“မိဘမဲ့ကျောင်းက လမ်း‌ပျောက်‌‌နေတဲ့ အနာဂါတ်‌ကြယ်‌ပွင့်‌‌တွေရဲ့ ရာဇဝင်‌”

သူတို့‌မောင်‌နှမ နှစ်‌‌ယောက်‌ကို မိဘမဲ့‌ကျောင်းတစ်‌ခုမှာ ကျ‌နော်‌စ‌တွေ့ ခဲ့တာဗျ။ကျန်းမာ‌ရေးအမြဲချူချာလို့ ‌ကျောင်းကတာဝန်‌မယူနိုင်‌ ရွာပြန်‌ပို့ခံရတဲ့အထိ သူတို့ ကံဆိုးခဲ့ကြတယ်‌..

‌တောင်‌ကြီးက‌လေး‌ဆေးရုံမှာ ‌နှစ်‌‌ယောက်‌စလုံးကို ကျ‌နော်‌ပို့‌ဆောင်‌ အသည်းအသန်း‌ဆေးကုသမှု ခံယူ‌စေပြီး.လက်‌မခံတဲ့ မိဘမဲ့‌ကျောင်းက‌နေ သူတို့ရွာပြန်‌ခဲ့ကြရတယ်‌..

သူတို့နဲ့ ကျ‌နော်‌အဆက်‌အသွယ်‌အ‌တော်‌ကြာကြာပြတ်‌သွားပြီး ‌ကျောင်းဖွင့်‌ရာသီမှာကျောင်းအပ်‌နိုင်‌ဖို့ သူတို့ကို ရှာ‌ဖွေခဲ့တယ်‌ ‌အဆင်‌မ‌ပြေတဲ့ မိသားစု အ‌ဖေက‌နောက်‌အိမ်‌‌ထောင်‌ ‌ ဒီက‌လေးနှစ်‌‌ယောက်‌ကို ကျ‌နော့်‌ကို ‌ခေါ်သွားဖို့ ‌မွေးစားဖို့ ကျ‌နော့်‌ကို သူတို့အ‌ဖေက အတင်း‌ပေး‌နေခဲ့တာ..

ကျ‌နော်‌ကလည်း ‌နေရာအတည်‌တကျမရှိ‌သေး အမြဲတမ်း‌လျှေက်‌သွား‌နေရတဲ့သူမို့ သူတို့ကို ကျ‌နော်‌‌ခေါ်သွားဖို့ငြင်းဆိုခဲ့ပါတယ်‌. .

ဒါ‌ပေမဲ့ . .‌သူတို့ကို အ‌ဖေရှိတဲ့အိမ်‌မှာပဲ‌နေ‌စေပြီး ကျောင်းစရိတ်‌ သူတို့ ‌စားဝတ်‌‌နေ‌ရေးက အစ ကျ‌နော်‌တာဝန်‌ယူ‌ကြောင်း‌ပြောဆိုခဲ့တယ်‌..ကျောင်းကို နှစ်‌‌ယောက်‌စလုံး ပုံမှန်‌လွှတ်‌‌ပေးဖို့ ‌ဆေးပုံမှန်‌တိုက်‌ဖို့ အတန်‌တန်‌မှာကြားခဲ့‌ပေမယ့်‌…

(အရင်‌မိဘမဲ့‌ကျောင်းမှာ‌နေပြီး ‌ဆေရုံတက်‌ခဲ့ရစဉ်‌က)

ဒီ‌နေ့‌ ကျ‌နော်‌ သူတို့ဆီ‌ရောက်‌‌တော့. .မောင်‌နှမ နှစ်‌‌ယောက်‌စလုံး ဖိနပ်‌မပါ ‌ကျောင်းပုံမှန်‌မတက်‌ ‌ရေမိုးမချိုး ညိုးငယ်‌‌နေတဲ့ သူတို့မျက်‌နှာ‌တွေကို‌တွေ့ ရ‌တော့ ရင်‌နင့်‌မိပါရဲ့ . .

(အဟာရချို့တဲ့လို့ ဆေးရုံပို့ရ)

‌ရေချိုး‌ပေး ပါလာတဲ့ ဖိနပ်‌‌တွေစီး‌ပေး ‌ကျောင်းဝတ်‌စုံ‌တွေ ဝတ်‌‌ပေးပြီး တာဝန်‌ရှိဆရာမ ‌တွေဆီ အ‌ရောက်‌အပ်‌ခဲ့တယ်‌..

သူတို့လိုပဲ ခက်‌ခက်‌ခဲခဲရုန်းကန်‌ရင်း လမ်း‌ပျောက်‌‌နေ‌တဲ့ က‌လေးငယ်‌ဘယ်‌‌လောက်‌များရှိ‌နေအူးမလဲ။ကျ‌နော်‌ အဆင်‌‌ပြေတဲ့တစ်‌‌နေ့ ‌နေရာအတည်‌တကျရှိတဲ့‌နေ့ သူတို့ကို ကျ‌နော့်‌အနား‌ခေါ်ထားပြီး ပညာ‌ကောင်း‌ကောင်းဆက်‌သင်‌‌စေရမယ်‌..လော‌လောဆယ်‌‌တော့ အ‌ဝေးက‌နေပဲ ဆု‌တောင်း တက်‌နိုင်‌သမျှကူ‌နေရုံသာ…

Sai Lu Khay

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!