မန်းလေးမှာ မျဉ်းနီဖမ်းတဲ့စီမံကိန်းက ကားရွေးပြီး ဖမ်းတာလား ?

ဒီနေ့ နေ့ခင်း ၃ နာရီလောက်မှာ မန္တလေးမြို့ထဲ၂၉ လမ်း ၈၃ လမ်းထောင့် မျိုးသိန်းလျှပ်စစ်ပစ္စည်းစင်တာဆိုင်ရှေ့ ရုတ်ရုတ်သဲသဲဖြစ်နေတာတွေ့ရ ”

ကိုယ်ကလည်း အဲ့ဒီစင်တာမှာ ဈေးဝယ်လိုက်ပို့ရဆိုတော့ အလုံးစုံကိစ္စ သိလိုက်ရတယ် “မျိုးသိန်းစင်တာဆိုင်က ၂၉ လမ်း မျက်နှာခြင်းဆိုင် နှစ်ဆိုင်ရှိတာ “အကြောင်းရင်းကတောင်ဘက်ဆိုင်ဈေးလာဝယ်တဲ့ အညာဘက်က ဘုန်းကြီးတစ်ပါးရဲ့ကားကို စည်ပင်က ဖမ်းတာတဲ့ ”

ဖမ်းရတဲ့အကြောင်းရင်းက မျဉ်းအနီတစ်ဝက် မျဉ်းအဝါတစ်ဖက်ကားကိုရပ်လို့ပါတဲ့ “ဖမ်းတဲ့စည်ပင်ကားက ရဲ တစ်ယောက်ပါတယ် စည်ပင်ဝန်ထမ်းတွေ ၈ ယောက်လောက်ပါတယ်
ဘုန်းကြီးက ကျောင်းထိုင်ဆရာတော်အတွက်အဲကိုလာ လာဝယ်တာတဲ့

အလှူရှင်က ငွေဘဲလှူလိုက်တာမို့ ရွာထဲက ဟိုက်ဂျက်ကားကို အကူညီတောင်းခေါ်လာတာတဲ့ မောင်းတဲ့သူကလည်း အခြားရွာသားတစ်ဦးကိုခေါ်လာရတာပါတဲ့ ”

ရပ်ထားတာကလည်း ခဏဘဲရှိသေးဆိုင်က လုံခြုံရေး ကားဆိုင်ကယ်နေရာ စီစဉ်ပေးတဲ့ဝန်ထမ်းက ရတယ် ဒီနားရပ်ဆိုလို့ ရပ်တာပါတဲ့ “မျဉ်းနီကလည်း ကားတစ်ဝက်ဘဲ နင်းရပ်မိထားတာမို့တောင်းပန်ရှာတယ် ”

ရဲနဲ့စည်ပင်က မရဘူးတဲ့ ဖမ်းတဲ့စလစ်ရောင်ပြန်ကားကိုကပ်ပြီးသွားတာကြောင့်ရုံးလိုက်ရွေးပါတဲ့ ဒဏ်ကျေး ငါးသောင်း လိုက်ဆောင်ပါတဲ့ “ဒါနဲ့ဘုန်းကြီးက ငါးသောင်းတော့မလုပ်နဲ့ကွာတဲ့ ကားသမားနဲ့ငါနဲ့အအေးဖိုးတစ်သောင်းခွဲကျန်သေးတယ် ဒါနဲ့လက်ခံပါ ဒီနားတင်ကျေနပ်ပေးပါပေါ့ခခယယ” တောင်းပန်နေရှာတယ် ”

စီးပွါးရေးဘုန်းကြီးလည်းမဟုတ်ပါဘူးတဲ့ဆရာတော်ကြီးအတွက် အလှူရှင်က လှူလို့လာဝယ်တာပါတဲ့ “ကားသမားကကော ဘုန်းကြီးကကော ခခယယတောင်းပန်နေရှာတယ် ”

ပါလာတဲ့ရဲတစ်ယောက်နဲ့စည်ပင်ဝန်ထမ်းတွေက ကားပေါ်ကတောက်မဆင်းဘဲ ဖုန်းဂိမ်းနှိုက်fb နှိုက်မပျက်ဘဲ ပမာမခန့်ပုံစံနဲ့ အင်းမလုပ် အဲမလုပ်” ကျနော့်ကားဘေးရပ်ထားပြီး ရုံးလည်းမောင်းမသွား ကားပေါ်လူတွေထိုင်နေပြီး အကြာကြီးရပ်ထားတယ်

ဒါနဲ့ ဘုန်းကြီးနဲ့ကားသမားက ဆိုင်ကဝန်ထမ်းတွေကို ဆိုင်တာဝန်ခံမေးတယ် မဖြေရှင်းပေးကြဘူး အမှန်ဆို သူတို့ဆိုင်ဈေးဝယ်လာသူဘဲမလွတ် တလွတ်မရပ်ရဘူး အစကတည်းက ပြောပါလား —

ဘုန်းကြီးနဲ့ကားသမားခမျှာ ပြာယာခတ်နေကြရှာ ရွာကနေ အဲကိုလာ လာဝယ်တာ ရွာကိုဘယ်လိုပြန်မလည်း ငှါးလာတဲ့ကားပိုင်ရှင်ကို ဘယ်လိုရှင်းပြရမလည်း ဒဏ်ကြေးပိုက်ဆံကလည်း မပြည့်ဘူးကွာတဲ့ ညည်းနေကြရှာတယ် ”

ကိုယ့်မှာလည်း လက်ထဲငွေကမပါ ပေါင်းမှလေးထောင်လားပါတာဆိုတော့ မကူညီနိုင် —မနေနိုင်တော့ ဝင်ပြောမိတယ် ကားတစ်ဘီးထဲ လွန်ရပ်မိတာဘဲဗျာလို့ —အဆင်ပြေအောင်ကူညီလိုက်ပါလို့ပြောတော့

ဘာမှပြန်မပြောကြဘဲ မှုန်တေတေနဲ့ဂရုမစိုက်သလို ဆက်ဆံခံရတယ် –ဒါနဲ့သူတို့ကိုမေးလိုက်တယ် မျဉ်းနီကြားရပ်လို့ဖမ်းတယ်ဆိုရင် ဟိုမှာ မျဉ်းနီအပြည့်ကြားရပ်ထားတဲ့စလွန်းကားလည်းသွားဖမ်းလေဗျာလို့ ”

၈၃ လမ်းအနောက်ဘက်နဲ့အရှေ့ဘက် လမ်းဘဲခြားနေတာ ဒီဘက်က ဈေးဝယ်ကားကြဖမ့်းပြီး ဟိုဘက်မှာ ကျောက်ချရပ်ထားတဲ့စလွန်းကားကို သွားဖမ်းလေဗျာဆိုတော့ အင်းမလုပ် အဲမလုပ်ကြ အဲ့ကား ရပ်ထားတာ ကျုပ်ဒီဆိုင်ရောက်ချိန်အရ နာရီဝက် မကတော့ဘူး ဖမ်းလေဗျာလို့ ” အခုဘုန်းကြီးကားက အခုရပ် အခုဆင်းဝယ် အခုပြန်ထွက်လာတာ ခဏလေး ”

စည်းကမ်းနဲ့မညီလို့ဖမ်းတယ်ဆို ဟိုကားလည်းဖမ်းပါ ဆိုတော့ ဘာမှပြန်မပြောကြဘူး —

ဒီထက်ဆိုးတာဖမ်းအုံးမယ်ဆို လိုက်ခဲ့ကျနော်ပြမယ်..ဒီ ၂၉ လမ်း ၈၄ လမ်းဆုံ မျဉ်းနီကြား လမ်းနှစ်ဆင့် ယဉ်နှစ်ထပ်မက လိုင်းကားတွေကျောက်ချရပ်ထားတာ..ဖမ်းမလား ကျုပ်လိုက်ပြမယ်…နောက်ထပ် ဖမ်းအုံးမလား ဒီအလာတုန်းက ၃၅ လမ်း ၈၄ လမ်းမီးပွိုင့်နား မျဉ်းအနီတည့်တည့် လမ်းအလယ်သံဇကာကြားတင် ကျောက်ချရပ်ထားတဲ့ လိုင်းကားတွေဖမ်းအုံးမလားလို့ မေးတော့ မဖြေပြန်ဘူး

ဒုလက်ထောက်တာဝန်ခံဆိုသူရဲ့နာမည်ရေးမှတ်ထားပြီး ဓာတ်ပုံအချို့ရိုက်ယူထားလိုက်တယ် ”

အေးလေ သူတို့လက်ထဲက စည်းကမ်းပေါ့ဆိုပြီး

အရှင်ဘုရား ရုံးသာလိုက်ရှင်းပါ စိတ်အေးအေးထားပါ ရုံးမှာနားလည်အောင်ရှင်းပြရင် ငါးသောင်း ကျခြင်မှကျမှာပါလို့ —လျှောက်လိုက်ရတယ်

ဒါလည်း အဲ့ဒီစည်ပင်ကားက ဘယ်မှမသွား အဲ့နားတင်ပေရပ်နေဆဲ ”

နောက်ဆုံး အတော်ကြာသွားတော့ ဘုန်းကြီးခမျှာ ဆိုင်ကဝယ်ပြီးသား အဲကိုလာကြီး ကားပေါ်ကချကာ ဆိုင်ထဲပြန်ဝင်သွားတယ် ပစ္စည်းကို ဆိုင်မှာပြန်အပ်လိုက်တာ ”

ခဏနေတော့ လက်ထဲတစ်သောင်းတန်လေးတွေကိုင်လာပြီး စည်ပင်ကားဆီပြန်လာတယ် ” ကားရှေ့ခန်းက ဝန်ထမ်းဆီပေးလိုက်မှ သူ့ရဲ့ကားလေးကို လော့ခတ်ထားတာကို
ပြန်ဖြုတ်ပေးကြတယ် ”

ဒဏ်ကြေးလည်းရရော ဝေါခနဲမောင်းထွက်သွားပုံက မြို့ထဲသတ်မှတ်မိုင်နှုံး ၃၀ ရဲ့အထက်ပါဘဲ ”

ပြောခြင်တာက စည်းကမ်းအရဖမ်းတာဆို ဖမ်းပါ ”

တစ်ကယ့်လမ်းကျပ်စေမဲ့ နေရာတွေကိုကျ လွှတ်ပေးထားပြီး တောကတက်လာတဲ့ရိုးသားသူတွေအပေါ် ချနင်းတာတော့ အဆင့်ကျော်နေတယ်ထင်တယ် ”

အခုဖမ်းတဲ့နေရာဟာ မျဉ်းနီတစ်ဝက်ထိနေတယ်ဆိုပေမဲ့ ယဉ်ကျောအရစောဒကတက်ပြရမယ်ဆိုရင် လုံးဝအလွတ်ကြီးပါဘဲ ”

နောက်တစ်ခုပြောခြင်တာကမျဉ်းနီရပ်ရင် ဒဏ်ကြေးက ငါးသောင်းတဲ့လား ?

အဲ့ဒီဒဏ်ကြေးငါးသောင်းက နိုင်ငံ့ဘဏ္ဏာထဲကို မှန်မှန်ကန်ကန်အပြည့်အဝ ရပါရဲ့လား ?

မျဉ်းနီဖမ်းတဲ့စီမံကိန်းက ကားရွေးပြီး ဖမ်းတာလား ?

စည်းကမ်းဆိုတာ ညီမျှဖို့လည်း အထူးလိုအပ်ပါတယ် ”

မြို့တော်ဝန်ကြီးက ကောင်းပါတယ်

အချို့ ဝန်ထမ်းတွေကတော့ လိုနေသေးသလားလို့ ”

Credit #လောကပါလ

error: Content is protected !!