(၇) ကြိမ်မြောက် အောင်ဘာလေထီ သိန်းတစ်သောင်းခွဲဆုရှင်ရဲ့ ၀မ်းမြောက်ကြည်နူးဖွယ် အလှူ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)က အထွေထွေလုပ်သား ဦးအုန်းသီး(ခ)ဦးကျော်မျိုးဝင်းဟာ(၇)ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းခွဲဆုကို ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်

သူဟာ (၇)ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းခွဲဆုကို ရှယ်ထီ (၅)စောင်တွဲ ကနေ အက္ခရာ (ဆ) ၁၉၃၉၉၇ နံပါတ် နဲ့ ဆွတ်ခူးသွားခဲ့တာပါ။

ကိုကျော်မျိုးဝင်းမှာ ဇနီးနဲ့ သားသမီး ၃ ယောက်ရှိပြီး သူနေထိုင်ခဲ့တဲ့ ရွာကစာသင်ကျောင်းမှာ အဆောင်လှူဒါန်းသွားမယ်လို့ ထီပေါက်ချိန်မှာ ပြောခဲ့ပါတယ်

ဒီနေ့မှာတော့ သိန်း၁သောင်းခွဲဆုရှင်​ဦး​ကျော်​မျိုးဝင်း+​ဒေါ်သီတာဝင်းမိသားစုမှ ထခွဲငန်း​​တေးကျောင်း​​ဆောင်​အတွက်​သိန်း၁​ထောင်​လှူဒါန်းခဲ့ပြီး ဆရာမကြီးနှ့င့်​ဆရာမများအားမုန့်​ဖိုး​ပေးကန်​​တော့ပြီး​ကျောင်းရှိ​ကျောင်းသား​/သူအားလုံးကိုစာအုပ်​နှင့်​စာ​ရေးကိရိယာများ​ပေးအပ်​လှူဒါန်းခဲ့ ပါတယ်

သိန်း၁သောင်းခွဲဆုရှင်​ဦး​ကျော်​မျိုးဝင်း+​ဒေါ်သီတာဝင်းမိသားစုမှ လှူဒါန်းခဲ့တဲ့ပီတိဖြစ်​ဖွယ်​မြင်​ကွင်းများကို ဖော်ပြပေးလိုက်ပါတယ်

Photo : credit…

မဟာ ခေတ်သစ်မီဒီယာ

error: Content is protected !!