ကွာတားဖိုင်နယ်မှာ အိန္ဒိယ ကစားသမားကိုအနိုင်ယူပြိး ဆီးမီဖိုင်နယ်တက်ရောက်သွားပြီဖြစ်တဲ့ သက်ထားသူဇာ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ Myanmar International Series ကြက်တောင်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာကြက်တောင်မယ် သက်ထားသူဇာဟာ အိန္ဒိယအားကစားမယ်ကို အနိုင်ရပြီးဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ် ။

သက်ထားသူဇာဟာ ကွာတားဖိုင်နယ်တွင် အိန္ဒိယကစားသ မား ဆာမီရာနှင့် တွေ့ဆုံခဲ့ပြီး ပထမပွဲငယ်တွင် (၂၁-၁၃)မှတ်အနိုင်ရရှိပြီး ဒုတိယပွဲငယ်တွင် (၁၃-၂၁)မှတ် ရှုံးနိမ့်ခဲ့သော်လည်းတတိယပွဲငယ်တွင် (၂၁-၁၆)မှတ်ဖြင့် အနိုင်ရခဲ့တာကြောင့် ၂ ပွဲ ၁ ပွဲရလဒ်နဲ့ နောက်တဆင့်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ် ။

သက်ထားသူဇာဟာ ဆီမီးဖိုင်နယ်တွင် ထိုင်း-အင်ဒိုနီးရှားပွဲမှ အနိုင်ရသူနဲ့ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရှိရပါတယ်။

သက်ထားသူဇာက သူ့ရဲ့ Page မှာလည်း

🏸Quater final Result🏸

▪️21 – 13

▪️13 – 21

▪️21- 16

စတဲ့ ရမှတ်တွေနဲ့ 2-1 နဲ့ ပြိုင်ဘက် India ကစားသမားကိုအနိုင်ရရှိခဲ့ပါတယ်။

ဒီနေ့ ညီမပြိုင်တဲ့ Quater Final ပွဲလေးကို ကွင်းထဲထိ လာရောက်အားပေးကြတဲ့ လူကြီးမင်းများ၊ Skynet မှတစ်ဆင့်အားပေးကြသူများ၊ Facebook Live များမှ အားပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မနက်ဖြန် semi final ပွဲစဉ်မှာလည်း အကောင်းဆုံးကြိုးစားသွားပါ့မယ်ရှင့်။” ဆိုပြီး တင်ထားပါသေးတယ်

3 ပွဲ ယှဉ်ပြိုင်ခဲ့ ရာမှ နောက်ဆုံးပွဲစဉ် ကြည့်ရန်

ဒုတိယ ပွဲစဉ် ကြည့်ရန်

ပထမ ပွဲစဉ် ကြည့်ရန်

မြန်မာ့ ဂုဏ်ဆောင် တဲ့ သက်ထားသူဇာကို ဆက်လက် အားပေးကြပါဦးနော်

Photo : Victor

Video : GetRide Myanmar

error: Content is protected !!