သူ႕ကို ဘယ္သူလုပ္တယ္ဆိုတာကို တရားရံုးမွာ ကိုယ္တိုင္ေျပာျပခဲ႔တဲ႔ အျပင္..မေက်နပ္ဘူး ဆိုျပီး ဓာတ္ပံုကို ေျခေထာက္နဲ႔နင္းျပခဲ႔တဲ႔ ဗစ္တိုးရိးယားေလး

Zawgyi Version

က်ဴးလြန္သူမွာ ကိုကို ႏွင့္ ညီညီ ျဖစ္ေၾကာင္း ႐ုံးေတာ္တြင္ ဗစ္တိုးရီးယားကိုယ္တိုင္ ထြက္ဆို ဟု ဆို

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၁ (သတင္းတမန္)

Victoria အမႈ ကို ယေန႔ ေနျပည္ေတာ္၌ ၆ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းျပဳလုပ္ရာ Victoria ကိုယ္တိုင္က က်ဴးလြန္သူသည္ ကိုကို ႏွင့္ညီညီျဖစ္ေၾကာင္း ႐ုံးေတာ္တြင္ ထြက္ဆိုခဲ့သည္ဟု အမႈ၏ တရားလိုေရွ႕ေန ထံမွသိရသည္။

တရားလိုေရွ႕ေနေဒၚ႐ြက္ႏုေအာင္က “CCTV မွာပါတဲ့ ကိုေအာင္ႀကီး ထြက္သြားတဲ့ပုံကိုျပၿပီးေမးတယ္။ သမီးကဒါကို မသိဘူးလို႔ေျပာတယ္။ က်န္တဲ့ သက္ေသခံ(ဂ)မွပါတဲ့ပုံေတြကို သမီးေလးကိုျပၿပီးေမးတဲ့အခါမွာ သက္ေသခံ (ဂ) မွာတင္တုန္းကလိုပဲ သူ႔ဖင္ဖုကို ဆိတ္တဲ့သူေတြဟာ ဘယ္သူေတြပါဆိုၿပီး ဆြဲထုတ္ျပတာ။ တစ္ခုခ်င္းကိုျပတယ္။ ျပၿပီးေတာ့ အဲဒီမွာပဲ မေက်နပ္ဘူးဆိုၿပီးေတာ့ အဲဒီဓါတ္ပုံကို ေျခေထာက္ေတြနဲ႔ေပါက္တယ္” ဟု တရား႐ုံးအၿပီးတြင္ မီဒီယာမ်ားသို႔ေျပာသည္။

ယေန႔တြင္ Victoria သည္ ပုံမွန္ထက္တက္တက္ႂကြႂကြ႐ႊင္႐ႊင္လန္းလန္းရွိေနေၾကာင္း လည္း ၎ ကဆိုသည္။

ဓာတ္ပုံမ်ားျပ၍ ေမးျခင္းကို တရား႐ုံးေတာ္က လက္ခံေဆာင္႐ြက္ေပးသည့္အတြက္ အားရေက်နပ္ေၾကာင္းလည္း ၎ ကေျပာခဲ့သည္။

ကိုေအာင္ႀကီး၏ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က “ကေလးက အင္မတန္မွတ္ညဏ္လည္းေကာင္းပါတယ္။ အင္မတန္လည္း ဦးေႏွာက္ေကာင္းတယ္။ ကေလးကို ေမးတဲ့ျမန္းတဲ့ဟာေတြကိုခ်က္ခ်က္ခ်ာခ်ာနဲ႔ေျဖတယ္။ ေျဖတာေတြအကုန္လုံးက က်ေနာ့ တရားခံ ကိုေအာင္ႀကီးအေၾကာင္းတစ္ခုမွမပါဘူး။ ပုံေတြျပၿပီးေမးတာေနာ္။ ဗီဒီယိုဖိုင္ေတြျပေမးတာ။ ကိုေအာင္ႀကီးနဲ႔ပတ္သက္လို႔ ညႇိစြန္းတာတစ္ခုမွ မပါဘူး။ သို႔ေသာ္သူထြက္သြားတဲ့ကိစၥေလးေတြရွိတယ္။ ဘယ္သူကလုပ္တယ္။ အစရွိသျဖင့္ ။

အဲဒီဟာေတြကေတာ့မွတ္တမ္းလည္းဝင္သြားပါတယ္။ ႐ုံးက ထည့္သြင္းစဥ္းစားရမယ့္ စာ႐ြက္စာတမ္းမ်ားအျဖစ္ဝန္ခံၿပီးေတာ့ က်ေနာ္တို႔ ထည့္ၿပီးေတာ့သိမ္းသြားပါတယ္။ သူ႔အေဖက သူ႔ဟာသူဗီဒီယိုဖိုင္႐ိုက္ၿပီးေတာ့ တင္ျပတဲ့ ပုံ ၅ ပုံစလုံးကို႐ုံးကလည္းလက္ခံၿပီးေတာ့ သြားျပပါလို႔ ကေလးကိုျပပါတယ္။ ကေလးကလည္း သူ႔အေဖ သူ႔အေဖဆိုတာသူ႔ဦးေလးေတြေပါ့ေနာ္ အဲ့လိုပဲ ေျပာတဲ့အတိုင္းေျပာပါတယ္။ ဒါဘယ္သူ ဒါဘယ္သူ ဘယ္သူလုပ္တာ။ အဲ့ဒီတုန္းကလိုပဲ။ ေျခေထာက္နဲ႔နင္းသြားပါတယ္” ဟု တရား႐ုံးအထြက္တြင္ေျပာၾကားခဲ့သည္။

လာမည့္႐ုံးခ်ိန္းကို ၂၄ ရက္ေန႔တြင္ျပဳလုပ္မည္ျဖစ္ၿပီး ေက်ာင္းက ဝန္ထမ္းကိုစစ္မည္ျဖစ္ေၾကာင္းသိရသည္။

Victoria အမႈႏွင့္ပတ္သက္၍ ရဲတပ္ဖြဲ႕က ယာဥ္ေမာင္းကိုေအာင္ႀကီးကိုက်ဴးလြန္သူအျဖစ္ စြပ္စြဲကာ တရားစြဲဆိုထားျခင္းျဖစ္သည္။

#(သတင္းတမန္)

Unicode Version

ကျူးလွန်သူမှာ ကိုကို နှင့် ညီညီ ဖြစ်ကြောင်း ရုံးတော်တွင် ဗစ်တိုးရီးယားကိုယ်တိုင် ထွက်ဆို ဟု ဆို

နေပြည်တော်၊ စက်တင်ဘာ ၁၁ (သတင်းတမန်)

Victoria အမှု ကို ယနေ့ နေပြည်တော်၌ ၆ ကြိမ်မြောက် ရုံးချိန်းပြုလုပ်ရာ Victoria ကိုယ်တိုင်က ကျူးလွန်သူသည် ကိုကို နှင့်ညီညီဖြစ်ကြောင်း ရုံးတော်တွင် ထွက်ဆိုခဲ့သည်ဟု အမှု၏ တရားလိုရှေ့နေ ထံမှသိရသည်။

တရားလိုရှေ့နေဒေါ်ရွက်နုအောင်က “CCTV မှာပါတဲ့ ကိုအောင်ကြီး ထွက်သွားတဲ့ပုံကိုပြပြီးမေးတယ်။ သမီးကဒါကို မသိဘူးလို့ပြောတယ်။ ကျန်တဲ့ သက်သေခံ(ဂ)မှပါတဲ့ပုံတွေကို သမီးလေးကိုပြပြီးမေးတဲ့အခါမှာ သက်သေခံ (ဂ) မှာတင်တုန်းကလိုပဲ သူ့ဖင်ဖုကို ဆိတ်တဲ့သူတွေဟာ ဘယ်သူတွေပါဆိုပြီး ဆွဲထုတ်ပြတာ။ တစ်ခုချင်းကိုပြတယ်။ ပြပြီးတော့ အဲဒီမှာပဲ မကျေနပ်ဘူးဆိုပြီးတော့ အဲဒီဓါတ်ပုံကို ခြေထောက်တွေနဲ့ပေါက်တယ်” ဟု တရားရုံးအပြီးတွင် မီဒီယာများသို့ပြောသည်။

ယနေ့တွင် Victoria သည် ပုံမှန်ထက်တက်တက်ကြွကြွရွှင်ရွှင်လန်းလန်းရှိနေကြောင်း လည်း ၎င်း ကဆိုသည်။

ဓာတ်ပုံများပြ၍ မေးခြင်းကို တရားရုံးတော်က လက်ခံဆောင်ရွက်ပေးသည့်အတွက် အားရကျေနပ်ကြောင်းလည်း ၎င်း ကပြောခဲ့သည်။

ကိုအောင်ကြီး၏ ရှေ့နေ ဦးခင်မောင်ဇော်က “ကလေးက အင်မတန်မှတ်ညဏ်လည်းကောင်းပါတယ်။ အင်မတန်လည်း ဦးနှောက်ကောင်းတယ်။ ကလေးကို မေးတဲ့မြန်းတဲ့ဟာတွေကိုချက်ချက်ချာချာနဲ့ဖြေတယ်။ ဖြေတာတွေအကုန်လုံးက ကျနော့ တရားခံ ကိုအောင်ကြီးအကြောင်းတစ်ခုမှမပါဘူး။ ပုံတွေပြပြီးမေးတာနော်။ ဗီဒီယိုဖိုင်တွေပြမေးတာ။ ကိုအောင်ကြီးနဲ့ပတ်သက်လို့ ညှိစွန်းတာတစ်ခုမှ မပါဘူး။ သို့သော်သူထွက်သွားတဲ့ကိစ္စလေးတွေရှိတယ်။ ဘယ်သူကလုပ်တယ်။ အစရှိသဖြင့် ။အဲဒီဟာတွေကတော့မှတ်တမ်းလည်းဝင်သွားပါတယ်။ ရုံးက ထည့်သွင်းစဉ်းစားရမယ့် စာရွက်စာတမ်းများအဖြစ်ဝန်ခံပြီးတော့ ကျနော်တို့ ထည့်ပြီးတော့သိမ်းသွားပါတယ်။ သူ့အဖေက သူ့ဟာသူဗီဒီယိုဖိုင်ရိုက်ပြီးတော့ တင်ပြတဲ့ ပုံ ၅ ပုံစလုံးကိုရုံးကလည်းလက်ခံပြီးတော့ သွားပြပါလို့ ကလေးကိုပြပါတယ်။ ကလေးကလည်း သူ့အဖေ သူ့အဖေဆိုတာသူ့ဦးလေးတွေပေါ့နော် အဲ့လိုပဲ ပြောတဲ့အတိုင်းပြောပါတယ်။ ဒါဘယ်သူ ဒါဘယ်သူ ဘယ်သူလုပ်တာ။ အဲ့ဒီတုန်းကလိုပဲ။ ခြေထောက်နဲ့နင်းသွားပါတယ်” ဟု တရားရုံးအထွက်တွင်ပြောကြားခဲ့သည်။

လာမည့်ရုံးချိန်းကို ၂၄ ရက်နေ့တွင်ပြုလုပ်မည်ဖြစ်ပြီး ကျောင်းက ဝန်ထမ်းကိုစစ်မည်ဖြစ်ကြောင်းသိရသည်။

Victoria အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ယာဉ်မောင်းကိုအောင်ကြီးကိုကျူးလွန်သူအဖြစ် စွပ်စွဲကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

#(သတင်းတမန်)

error: Content is protected !!