ထိုင်းမှာ အလုပ်သွားလုပ်ပြီး လုံးဝ အဆက်အသွယ်မရတော့တဲ့ သားလေးကို နေ့တိုင်းစောင့်မျှော်နေတဲ့ အမေအို

အမေကြီးကိုသနားရင်ဒီပို့လေးကို ပြန်မျှပေးကြပါနော်။အရမ်းသနားဖို့ကောင်းပါတယ် မိခင်ရဲ့သားသမီးအပေါ်မှာထားတဲ့မေတ္တာ ကြီးမားလွန်းပါတယ်

ညနေဈေးရောင်းကပြန်လာရင် ဈေးတောင်းလေးချ သားလေးကိုပဲ မျှော်နေတာ။ဘယ်အချိန်များ တခါးဝကနေ အမေလို့ခေါ်လေမလဲ အမေလို့ခေါ်သံကြားရင် သားလေးလားအမြဲလှည့်ကြည့်မိတယ်။

အမေ့ ဆွေနီးမျိုးစပ်တွေကနေတဆင့် ထိုင်းကို အလုပ်သွားလုပ်တာ သူတို့ကိုသွားမေးတော့ သူတို့လဲမသိဘူးတဲ့ ပထမတစ်နှစ်တော့ သားလေးက ပုံမှန်ဆက်သွယ်တယ်။

အဲနောက်ပိုင်းဘာအဆက်အသွယ်မှမရတော့ဘူး သားလေးဘာတွေများ ဖြစ်နေပီလဲ ရှိကောရှိသေးရဲ့လားမသိဘူး အမေ့ကို ကူညီပေးပါလားသားလေးရယ်

အခုကအင်တာနက်မှ အဲလိုတင်လိုက်ရင် ဝိုင်းကူညီကြတယ် မိသားစုတွေပြန်ဆုံ ကြတယ်လို့သိရတယ် အမေတစ်ယောက်ထဲ ဘယ်ကိုလိုက်လို့လိုက်ရမန်းလဲမသိဘူး

အားကိုးရာမဲ့ အကူအညီတောင်းလာတယ် အမေကြီးရယ် သနားဖို့ကောင်းလိုက်တာ အွန်လိုင်းပေါ်မှာမိတ်ဆွေသူငယ်ချင်းတွေကို အကူအညီတောင်းပီးရှာပေးပါ့မယ်အမေရယ်

အမေကြီးနာမည်က ဒေါ်လှမြင့်တဲ့ သားလေးနာမည်က မောင်အုန်းလှိုင် ၊မကွေးတိုင်း ချောက်မြို့နယ် တွင်းလတ်အုပ်စု

အမေကြီးဖုန်းနံပတ်က 09776843795 ဒီညီလေးသတင်းတွေသိတာကြားတာမြင်တာ ရှိရင်လဲ ကျွန်တော့် စီမှာပြောလာလဲရပါတယ်ခင်မျာ လိုအပ်တဲ့အကူအညီတွေလည်းပြောလာလို့ရပါတယ်

မြန်မာပြည်ကမောင်နှမများနဲ့ထိုင်းကမောင်နှမများ ဝိုင်းရှာပေးကြပါနော် အမေကြီးကိုသနားလို့ပါ သတင်းမကြား ပျောက်သွားတာ ငါးနှစ်လောက် ရှိပီတဲ့ ညီလေးရေမင်းအသက်ရှင်သေးတယ် ဆိုရင်လဲ အမေ့ကိုဆယ်သွယ်ပေးပါနော် အမေကြီးသနားပါတယ်။

သားလေးကျမ်းမာတယ်အသက်ရှင်တယ်သိရရင် ကျေနပ်ပါတယ်တဲ့ အမေအတွက်မပူပါနဲ့ အမေဈေးရောင်းပီးစားပါ့မယ်တဲ့ သားလေးဘာတွေဖြစ်နေလဲ ကျမ်းမာလား မပြောကောင်းမဆိုကောင်း လောကမှာရှိနေသေးလား အမေစိတ်တွေပူလို့ပါတဲ့။

ရင်ထဲမှာ ဘယ်လိုမှမကောင်းဘူးခင်မျာ အမေနှင့် အမေ့သားလေး အမြန်ဆုံစည်းပါစေ။

#Moe Wai Fb

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!