“မြန်မာ-အိန္ဒိယ(၂)နိုင်ငံယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေး အစီအစဉ်အရ အနုပညာရှင်များ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကျင်းပ”

မြန်မာ-အိန္ဒိယ(၂)နိုင်ငံယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေးအစီအစဉ်စစ်ကိုင်းတိုင်းနှင့်မ ဏိပူရ်အနုပညာရှင်များဌာနဆိုင်ရာဘောလုံးဝါသနာရှင်များ၏ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲမုံရွာမြို့တွင်ကျင်းပ

မြန်မာ-အိန္ဒိယ(၂)နိုင်ငံယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေးအစီအစဉ်အရစစ်ကိုင်းတိုင်းအနုပညာရှင်များဌာနဆိုင်ရာဘောလုံးဝါသနာရှင်များအသင်းနှင့် အိန္ဒိယနိုင်ငံမဏိပူရ်ပြည်နယ် အနုပညာရှင်များဌာနဆိုင်ရာဘောလုံးဝါသနာရှင်များပါဝင်သောMamiThawan Football Team Of Manipurအသင်းတို့၏ဘောလုံးပြိုင်ပွဲကိုစက်တင်ဘာလ(၁၅)ရက်ညနေပိုင်းကမုံရွာပြည်သူ့အားကစားကွင်းတွင်ကျင်းပသည်။

ဘောလုံးပွဲမစခင်စစ်ကိုင်းတိုင်းအစိုးရဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် အိန္ဒိယနိုင်ငံမဏိပူရ်ပြည်နယ်Mr.R.K.Shiva Chandra;Convener;Acteast PolicyCommitte;Government Of Manipurနှင့်တာဝန်ရှိသူများက(၂)နိုင်ငံအားကစားသမားများကိုလိုက်လံနှုတ်ဆက်သည်။ဆက်လက်၍(၂)နိုင်ငံကစားသမားများကိုမုံရွာသူနာပြုတက္ကသိုလ်ကျောင်းသူများကအမှတ်တရပန်းစည်းများပေးအပ်ကာ(၂)နိုင်ငံဘောလုံးအားကစားသမားများကတစ်ဦးချင်းမိတ်ဆက်ပြီးချစ်ကြည်ရေးဘောလုံးပွဲစတင်ယှဉ်ပြိုင်သည်။

“ဒီနေ့ဟာမြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ရဲ့ခိုင်မာတဲ့ချစ်ကြည်ရေးကို ပိုမိုခိုင်မြဲအောင်အားသစ်လောင်းတဲ့နေ့ဖြစ်ပါတယ်။အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ် အောင်ဆန်းဦးဆောင်ပြီး မြန်မာ့လွတ်လပ်ရေးကြိုးပမ်းတဲ့ကာလကတည်းက မြန်မာ-အိန္ဒိယ(၂)နိုင်ငံခေါင်းဆောင်တွေဟာအလွန်ရင်းနှီးခဲ့ပြီး အပြန်အလှန်ရိုင်းပင်းကူညီမှုနဲ့(၂)နိုင်ငံလွတ်လပ်ရေးရဖို့အတွက် ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြတဲ့အပြင်(၂)နိုင်ငံပြည်သူတွေဟာလည်းရှည်လျားခိုင်မာတဲ့ ချစ်ကြည်ရေးကို တည်ဆောက်နိုင်ခဲ့ကြပြီးအိမ်နီးချင်းကောင်းပီသစွာနဲ့ဒီနေ့အထိအတူယှဉ်တွဲနေထိုင်လာကြတာအားလုံးအသိပဲဖြစ်ပါတယ်´´ဟုဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကပြောသည်။

စစ်ကိုင်းတိုင်းအစိုးရအနေဖြင့်ရှည်လျားခိုင်မာသည့် မြန်မာ-အိန္ဒိယ(၂)နိုင်ငံချစ်ကြည်ရေးကိုရေရှည်တည်တန့်ခိုင်မြဲရန်နှင့် (၂)နိုင်ငံပြည်သူများ၏လူမှုဘဝများဖွံ့ဖြိုးတိုးတက်စေရန် မဏိပူရ်အစိုးရနှင့်ပူးပေါင်းပြီး လူမှုရေး စီးပွားရေး လမ်းပန်းဆက်သွယ်ရေး အားကစားကဏ္ဍ ခရီးသွားကဏ္ဍစသည်များတွင် ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်နေကြောင်းသိရသည်။

“ချစ်ကြည်ရင်းနှီးမှုကိုလူငယ်တွေဆီလက်ဆင့်ကမ်းနိုင်ဖို့အတွက် (၂)နိုင်ငံအားကစားကဏ္ဍယဉ်ကျေးမှုအနုပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ယခုလို(၂)နိုင်ငံချစ်ကြည်ရေးဘောလုံးပွဲကိုစီစဉ်ကျင်းပရတာဖြစ်ပါတယ်´´ဟုစစ်ကိုင်းတိုင်းအားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးဦးသန်းအောင်ကပြောသည်။စစ်ကိုင်းတိုင်းနှင့်မဏိပူရ်ပြည်နယ်အားကစားအဖွဲ့တို့၏ဘောလုံးပြိုင်ပွဲသည်စတုတ္ထအကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ်ပြိုင်ပွဲကို ၂၀၁၈ခုဇန်နဝါရီ(၂၇)ရက်ကမန္တလေးမြို့တွင်လည်းကောင်း ဒုတိယအကြိမ်ကို ၂၀၁၈ခုနိုဝင်ဘာလ(၂၆)ရက်ကမဏိပူရ်ပြည်နယ်အင်ဖာမြို့တွင်လည်းကောင်း တတိယအကြိမ်ကို ၂၀၁၉ခုဖေဖော်ဝါရီလ(၃)ရက်ကစစ်ကိုင်းတိုင်းမုံရွာမြို့တွင်လည်းကောင်းကျင်းပခဲ့ကြောင်းသိရသည်။

ကိုကြီး

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!