ကံကြမ္မာကို ကြည့်ပေးမယ့် ဗေဒင်ဆရာတောင် အရှုံးပေးခဲ့ရတဲ့ သူဌေးတစ်ဦးရဲ့ စိတ်ထား

တစ်ခါက သူဌေးတစ်ဦးဟာ ခြံတစ်ခြံဝယ်လိုက်တယ် ။ ခြံထဲက အိမ်ကို ပြင်လိုက်တယ် ။

ခြံနောက်မှာတော့ နှစ်ချို့သစ်သီးပင်တွေ ရှိတယ်။ ဒီအိမ်ကို ဝယ်ရတဲ့ အကြောင်းရင်းက အဲဒီ သစ်သီးပင်တွေကြောင့်ပါပဲ ။ အဲဒီအသီးတွေကို သူဌေးကတော်ကြိုက်နှစ်သက်လို့ပါ ။

အိမ်ပြင်နေချိန်အတွင်းမှာ မိတ်ဆွေတစ်ချို့က ဗေဒင်ဆရာခေါ်ပြီး ကံကြမ္မာကိုကြည့်ဖို့ သူဌေးကို အကြံပေးကြတယ်။ သူဌေးက ဒါတွေကို အယုံကြည်ရှိသူ မဟုတ်ပေမဲ့လဲမိတ်ဆွေတွေ အကြံပေးတော့ ဗေဒင်ဆရာ ခေါ်ဖို့ စဉ်းစားလိုက်တယ် ။

ဗေဒင်ဆရာက နာမည်ကြီးတစ်ဦးပါ ။ ဆရာ့ကို အဝေးကြီးကနေ ပင့်ဖိတ်ပြီး ဘူတာမှာ သူဌေးကိုယ်တိုင် သွားကြိုခဲ့ပါတယ် ဆရာ့ကိုခေါ်ပြီး အိမ်ကိုပြန်ရာလမ်းမှာ သူဌေးဟာ သူ့ကားကို ကျော်ဖို့ကြိုးစားတဲ့ ကားတိုင်းကို လမ်းဖယ်ပေးနေခဲ့တယ် ။ ဒါကို ဗေဒင်ဆရာက တွေ့တော့ “ခင်ဗျား ကားမောင်းတာ တော်တော်တည်ငြိမ်တာပဲ”လို့ဆိုတယ် ။

သူဌေးက”ကားကျော်ဖို့ ကြိုးစားသူတိုင်းဟာ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ရှိလို့နေမှာပါ သူတို့ သွားလိုရာလမ်းမှာ အချိန်နှောင့်နှေးလို့မဖြစ်ဘူး” လို့ ရယ်ပြီးပြောပါတယ် ။

အိမ်နားရောက်ခါနီး လမ်းကျဉ်းတစ်ခုမှာ သူဌေးက ကားအရှိန်ကို လျော့လိုက်တယ် ။ ကလေးငယ် တစ်ယောက် လမ်းကြားကနေ ပြူံးပြုံးရွှင်ရွှင်ထွက်ပြေးလာတယ်။ သူဌေးက ကားဘရိတ်အုပ် ပြီး လမ်းဘေးချထားလိုက်တယ် ။ ကလေးငယ်ဖြတ်ကျော်သွားပေမယ့် သူဟာ ကားဆက်မမောင်းဘဲ ဘရိတ်ကိုနင်းပြီး လမ်းကြားဘက် ကြည့်နေတုန်းပါ ။တစ်ခုခုကို စောင့်နေသလိုပါပဲ … …

ခဏနေတော့ ကလေးငယ်နောက်တစ်ယောက် ပျော်ပျော်ရွှင်ရွှင်ထွက်ပြေးလာပြန်ပါတယ် ။ ရှေ့ကပြေးသွားတဲ့ ကလေးငယ်နောက် လိုက်ပြေးသွားပါတယ် ။

ဒါကို ဗေဒင်ဆရာက …

“နောက်မှာ ကလေးတစ်ယောက်ရှိနေသေးတယ် ဆိုတာ ခင်ဗျားဘယ်လိုသိလဲ” လို့မေးပါတယ်။

သူဌေးက “ကလေးဆိုတာ တစ်ယောက်ကို တစ်ယောက်ပြေးလိုက် ပြေးလိုက် ဆော့ကစား ကြတယ်။ သူတစ်ယောက်ထဲနဲ့တော့ အဲ့လောက်ပြုံးပြုံးရွှင်ရွှင် ပြေးလွှားနေမှာ မဟုတ်လို့ပါ”
လို့ ဆိုတယ် ။

အိမ်ကိုပြန်ရောက်တော့ သူဌေးက ကားပေါ်က ဆင်းပြီး ခြံတံခါးဖွင့်ဖို့ သော့ထုတ်တော့ အိမ်နောက် ခြံထဲမှာ ငှက်တချို့ ရုတ်တရက် ထပျံသွားတာကို တွေ့လိုက်တယ် ။ သူဌေးက ခြံတံခါး မဖွင့်သေးပဲ အားနာတဲ့ပုံစံနဲ့ “ဆရာ ခဏလောက် စောင့်ပါနော်” လို့ ဆိုတယ် ။။

ဘာကြောင့်လဲလို့ ဆရာကမေးတော့ သူဌေးက “အိမ်နောက်ခြံထဲမှာ ကလေးတွေ သစ်သီးဝင်ခိုး နေတယ် ထင်တယ်။ကျွန်တော်တို့ ခုချိန်ဝင်သွားရင် ကလေးတွေလန့်ပြီး သစ်ပင်ပေါ်က ပြုတ်ကျ ရင် ခြေလက်တွေ ကျိုးမှာစိုးတယ် ။ သူတို့ကို ပေးခူးလိုက်မယ်… ကျွန်တော်တို့ ခြံပြင်ဘက်ကိုအရင်ပတ်ကြည့်ကြတာပေါ့” လို့ဆိုတယ် ။

သူဌေးရဲ့ပြောစကားကိုကြားတော့ ဆရာက… တချက်စဉ်းစားလိုက်ပြီး “ကျွန်တော့်ကို ဘူတာပဲ ပြန်ပို့လိုက်ပါ ။ဒီအိမ်သားတွေရဲ့ ကံကြမ္မာကို ကျွန်တော် မကြည့်တော့ပါဘူး” လို့ပြောတယ်။

သူဌေးက တအံ့တသြနဲ့ ဘာဖြစ်လို့လဲ မေးတော့ ဆရာက … … “ဟုတ်ပါတယ် ..ခင်ဗျားသာရှိရင် ခင်ဗျားရှိတဲ့ အရပ်က တကယ်ကောင်းတဲ့နေရာမို့ပါ” လို့ ရှင်းပြတယ် ။။။

💕💕 လူရဲ့အပြုအမူဟာ ကံတရားဖြစ်ပါတယ်။ အပြုအမူ လုပ်ရပ်ကောင်းတယ် , ကြင်နာတတ် တယ်, ကိုယ်ချင်းစာတရား လက်ကိုင်ထားရင် သူဘယ်ရောက်ရောက် သူရောက်တဲ့အရပ်ဟာ ကံကောင်းတဲ့ အရပ်ဖြစ်တယ်

ဆန့်ကျင်ဘက်အနေနဲ့ အကျင့်စရိုက် မကောင်းသူ ကိုယ်ချင်းစားတရား ကင်းမဲ့သူ တွေဟာ ဘယ်လိုပဲ ကြိုးစားရုန်းကန်လည်း အကျိုးမဖြစ်ထွန်းကြပါဘူး ။။။

💝 ကိုယ်ကိုယ်တိုင်ဟာ အရာအားလုံးရဲ့ ရင်းမြစ်ဖြစ်ပါတယ်

Card : သုတစုံလင်

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!