(၃) လစာ လုပ်အားခ ဘတ် သန်း(၁၀၀) နီးပါး မရသည့် မြန်မာအလုပ်သမား (၃၀၀) ကျော်အတွက် ထိုင်းမှုခင်းပရဟိတအဖွဲ့မှ ကူညီမည်

မြန်မာ ၊ ထိုင်းအလုပ်သမား ၃၀၀ ကျော်၏လုပ်အားခများ ၃ လကြာမြင့်သည်အထိ ထုတ်ပေးခြင်းမရှိသည့်အတွက် ထိုင်းမှုခင်းပရဟိတမှ ဦးဆောင်၍အမှုဖွင့်တိုင်ကြား

၂၀၁၉ စက်တင်ဘာ ၁၃

ထိုင်းနိုင်ငံ အနောက်ပိုင်း ကန်ကျနဘူရီပြည်နယ် ထာ့မကာမြို့နယ်ရှိ သစ်သီးဝလံမျိုးစုံစည်သွပ်လုပ်ငန်းပြုလုပ်ကာ ပြည်တွင်းပြည်ပသို့ဖြန့်ချီလျှက်ရှိနေသော နာမည်ကြီးကုမ္ပဏီတစ်ခုမှ ထိုင်းနိုင်ငံသားအလုပ်သမား ၊ မြန်မာနိုင်ငံမှရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၃၀၀ ကျော်၏ရသင့် လစာငွေ ( ဘတ်သန်း ၁၀၀ ) နီးပါး ) များကိုလိမ်လည်၍ မထုတ်ပေးသဖြင့် မှုခင်းပရဟိတကူညီစောင့်ရှောက်ရေးကော်မတီဥက္ကဌ မစ္စတာ အတ်ချလိယ မှဦးဆောင်ကာ စက်တင်ဘာ ၁၂ ရက်နေ့မနက် ၀၉:၀၀ ချိန်တွင် ထာ့မကာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ၊ ရဲမှူးကြီး နတ်ထဝွတ် ကန်တယုတ်ထံ၌ တရားမျှတစွာဖြေရှင်းပေးနိုင်ရန်အမ့ဖွင့်တိုင်ကြားခဲ့သည်ဟုသိရှိရ ။

ထာ့မကာ မြို့နယ်ရဲစခန်းသို့ မြိုတော်ဝန် စုမ်းဆတ် လော့အူဒုမ် ၊ တပ်မတော်သတင်းနှင့်ပြန်ကြားရေး ဗိုလ်မှူးကြီး ဘွန်းယင်း နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှတာဝန်ရှိသူများ ၊ တရားရေးဌာနမှတာဝန်ရှိသူများ ပေါင်း ( ၁၀ ) ဦးတို့သည်အမှုနှင့်ပတ်သက်သည့်အချက်အလက်များအား အလုပ်သမားများနှင့်တွေ့ဆုံ၍ စစ်ဆေးစုံစမ်းမှုများပြုလုပ်ပြီး အလုပ်သမားများအား အားပေးနှစ်သိမ့်ခဲ့ကြသည် ။

အဆိုပါကုမ္ပဏီသည် ထိုင်းနိုင်ငံတွင်တရားဝင် လိုင်စင်မှတ်ပုံတင်ထားပြီးရင်းနှီးမြှုပ်နှံမှုပမာဏငွေမှာ ဘတ်သန်း၄၀၀ ခန့်ရှိပြီးအစုရှယ်ယာဝင်များနှင့်တစ်စုံတစ်ရာပြသနာများပေါ်နေကြောင်းစုံစမ်းသိရှိရသည်ဟုဆိုသည် ။

ယခုလိုအခြေခံလူတန်းစား အလုပ်သမားများအပေါ်ရပိုင်ခွင့်လုပ်အားခနှင့် အလုပ်သမားအခွင့်အရေးများကို ချိုးဖောက်သည့်အတွက် နာမည်ကြီးကုမ္ပဏီအပေါ်ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရန် တရားဥပဒေအရရင်ဆိုင်သွားမှာဖြစ်ပြီး လတ်တလောများစွာသောအလုပ်သမားများ၏ စားဝတ်နေရေးအခက်အခဲများရှိနေခြင်းကြောင့် ဒေသခံမိဘပြည်သူများမှ ဝိုင်းဝန်းကူညီစုပေါင်းကာ ကူညီထောက်ပံ့ပေးနိုင်ကြဘို့လည်း မြို့နယ်မှုခင်းပရဟိတဥက္ကဌ မစ္စတာအတ်ချလိယမှ သတင်းထောက်များမှတဆင့် မေတ္တာရပ်ခံ၍အသိပေးနိုးဆော်ခဲ့ကြောင်းသိရှိရ ။

ကုမ္ပဏီမှအုပ်ချုပ်သူတာဝန်ရှိသူအဆင့်အဆင့် ( သို့ ) ပိုင်ရှင်များမှ အမြန်ဆုံးလာရောက်ဆက်သွယ်ဆွေးနွေးဖြေရှင်းနိုင်ရေးအတွက်သက်ဆိုင်ရာမှ ကြိုးစားဆက်သွယ်လျှက်ရှိနေပြီး လာရောက်ဆက်သွယ်ခြင်းပျက်ကွက်ခဲ့ပါက တရားဥပဒေလမ်းကြောင်းအရ ကုပ္မဏီပိုင်ရှင်များအား ဖမ်းဝရမ်းထုတ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည် ။

Photo Crd

#ข่าวเจาะลึก

သတင်းစည်သူမောင်

error: Content is protected !!