထုတ်​လိုက်​သွင်းလိုက်​နဲ့ မြင်​လို့ကိုမ​ကောင်းပါဘူး၊ပုံမှာကျွန်​မပြထားတဲ့အတိုင်းပါပဲ၊အ​ကြော​တောင်​မရှာတတ်​ဘူး nurse လုပ်​​နေပြီး​တော့၊အ​မေဆုံး​တော့ဆရာဝန်​မတစ်​​ယောက်​ကလာ​ပြောပါတယ်​လူနာက​ဆေးရုံ​ရောက်​တာ​နောက်​ကျ သွားလို့ပါတဲ့ ၊အ​မေကိုယ်​ပူတဲ့အချိန်​ကသာလိုက်​ကြည့်​​ပေးခဲ့ရင်​ဒီလိုဖြစ်​မှာမဟုတ်​ပါဘူး၊ပြီး​တော့လူနာကပိုးဝင်​ပြီး​တော့​သေတာတဲ့ အဲဒီပိုးကဘယ်​က​ရောက်​လာပြီး ဘယ်​အ​ပေါက်​ကဝင်​သွားတာပါလဲ၊

ကိုယ်​အသုံးမကျ ရင်​မကျ ဘူး​ပေါ့ ဘယ်​က​ရောက်​လာမှန်းမသိတဲ့ပိုးကိုအပြစ်​ပုံချ တယ်​၊​တော်​​တော်​ချီူးကျူးဖို့​ကောင်းတဲ့ဆရာဝန်​နဲ့ဆရာမ​တွေ လာ​ခေါ်​တော့လဲလိုက်​မလာ ​သေ​တော့လည်းပိုးဝင်​လို့​သေတာတဲ့၊ဒါနဲ့အိမ်​သယ်​မလား​ဆေးရုံမှာထားမလားတဲ့၊မိသားစု​တွေတိုင်​ပင်​လိုက်​ပါဦးလို့​ပြော​တော့ ၅ မိနစ်​အတွင်းအ​ကြောင်းပြန်​ပါတဲ့၊ဘာလဲဟ၊သူ့အိမ်​သွား​သေတာမှမဟုတ်​တာ ​ဆေးရုံမှာ​သေတာကိုပဲ​နော်​ အချိန်​မရှိ​တော့လို့တဲ့ သယ်​မယ်​ဆိုလည်းမြန်​မြန်​သယ်​တဲ့၊​ရောက်​လာ​တော့လည်း​နွေး​နွေး​ထွေး​ထွေးမဆက်​ဆံကြဘူး သူတို့သတ်​မှတ်​ထားတဲ့အချိန်​မှာပဲ​သေရမလိုဖြစ်​​နေပါပြီ

 ​နောက်​တစ်​ခုက​ဆေးရုံမှာ​ဘော်​လီ​ဘောအသင်းရှိပါတယ်​ ဘယ်​​လောက်​မှမကျယ်​တဲ့ဒီအခန်း​လေးထဲမှာ Doctor က Nurse ကို​မေးတဲ့ Nurse က Doctor ကို​မေးတဲ့ ​ဆေးရုံမှာ doctor နဲ့nurse နှစ်​မျိုးသာရှိလို့​ပေါ့ မရှက်​ကြဘူးလားမသိဘူး၊တစ်​​ယောက်​နဲ့တစ်​​ယောက်​လွှဲချ ​နေကြတာ ​နောက်​တစ်​ခုကမနက်​မိုးလင်းရင်​ ကိုယ့်​လူနာကို ​ဆေးတိုက်​ဖို့မုန့်​​ကျွေးဖို့​နေ​နေသာသာကိုယ့်​လူနာရဲ့မှတ်​တမ်းကိုအရင်​သွားရှာရပါတယ်​ ပြီးရင်​လူနာ​ခြေရင်​မှာထား​ပေးရပါတယ်​ အဲဒါမရှိရင်​သူတို့ဘာမှမလုပ်​တတ်​ပါဘူး ညကျ​တော့ပြန်​ထားရပါတယ်​ လာမယူဘူး ပြန်​မပို့ဘူးဆိုရင်​ ​လူကြားထဲလဲ​အော်​​ငေါက်​​ကြပါတယ်​ ၊

ကိုယ့်​ထက်​ကြီးတဲ့လူ​တွေပါလဲ​ငေါက်​တာပဲ ငရဲကြီးမှမ​ကြောက်​ကြပါဘူး ​ဆေးရုံတင်​စရာရှိရင်​တင်​ပါ မတင်​နဲ့မ​ပြောပါဘူး ​ဆေးရုံကြီးမှာဒီလိုမျိုး​လေး​တွေရှိတယ်​ဆိုတာကျွန်​မက​ပြောပြချင်​တာပါ။

အဖျားတတ်​တာဘာလုပ်​​ပေးရမှာလဲလို့​မေးတဲ့ဆရာဝန်​စိတ်​ဓာတ်​မရှိတဲ့ဆရာဝန်​မ/အဖျားတတ်​​နေတဲ့လူနာကိုအဖျားလာမတိုင်းအားပဲ Face.book သုံး​နေတဲ့ nurse မ/(နင်​တို့ချစ်​တဲ့လူ​တွေ အထူးသဖြင့်​အစားထိုးမရတဲ့မိဘ)​တွေကျ ရင်​ငါ့အ​မေလိုမခံစားရပါ​စေနဲ့လို့ညတိုင်းဆု​တောင်း​ပေးပါတယ်​ သူတို့နှစ်​​ယောက်​သာအ​မေအဖျားတတ်​တဲ့ညကလာကြည့်​​ပေးခဲ့ရင်​ အ​မေကပြန်​​ကောင်းရင်​လည်း​ကောင်းနိုင်​သလို ​နောက်​ထပ်​သုံး​လေးရက်​​လောက်​​နေနိုင်​ရင်​လည်း​နေနိုင်​​လောက်​မှာပါ၊(ကျွန်​မအထင်​​ပေါ့​နော်​)သူတို့နာမည်​​တွေထည့်​မ​ရေးတာကသိသွားလဲပြင်​မယ့်​​စောက်​ချိုး​တွေမဟုတ်​လို့မ​ရေးတာပါ ​။

အ​မေ​ရေ ​ရောက်​ရာဘုံဘဝက​နေ သမီးကိုခွင့်​လွှတ်​​ပေးပါ​နော်​ အ​မေ

ရောဂါခံစား​နေရတဲ့အချိန်​မှာသက်​သာလာမလားလို့ ပြည်​သူ့​ဆေးရုံကြီး(မ​ကွေး)ကိုပို့ခဲ့ပြီးအစမ်းသပ်​ခံဖြစ်​ခဲ့ရတဲ့အ​မေ/​သွေး​ကြော​တောင်​မရှာတတ်​တဲ့Nurse မနဲ့​တွေ့ခဲ့ရတဲ့အ​မေ/ဖျားတာဘာလုပ်​​ပေးရမှာလဲလို့​​မေးခဲ့တဲ့ဆရာဝန်​စိတ်​ဓာတ်​မရှိတဲ့ဆရာဝန်​မနဲ့​တွေ့ခဲ့အ​မေ/အဖျားလာတိုင်းမ​ပေးပဲFace.book သုံး​နေတဲ့ nurse မနဲ့​တွေ့​ပေးခဲ့တဲ့ဒီသမီးမိုက်​ကို​ရောက်​ရာဘုံဘဝက​နေခွင့်​လွှတ်​​ပေးပါအ​မေရယ်

မူရင်း ရေးသားသူ – Kyawt Kyawt

error: Content is protected !!