“ဖြိုးပြည့်စုံ ထိုင်းက၀ယ်လာတဲ့ ဆေးပြားဆိုတာ သကြားလုံးတွေပါ” လို့ ပြောလိုက်တဲ့ အိမ့်ချစ်

မနေ့က အောက်တိုဘာလ (၇) ရက်နေ့က အဆိုတော် ဖြိုးပြည့်စုံ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတဲ့ သတင်းနဲ့ ပက်သတ်ပြီး တစ်နိုင်ငံလုံး ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဖြိုးပြည့်စုံအတွက် စိတ်မကောင်းကြသလို အနုပညာရှင်အသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမတွေကလည်း အမှန်တရားတစ်ခု ထွက်ပေါ်လာဖို့ ဝိုင်းဝန်းကြိုးစားနေကြတာ ဖြစ်ပါတယ်။

နိုင်ငံကျော် အဆိုတော် အိမ့်ချစ်ကလည်း ဖြိုးပြည့်စုံအတွက် စိတ်မကောင်းခြင်းများစွာ ဖြစ်နေခဲ့တာကို တွေ့ရပါတယ်။ ဒီနေ့မှာတော့ အိမ့်ချစ်က ဖြိုးပြည့်စုံဆီမှာ တွေ့ရှိရတဲ့ ထိုင်းနိုင်ငံက ဝယ်လာတဲ့ ဆေးပြားနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောပြလာပါတယ်။

“Playmore ဆိုတာထိုင်းက 7/11 တွေမှာတောင် ဝယ်လို့ရတဲ့ပူရှိန်းသကြားလုံးပါ။ တော်တော်များများလည်း သိကြပါတယ်။ Google မှာရှာလိုက်ရင်တောင် သိနိုင်ပါတယ်။ စားတဲ့သူများလို့ online shopping တွေမှာတောင် ရောင်းတဲ့သကြားလုံးလေးတွေပါ။”

‘ဝဋ်ကြွေးပါလို့ဆပ်ရတဲ့သဘောပါ။ အချိန်တန်တော့ အရာအားလုံးဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဘာသာရေးလုပ်တဲ့သူမို့ ဒီဘဝဒီခန္ဓာနဲ့ ဝဋ်ဆပ်ရတယ်ပဲသဘောထားပါ ကိုကြီးရေ…က်ုကြီးဘယ်လောက်လိမ္မာလဲ ညီမလေးတို့အသိဆုံးပါ။အမှန်အတိုင်းဖြစ်လာဖို့တော့ ဆုတောင်းပေးနေပါတယ် ကိုကြီးရေ 🙏🏼” ဆိုပြီး သူမရဲ့ စီနီယာအစ်ကိုကြီး ဖြိုးပြည့်စုံအတွက် ဆုတောင်းပေးထားပါတယ်။

အနုပညာရှင်တွေကတော့ ဖြိုးပြည့်စုံအတွက် အမှန်တရားတစ်ခုကို ရရှိဖို့ ကြိုးစားဆုတောင်းပေးနေကြတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : Eaint Chit

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!